အတန္းေဖာ္တစ္ေယာက္ကို ဝိုင္းၿပီးအႏိုင္က်င့္ၾကလို႔ ေက်ာင္းသားတစ္ခန္းလံုး အဖမ္းခံခဲ့ရတဲ့ (႐ုပ္သံ)

အႏိုင္က်င့္တဲ့လုပ္ရပ္ေတြက ဆယ္ေက်ာ္သက္ေက်ာင္းသားေတြမွာ အျဖစ္မ်ားေလ့႐ွိၾကပါတယ္ ။ အႏိုင္က်င့္ခံခဲ့ရတဲ့ သူေတြက စိတ္ေရာ ၊ ကိုယ္ပါ နာက်င္ခံစားမႈေတြရ႐ွိခဲ့ၾကေပမဲ့လည္း အဆိုပါလုပ္ရပ္မ်ိဳးလုပ္ခဲ့ၾကတဲ့ အႏိုင္က်င့္သူေတြကေတာ့ အသက္အရြယ္ႀကီးတဲ့အထိ ၎တို႔ရဲ႕လုပ္ရပ္ဟာ မွားယြင္းမွန္းမသိသလို ၊ ေနာင္တရတာမ်ိဳးလည္းမ႐ွိဘဲ ဘာသိဘာသာ ေနေလ့႐ွိၾကပါတယ္ ။ မေလး႐ွားႏိုင္ငံ ၊ Pasir Mas ၿမိဳ႕မွာ႐ွိတဲ့ ေက်ာင္းတစ္ေက်ာင္းမွာဆိုရင္ ေက်ာင္းသားတစ္ေယာက္ဟာ သူရဲ႕အတန္းေဖာ္တစ္ေယာက္ကို အႏိုင္က်င့္႐ိုက္ႏွက္ေနတဲ့ video ကို We are Malaysia ဆိုတဲ့ Facebook စာမ်က္ႏွာက ျပန္လည္ေဝမ်ွေပးခဲ့ပါတယ္ ။

Video ထဲမွာေတာ့ ေက်ာင္းသားတစ္ေယာက္ဟာ တစ္ကယ့္ Hero တစ္ေယာက္လိုပံုစံနဲ႔ အတန္းေဖာ္ေကာင္ေလးတစ္ေယာက္ကို အားရပါးရ႐ိုက္ႏွက္ေနခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ကိုျမင္ေတြ႔ခဲ့ၾကတဲ့ အျခားအတန္းေဖာ္သူငယ္ခ်င္းေတြက ဝင္ေရာက္ကူညီျခင္းမ႐ွိသလို ႐ိုက္ႏွက္ႏွိပ္စက္ခံေနရတဲ့ေကာင္ေလးကို ဝမ္းသာအားရၾကည့္ေနခဲ့ၾကတဲ့အျပင္ ၊ video ထဲမွာ ေနာက္ေျပာင္ေနတဲ့႐ုပ္ေတြ ၊ ဟာသေတြလုပ္ၿပီး အားေပးအားေျမာက္ျပဳမႈခဲ့ပါတယ္ ။ ရိုက္ႏွက္ခံေနရတဲ့ေကာင္ေလးက ျပန္လည္တုန္႔ျပန္ျခင္းမ႐ွိသလို အဆိုပါေနရာကေနလြတ္ေျမာက္ႏိုင္ဖို႔ တံခါးေပါက္အနားသို႔ေရြ႔သြားခဲ့ေပမဲ့လည္း အျခားအတန္းေဖာ္ေတြက ကူညီျခင္းမ႐ွိတဲ့အျပင္ မထြက္ေျပးႏိုင္ေအာင္ တံခါးေပါက္ကိုပိတ္ပစ္ခဲ့ပါေသးတယ္ ။

We are Malaysia ဆိုတဲ့ Facebook စာမ်က္ႏွာက အဆိုပါ video ကိုေဝမ်ွေပးၿပီးေနာက္မွာေတာ့ ၾကည့္႐ႈသူအေတာ္မ်ားျပားခဲ့ၿပီး ၊ အႏိုင္က်င့္ခဲ့ၾကတဲ့ေက်ာင္းသားတစ္ခန္းလံုးကိုလည္း တာဝန္႐ွိသူမ်ားက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကပါတာ္ ။ ထို႔ေၾကာင့္ တစ္ပါးသူကိုအႏိုင္က်င့္ ၊ ဒုကၡေရာက္သူကို ရယ္ေမာေလာင္ေျပာင္ၾကတဲ့ အဆိုပါေက်ာင္းသားေလးေတြလည္း ေနာင္တရၿပီး အမွားကိုအမွန္ျပန္ျပင္ႏိုင္မယ္လို႔လည္း ေမ်ွာ္လင့္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အနိုင်ကျင့်တဲ့လုပ်ရပ်တွေက ဆယ်ကျော်သက်ကျောင်းသားတွေမှာ အဖြစ်များလေ့ရှိကြပါတယ် ။ အနိုင်ကျင့်ခံခဲ့ရတဲ့ သူတွေက စိတ်ရော ၊ ကိုယ်ပါ နာကျင်ခံစားမှုတွေရရှိခဲ့ကြပေမဲ့လည်း အဆိုပါလုပ်ရပ်မျိုးလုပ်ခဲ့ကြတဲ့ အနိုင်ကျင့်သူတွေကတော့ အသက်အရွယ်ကြီးတဲ့အထိ ၎င်းတို့ရဲ့လုပ်ရပ်ဟာ မှားယွင်းမှန်းမသိသလို ၊ နောင်တရတာမျိုးလည်းမရှိဘဲ ဘာသိဘာသာ နေလေ့ရှိကြပါတယ် ။ မလေးရှားနိုင်ငံ ၊ Pasir Mas မြို့မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသားတစ်ယောက်ဟာ သူရဲ့အတန်းဖော်တစ်ယောက်ကို အနိုင်ကျင့်ရိုက်နှက်နေတဲ့ video ကို We are Malaysia ဆိုတဲ့ Facebook စာမျက်နှာက ပြန်လည်ဝေမျှပေးခဲ့ပါတယ် ။

Video ထဲမှာတော့ ကျောင်းသားတစ်ယောက်ဟာ တစ်ကယ့် Hero တစ်ယောက်လိုပုံစံနဲ့ အတန်းဖော်ကောင်လေးတစ်ယောက်ကို အားရပါးရရိုက်နှက်နေခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ကိုမြင်တွေ့ခဲ့ကြတဲ့ အခြားအတန်းဖော်သူငယ်ချင်းတွေက ဝင်ရောက်ကူညီခြင်းမရှိသလို ရိုက်နှက်နှိပ်စက်ခံနေရတဲ့ကောင်လေးကို ဝမ်းသာအားရကြည့်နေခဲ့ကြတဲ့အပြင် ၊ video ထဲမှာ နောက်ပြောင်နေတဲ့ရုပ်တွေ ၊ ဟာသတွေလုပ်ပြီး အားပေးအားမြောက်ပြုမှုခဲ့ပါတယ် ။ ရိုက်နှက်ခံနေရတဲ့ကောင်လေးက ပြန်လည်တုန့်ပြန်ခြင်းမရှိသလို အဆိုပါနေရာကနေလွတ်မြောက်နိုင်ဖို့ တံခါးပေါက်အနားသို့ရွေ့သွားခဲ့ပေမဲ့လည်း အခြားအတန်းဖော်တွေက ကူညီခြင်းမရှိတဲ့အပြင် မထွက်ပြေးနိုင်အောင် တံခါးပေါက်ကိုပိတ်ပစ်ခဲ့ပါသေးတယ် ။

We are Malaysia ဆိုတဲ့ Facebook စာမျက်နှာက အဆိုပါ video ကိုဝေမျှပေးပြီးနောက်မှာတော့ ကြည့်ရှုသူအတော်များပြားခဲ့ပြီး ၊ အနိုင်ကျင့်ခဲ့ကြတဲ့ကျောင်းသားတစ်ခန်းလုံးကိုလည်း တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတာ် ။ ထို့ကြောင့် တစ်ပါးသူကိုအနိုင်ကျင့် ၊ ဒုက္ခရောက်သူကို ရယ်မောလောင်ပြောင်ကြတဲ့ အဆိုပါကျောင်းသားလေးတွေလည်း နောင်တရပြီး အမှားကိုအမှန်ပြန်ပြင်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment