အခုချိန်ထိ လင်းနို့သားရောင်းချနေပြီး ရောင်းအားသွက်နေသေးတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လင်နိုးတွေဟာ ရောဂါပိုးတွေအလွန်များတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့အပြင် ယခုလက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်နို့ကနေစပြီး ကူးစက်ခဲ့တာလို့လည်း ပညာရှင်တွေက ထောက်ပြခဲ့လို့ပါပဲ ။ ထို့ကြောင့် လူအများကလင်းနို့သားတွေစားသောက်ခြင်းကို အတော်များများကရပ်တန့်ခဲ့ကြပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံ မှာတော့ လင်းနို့သားဟာ အခုချိန်ထိ လူအတော်များများက စားသောက်နေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ Paniki ဆိုတဲ့ရိုးရာဟင်းလျာကို လင်နို့တစ်ကောင်လုံးနဲ့ထည့်ချက်လေ့ရှိပါတယ် ။ ထို့အပြင် လင်နို့သားအမြဲရောင်းချနေတဲ့ Stenly Timbuleng အမည်ရှိတဲ့အမျိုးသားရဲ့ပြောပြချက်အရ အင်ဒိုနီးရှားမှာရှိတဲ့လင်းနို့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုကူးစက်တာမျိုးမရှိတဲ့အပြင် ၊ လူတွေကအတော်ဝယ်ယူလို့ အမြဲ ကုန်အောင်ရောင်းရလေ့ရှိကြောင်း နှင့် တစ်ရက်ကို အကောင် 50-60 ရောင်းရတဲ့အပြင် ရာသီပွဲအချိန်ကာလတွေမှာဆိုရင် တစ်ရက်ကို အကောင် 600 ခန့် ရောင်းရလေ့ရှိကြောင်း ပြောပြသွားခဲ့ပါတယ် ။

လင်းနို့သားဟာ အင်ဒိုနီးရှားမှာ လူကြိုက်အများဆုံးအစားအစာဖြစ်ပြီး ချက်ပြုတ်မယ်ဆိုရင်တော့ အနံ့ဆိုးများမရှိတော့အောင် ချိုင်းနားမှာရှိတဲ့ အဖုအကျိတ်တွေ နဲ့ လည်တိုင်ကို ဖယ်ထုတ်ပြီး ချက်ပြုတ်လေ့ရှိကြောင်း သိရှိရပါတယ် ။ မြို့ကြီးမှာရှိတဲ့ စားသောက်ဆိုင်အတော်များများက ၎င်းတို့ရဲ့ Menu ကနေ လင်းနို့ဟင်းလျာများကိုဖယ်ထုတ်ခဲ့ပေမဲ့လည်း North Sulawesi မှာနေထိုင်တဲ့လူအတော်များများကတော့ ယခုချိန်ထိ လင်းနို့သားကို စားသောက်နေဆဲပါပဲ ။

ထို့အပြင် ဒေသခံတွေကလည်း ” Manado မြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိသေးပါဘူး ၊ အခုချိန်ထိ လူအတော်များများက လင်းနို့သားစားနေတုန်းပါပဲ ၊ ဘာလို့လည်းဆို လင်းနို့သားတွေက တော်တော်လေးကောင်းတယ် အထူးသဖြင့် အုန်းနို့နဲ့ချက်လိုက်မယ်ဆိုရင်ပေါ့ ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment