မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ကောင်လေးကို အခြားထောင်သားတွေက အိမ်သာခွက်ထဲခေါင်းနစ်ထည့်ပြီး ဝိုင်းအပြစ်ပေးခဲ့တဲ့အဖြစ်




Jasmine (Mckzone Daily)

Source:Metro

Unicode

အသက် 21 နှစ်အရွယ်ကောင်လေးဟာ လက်ရှိမှာ လန်ဒန်မှာရှိတဲ့ HMP Pentonville အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရပြီး နောက်လမှ ပြစ်ဒဏ်ချမှတ်ခံရမဲ့သူလည်း ဖြစ်ပါတယ် ။ အဆိုပါကောင်လေးဟာ အင်္ဂလန်မြောက်ပိုင်းမှာရှိတဲ့ တိုက်ခန်းမှာနေထိုင်နေလျက်ရှိတဲ့ မိန်းကလေးကို အခြားအမျိုးသားနှစ်ယောက်နဲ့အတူ မုဒိမ်းပြုကျင့်ခဲ့တဲ့အပြင် ၊ လိင်စိတ်ဆန္ဒပြည့်ဝအောင် ကောင်မလေးအားအနိုင်ကျင့်ပြုမှုဆက်ဆံခိုင်းခဲ့လို့ ယခုလို ထောင်ထဲရောက်နေရသူလည်းဖြစ်ပါတယ် ။ ထို့အပြင် အဆိုပါကောင်လေးဟာ ထောင်ခန်းထဲသို့ရောက်တာနဲ့ ချက်ချင် ညစ်ပတ်ပေရေနေတဲ့ အိမ်သာခွက်ရှေ့မှာ ကျာပွတ်တွေနဲ့ ရိုက်နှက်ခြင်းခံခဲ့ရတဲ့အပြင် ၊ အဝတ်အစားတွေချွတ်ဖို့ကိုပါ အမိန့်ပေးခြင်းခံခဲ့ရပါတယ် ။

Video ထဲမှာတော့ အခြားထောင်သားတစ်ဦးက အဆိုပါကောင်လေးရဲ့ခေါင်းကို ညစ်ပတ်ပေရေနေတဲ့အိမ်သာခွက်ထဲ နစ်ထည့်ဖို့ပြောဆိုခဲ့ပါတယ် ။ အဆိုပါကောင်လေးက ငြင်းပယ်ပြီးအခန်းထဲကနေထွက်သွားဖို့ကြိုးစားခဲ့ပါတယ် ။ ထိုအချိန်မှာပဲ ကောင်လေးက ” ဒါတော့လွန်သွားပြီ ၊ ဒါကအနိုင်ကျင့်စော်ကားတာပဲ ” ဆိုပြီး ပြန်ပြောဆိုခဲ့ပေမဲ့လည်း နောက်ဆုံး ဘယ်လိုမှမနိုင်တဲ့အဆုံး အခြားထောင်သားများက ကောင်လေးရဲ့ခေါင်းကို အိမ်သာခွက်ထဲ နစ်ထည့်ခဲ့ကြပါတယ် ။

ထို့အပြင် အဆိုပါကောင်လေးနဲ့ ကျောင်းအတူတက်ခဲ့ကြတဲ့ အတန်းဖော်မှာလည်း ” သူကအဲ့လိုကိစ္စမျိုးစနောက်နေခဲ့တာ အခုတော့ ထင်ထားတာထက်ပိုဆိုးရွားနေတယ် ၊ ထောင်ထဲမှာနေရတဲ့နေရက်တိုင်း သူ့အတွက်ဆိုးဝါးနေလို့ ငါတောင်ဝမ်းသာမိတယ် ” ဆိုပြီး video အောက်မှာ Comment ရေးသားသွားခဲ့ပါသေးတယ် ။ မည်သို့ပင်ဖြစ်စေကာမှု ကိုယ်ကျူ းလွန်ခဲ့သလို အပြစ်ပေးဆပ်ရမှာပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment