အကြွေးဆပ်ချင်လို့ ကျောက်ကပ်ရောင်းချင်တယ်ဆိုပြီး ကြော်ငြာခဲ့တဲ့အမျိုးသား

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦးဟာ သူ၏ကလေးငယ်နှစ်ယောက်နဲ့အတူ ကားနောက်ဖုံးဖက်မှာထိုင်နေပြီး လက်ကိုင်ပိုစတာလေးကို ကိုင်ထားခဲ့ပါတယ် ။အနီးကပ်ကြည့်ရှုလိုက်မယ်ဆိုရင်တော့ ၎င်းပိုစတာပေါ်မှာ ‘ကျွန်တော့်ရဲ့ကျောက်ကပ်လှူဒါန်းချင်လို့ပါ ၊ သွေးအမျိုးအစားက Bသွေးပါ ‘အောက်ဖက်ပိုင်းမှာတော့ ၎င်းအမျိုးသားကိုဆက်သွယ်လို့ရမယ် ဖုန်းနံပါတ်တွေပါရှိပါတယ် ။အဆိုပါဓာတ်ပုံကို Facebook စာမျက်နှာပေါ်တွင် ပြန်လည်ဝေမျှသူပေါင်းများစွာရရှိခဲ့ပြီး လူအများစုရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ပါတယ် ။ ၎င်းအမျိုးသား၏ စာသားကြောင့်လူအများစုဟာ နားမလည်နိုင်အောင်ဖြစ်ခဲ့ကြပါတယ် ။ အဘယ်ကြောင့်ဆိုသော် အမှန်တကယ်ကျောက်ကပ်လှူဒါန်းချင်လျှင် ကိုယ်လက်အဂါင်္လှူဒါန်းသည့်အဖွဲ့အစည်းတွင်အမည်စာရင်းသွင်းပြီး သင့်လျော်သည့်လက်ခံရရှိမည့်သူနှင့်ကြုံတွေ့လျှင် ဆေးရုံမှဆက်သွယ်အကြောင်းကြားမည်ဖြစ်သောကြောင့် လူအများစုက နားမလည်နိုင်အောင်ဖြစ်နေကြခြင်းဖြစ်ပါတယ် ။

အဆိုပါအမျိုးသား၏ပြန်လည်ဖြေရှင်ချက်မှာတော့ ငွေရေးကြေးရေးအခက်အခဲနှင့်ရင်ဆိုင်နေရ၍ သူ၏ကျောက်ကပ်ကိုရောင်းချချင်ခဲ့ခြင်းဖြစ်ကြောင်း ၊ လှူဒါန်းချင်သည်ဟု ရေးသားထားရသည့်အကြောင်းက အခြားသောသူများက သူ၏ကလေးငယ်များကိုရောင်းချနေသည်ဟု အထင်အမြင်လွဲသွားမှာဆိုး၍ ၎င်းကဲ့သို့ရေးသားထားခြင်းဖြစ်ပြီး ၊ လူများကအနီးကပ်လာရောက်မေးမြန်းခဲ့တဲ့အချိန်မှာတော့ သူ၏အကြောင်းရင်းအမှန်ကို ပြောပြခဲ့ကြောင်း ဖြေရှင်းထားပါတယ် ။အဆိုပါ အသက် 31နှစ်အရွယ်အမျိုးသားဟာ 2012ခုနှစ်ကတည်းက သူ၏ကိုယ်အဂါင်္ကိုလှူဒါန်းရန်အတွက် အမည်စာရင်းသွင်းခဲ့ပြီးပါပြီ ။သို့ပေမယ့်လည်း သူ၏အကြွေးများဟာများလွန်းတဲ့အတွက် ရွေးချယ်စရာမရှိ၍ ကျောက်ကပ်ရောင်းချချင်ခဲ့ခြင်းဖြစ်ပါတယ် ။ပြီးခဲ့သော 2လခန့်က ၎င်းအမျိုးသားဟာ ငွေတို့ချေးစားသူများထံမှ RM 3,000 (မြန်မာငွေ 10သိန်းကျော်)
ချေးငှါးခဲ့ပြီး သူ၏အိမ်အနီးတွင်ကြက်ကြော်ဆိုင်ဖွင့်ရန်ကြိုးစားခဲ့ပါတယ် ။

လက်ရှိမှာတော့ ၎င်းအမျိုးသားဟာနေ့စဉ် အတိုးချေးစားသူကို RM36 (မြန်မာငွေ 13000 ဝန်းကျင်) အတိုးဆပ်နေရပြီး ၊ ဆိုင်၏တစ်ရက်သာဝင်ငွေမှာတော့ RM 50 ကနေ RM 60 (မြန်မာငွေ 2သောင်းဝန်းကျင်) သာရှိ၍ အခွန်များ ၊ အိမ်ငှါးရမ်းခများ ၊ မိသားစုထောက်ပံ့ကြေးအတွက် ပိုက်ဆံအလုံအလောက်မရှိတော့၍ဖြစ်ကြောင်း ၊ ယခုလက်ရှိမောင်းနှင်နေသောကားမှာလည်း ယောက္ခထီးဖြစ်သူ၏ကားဖြစ်ကြောင်း သိရှိရပါတယ် ။ယခင်ကတော့ အစိုးရဆီမှထောက်ပံ့ကြေးရရှိခဲ့ပေမဲ့လည်း ၎င်းအမျိုးသားမှာ မှတ်ပုံတင် 3ကြိမ်မြောက် ပျောက်သွားတဲ့အခါမှာတော့ နောက်ထပ်ထောက်ပံ့ကြေးမျိုး မရရှိတော့ပါဘူး ။ မှတ်ပုံတင်ထပ်လျှောက်ရန်အတွက် ဒဏ်ငွေ RM 1,000 ကိုလည်းမတတ်နိုင်၍ဖြစ်ကြောင်း ၊ သူ၏မိသားစုထံမှပိုက်ဆံချေးငှါးခြင်းမှာ ကျောက်ကပ်ရောင်းချခြင်းထက်ပို၍ ရှက်မိကြောင်း ပြောပြခဲ့ပါတယ် ။

သူ၏ကျောက်ကပ်ကို ဈေးနှုန်းမည်မျှနှင့်ရောင်ချမလဲဟုမေးတဲ့ချိန်မှာတော့ သူ၏အကြွေးများအားလုံးကာမိရင်ရပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ် ။သို့ပေမဲ့လည်းသူ၏ အကြွေးကိစ္စများပြီးပြတ်သွားသည့်အချိန်ရောက်လျှင်လည်း နဂိုမူလအစီအစဉ်အတိုင်း သူ၏ကိုယ်အဂါင်္များကိုလှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အကြွေးဆပ်ချင်လို့ ကျောက်ကပ်ရောင်းချင်တယ်ဆိုပြီး ကြော်ငြာခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*