Club မွာကေနရင္း ေပ 20 အျမင့္ကေန ျပဳတ္က်ခဲ့လို႔ ေမး႐ိုး ႏွင့္ သြားပါက်ိဳးခဲ့ရတဲ့ မိန္းကေလးအျဖစ္(႐ုပ္သံ)

Texas ျပည္နယ္ ၊ Dallas ၿမိဳ႕မွာ႐ွိတဲ့ Club တစ္ခုရဲ႕ အကမယ္ေလးျဖစ္တဲ့ Genea Sky အမည္႐ွိတဲ့ မိန္းကေလးဟာ ေပ 20 အျမင့္႐ွိတဲ့ တိုင္ေပၚကေန လက္တစ္ဖက္တည္းနဲ႔ ခႏၶာကိုယ္ဟန္ခ်က္ညီေအာင္ထိန္းၿပီး ကဖို႔လုပ္ေနတုန္း မေမ်ွာ္လင့္ဘဲ သံေခ်ာင္းကိုဆုပ္ကိုင္ထားတဲ့လက္ဟာ လြတ္သြားခဲ့ရင္း ေပအျမင့္ 20 ကေန ေအာက္ဖက္ စတိတ္စင္ေပၚကို ထိုးခ်သြားခဲ့ပါေတာ့တယ္ ။ Video ထဲမွာေဖာ္ျပထားတဲ့အတိုင္းသူမဟာ ေမး႐ိုးက်ိဳးၿပီး သြားမ်ားပါ က်ိဳးသြားခဲ့ကာ ေျခက်င္းဝတ္မွာလည္း အဆစ္လြဲသြားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း သူမဟာ ျပဳတ္က်ၿပီးၿပီးခ်င္း နာက်င္ေနေပမဲ့လည္း စင္အေနာက္ဖက္သို႔ ထထြက္သြားခဲ့ပါတယ္ ။ သူမဟာ အဆိုပါ video ကို ကိုယ္တိုင္ Twitter ေပၚမွာ ေဝမ်ွခဲ့ၿပီးေနာက္ သူမအျဖစ္အပ်က္ကိုလည္း ေျပာျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမ မေမ်ွာ္လင့္ထားေလာက္ေအာင္ လူအမ်ားက သူမက အေကာင္းျမင္တဲ့ comment မ်ားေရးသားေပးခဲ့တဲ့အျပင္ သူမကိုအျမန္သက္သာလာေစဖို႔လည္း ဆုေတာင္းေပးခဲ့ၾကပါတယ္ ။

ထို႔အျပင္ သူမရဲ႕သူငယ္ခ်င္းမွာလည္း ” ကြၽန္မရဲ႕ သူငယ္ခ်င္း အလုပ္လုပ္ေနရင္း ဆိုးဝါးလြန္းတဲ့ မေတာ္တဆျဖစ္ခဲ့ပါတယ္ ၊ သူမရဲ႕အလုပ္လစာက သူမရဲ႕ေဆးဖိုးကိုေတာင္ မကာႏိုင္ပါဘူး ၊ သူမကဒဏ္ရာရေနတဲ့အတြက္ ဒီတစ္ေလာေတာ့ သူမအလုပ္နားေနရမွာပါ ၊ သူမရဲ႕ ခြဲစိတ္မႈအတြက္ လႉဒါန္းေငြထည့္ၿပီး အကူအညီေပးဖို႔ ေမ်ွာ္လင့္မိပါတယ္ ” ဆိုၿပီး ေရးသားထားခဲ့ကာ သူမအတြက္ ေငြေၾကးအလႉခံေပးခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source:the sun

Unicode

Texas ပြည်နယ် ၊ Dallas မြို့မှာရှိတဲ့ Club တစ်ခုရဲ့ အကမယ်လေးဖြစ်တဲ့ Genea Sky အမည်ရှိတဲ့ မိန်းကလေးဟာ ပေ 20 အမြင့်ရှိတဲ့ တိုင်ပေါ်ကနေ လက်တစ်ဖက်တည်းနဲ့ ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းပြီး ကဖို့လုပ်နေတုန်း မမျှော်လင့်ဘဲ သံချောင်းကိုဆုပ်ကိုင်ထားတဲ့လက်ဟာ လွတ်သွားခဲ့ရင်း ပေအမြင့် 20 ကနေ အောက်ဖက် စတိတ်စင်ပေါ်ကို ထိုးချသွားခဲ့ပါတော့တယ် ။ Video ထဲမှာဖော်ပြထားတဲ့အတိုင်းသူမဟာ မေးရိုးကျိုးပြီး သွားများပါ ကျိုးသွားခဲ့ကာ ခြေကျင်းဝတ်မှာလည်း အဆစ်လွဲသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမဟာ ပြုတ်ကျပြီးပြီးချင်း နာကျင်နေပေမဲ့လည်း စင်အနောက်ဖက်သို့ ထထွက်သွားခဲ့ပါတယ် ။ သူမဟာ အဆိုပါ video ကို ကိုယ်တိုင် Twitter ပေါ်မှာ ဝေမျှခဲ့ပြီးနောက် သူမအဖြစ်အပျက်ကိုလည်း ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမ မမျှော်လင့်ထားလောက်အောင် လူအများက သူမက အကောင်းမြင်တဲ့ comment များရေးသားပေးခဲ့တဲ့အပြင် သူမကိုအမြန်သက်သာလာစေဖို့လည်း ဆုတောင်းပေးခဲ့ကြပါတယ် ။

ထို့အပြင် သူမရဲ့သူငယ်ချင်းမှာလည်း ” ကျွန်မရဲ့ သူငယ်ချင်း အလုပ်လုပ်နေရင်း ဆိုးဝါးလွန်းတဲ့ မတော်တဆဖြစ်ခဲ့ပါတယ် ၊ သူမရဲ့အလုပ်လစာက သူမရဲ့ဆေးဖိုးကိုတောင် မကာနိုင်ပါဘူး ၊ သူမကဒဏ်ရာရနေတဲ့အတွက် ဒီတစ်လောတော့ သူမအလုပ်နားနေရမှာပါ ၊ သူမရဲ့ ခွဲစိတ်မှုအတွက် လှူဒါန်းငွေထည့်ပြီး အကူအညီပေးဖို့ မျှော်လင့်မိပါတယ် ” ဆိုပြီး ရေးသားထားခဲ့ကာ သူမအတွက် ငွေကြေးအလှူခံပေးခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment