Valentine’s Day မွာ Face Mask ပန္းစည္းေလးေတြနဲ႔ Ro ခဲ့ၾကတဲ့ တ႐ုတ္ျပည္ကစံုတြဲေတြ

ဒီေန႔က Valentine’s Day ျဖစ္တဲ့အတြက္ social media ေပၚမွာ ခ်စ္သူအခ်င္းခ်င္း လက္ေဆာင္ေပးၾကတဲ့ ဓာတ္ပံုေတြ ၊ video ေတြ ပလူပ်ံေနေအာင္ေတြ႔ေနရမွာပါ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သူတို႔ရဲ႕ခ်စ္သူမ်ားေန႔ လက္ေဆာင္ေတြဟာ သာမာန္လက္ေဆာင္ေတြလိုမဟုတ္ဘဲ ထူးဆန္းေနခဲ့ပါတယ္ ။ အဲဒါကေတာ့ ေခ်ာကလက္ေတြ ၊ ပန္းစည္ေတြ နဲ႔ အျခားပစၥည္းေတြကိုေပးၾကတဲ့အစား အေတာ္ေလးကို႐ွာဝယ္ရခက္ၿပီး ၊ အခ်ိန္ေပးၿပီးအလုအယွက္ဝယ္ယူရတဲ့ Face Mask ေတြနဲ႔ ခ်စ္သူကို Surprise လုပ္ၾကတာပါပဲ ။

Face Mask တစ္ဗူးမေျပာနဲ႔ တစ္ခု ၊ ႏွစ္ခုေလးေတာင္ ႐ွာဝယ္ရခက္ေနတဲ့အခ်ိန္မွာ ယခုလို စိတ္ကူးယဥ္ဆန္ဆန္ဖန္းတီးထားတဲ့ ပန္းစည္းပံုေလးေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕ social media ေပၚမွာ အေတာ္ေလးကိုလူႀကိဳက္မ်ားၿပီး ၊ တန္းဖိုး႐ွိ အဓိပၸါယ္႐ွိလြန္းလွတဲ့လက္ေဆာင္ျဖစ္ေနခဲ့ပါတယ္ ။ ထို႔အျပင္ လူအမ်ားစုဟာ ေရာဂါကူးစက္ခံရမွာေၾကာက္လို႔ အိမ္တြင္သာေနထိုင္ေနၾကၿပီး delivery သမားေတြက ယခုလိုအိမ္တိုင္ရာေရာက္ပန္းစည္းပို႔ေဆာင္မႈေတြလည္း လုပ္ေပးေနလ်က္႐ွိပါတယ္ ။

” ဒီႏွစ္မွာ Face mask ပန္းစည္းရတဲ့မိန္းကေလးေတြဆိုရင္ လက္ေဆာင္ေပးတဲ့ေကာင္ေလးကို အမွန္တကယ္ လက္ထပ္ဖို႔စဥ္းစားသင့္တယ္ ၊ အခုခ်ိန္က face mask ႐ွာဖို႔ အေတာ္ေလးခက္ခဲတဲ့အခ်ိန္ပါ ၊ ဘာလို႔ဆို အဲ့ေကာင္ေလးက mask ရဖို႔ အခ်ိန္ကုန္ ၊ လူအပင္ပန္းခံၿပီး ႐ွာေဖြခဲ့လို႔ပဲ ” ဆိုၿပီး မိန္းကေလးတစ္ေယာက္က ရင္ဖြင့္ေျပာဆိုသြားခဲ့ပါတယ္ ။ ထို႔အျပင္ mask လက္ေဆာင္ေပးတဲ့သူက တစ္ကယ့္အခ်စ္စစ္ ၊ အခ်စ္မွန္ နဲ႔ခ်စ္တဲ့သူအျဖစ္လည္း သတ္မွတ္ခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီနေ့က Valentine’s Day ဖြစ်တဲ့အတွက် social media ပေါ်မှာ ချစ်သူအချင်းချင်း လက်ဆောင်ပေးကြတဲ့ ဓာတ်ပုံတွေ ၊ video တွေ ပလူပျံနေအောင်တွေ့နေရမှာပါ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့ရဲ့ချစ်သူများနေ့ လက်ဆောင်တွေဟာ သာမာန်လက်ဆောင်တွေလိုမဟုတ်ဘဲ ထူးဆန်းနေခဲ့ပါတယ် ။ အဲဒါကတော့ ချောကလက်တွေ ၊ ပန်းစည်တွေ နဲ့ အခြားပစ္စည်းတွေကိုပေးကြတဲ့အစား အတော်လေးကိုရှာဝယ်ရခက်ပြီး ၊ အချိန်ပေးပြီးအလုအယှက်ဝယ်ယူရတဲ့ Face Mask တွေနဲ့ ချစ်သူကို Surprise လုပ်ကြတာပါပဲ ။

Face Mask တစ်ဗူးမပြောနဲ့ တစ်ခု ၊ နှစ်ခုလေးတောင် ရှာဝယ်ရခက်နေတဲ့အချိန်မှာ ယခုလို စိတ်ကူးယဉ်ဆန်ဆန်ဖန်းတီးထားတဲ့ ပန်းစည်းပုံလေးတွေဟာ တရုတ်နိုင်ငံရဲ့ social media ပေါ်မှာ အတော်လေးကိုလူကြိုက်များပြီး ၊ တန်းဖိုးရှိ အဓိပ္ပါယ်ရှိလွန်းလှတဲ့လက်ဆောင်ဖြစ်နေခဲ့ပါတယ် ။ ထို့အပြင် လူအများစုဟာ ရောဂါကူးစက်ခံရမှာကြောက်လို့ အိမ်တွင်သာနေထိုင်နေကြပြီး delivery သမားတွေက ယခုလိုအိမ်တိုင်ရာရောက်ပန်းစည်းပို့ဆောင်မှုတွေလည်း လုပ်ပေးနေလျက်ရှိပါတယ် ။

” ဒီနှစ်မှာ Face mask ပန်းစည်းရတဲ့မိန်းကလေးတွေဆိုရင် လက်ဆောင်ပေးတဲ့ကောင်လေးကို အမှန်တကယ် လက်ထပ်ဖို့စဉ်းစားသင့်တယ် ၊ အခုချိန်က face mask ရှာဖို့ အတော်လေးခက်ခဲတဲ့အချိန်ပါ ၊ ဘာလို့ဆို အဲ့ကောင်လေးက mask ရဖို့ အချိန်ကုန် ၊ လူအပင်ပန်းခံပြီး ရှာဖွေခဲ့လို့ပဲ ” ဆိုပြီး မိန်းကလေးတစ်ယောက်က ရင်ဖွင့်ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် mask လက်ဆောင်ပေးတဲ့သူက တစ်ကယ့်အချစ်စစ် ၊ အချစ်မှန် နဲ့ချစ်တဲ့သူအဖြစ်လည်း သတ်မှတ်ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment