19 ႏွစ္အရြယ္သမီးေလးရဲ႕ အစ္မဆိုၿပီး အျမဲအထင္လြဲခံေနရတဲ့ ႏွပ်ိဳလြန္းလွတဲ့မိခင္

California မွာေနထိုင္လ်က္႐ွိတဲ့ အသက္ 43 ႏွစ္အရြယ္ Joleen Diaz အမည္႐ွိတဲ့ ေက်ာင္းဆရာမနဲ႔ သူမရဲ႕သမီးျဖစ္သူ အသက္ 19 ႏွစ္အရြယ္ Meilani Parks တို႔ဟာ သားအမိဆိုေပမဲ့လည္း အသက္တစ္ရြယ္တည္းလိုျဖစ္ေနၿပီး ၊ သူငယ္ခ်င္းေတြလို႔ ထင္ရေလာက္တဲ့အထိပါပဲ ။ Joleen ဟာ Single mum တစ္ေယာက္ျဖစ္ၿပီး သူမအသက္ 12 ႏွစ္အရြယ္ေလာက္ကတည္းက သူမရဲ႕အသားအေရကိုအေတာ္ေလးဂ႐ုစိုက္ခဲ့လို႔ ယခုလိုႏွပ်ိဳေနရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ Joleen က ” ကြၽန္မအျမဲတမ္း က်န္းမာေအာင္ေနတယ္ ၊ active lifestyle မ်ိဳးေပါ့ ၊ အရက္ေတြလည္း မေသာက္ဘူး ၊ နာနာေနေန ေနပါတယ္ ၊ အစားအေသာက္ကို ခ်င့္ခ်ိန္ၿပီးစားတယ္ ၿပီးေတာ့ က်န္းမာတဲ့ diet မ်ိဳး အျမဲလုပ္ပါတယ္ ” ဆိုၿပီး သူမရဲ႕ လွပႏွပ်ိဳေအာင္ ေနထိုင္တဲ့နည္းလမ္းကို ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ သူမတို႔ သားအမိႏွစ္ေယာက္လံုးက အျမဲအတူတူသြားလာေလ့႐ွိၿပီး shopping ေတြေတာင္အတူတူထြက္ေလ့႐ွိပါတယ္ ။ ထို႔အျပင္ Joleen က သူမအသက္ငယ္ေသးတဲ့အခ်ိန္မွာ သမီးကိုရခဲ့တာျဖစ္တဲ့အတြက္ ဘယ္လိုပဲျဖစ္ျဖစ္ ညီအစ္မလို႔ထင္ခံရတာက သိပ္ၿပီးမဆန္းၾကယ္ေၾကာင္း ေျပာခဲ့ပါေသးတယ္ ။ သူမဟာ အတိတ္အေၾကာင္းလည္းေတြးၿပီး စိတ္ညစ္ေနတာမ်ိဳးမ႐ွိသလို ၊ အနာဂတ္အတြက္ တအားေမ်ွာ္လင့္ၿပီး စိတ္ပင္ပန္းတာမ်ိဳးမျပဳလုပ္ခဲ့ေၾကာင္းႏွင့္ အဓိကကေတာ့ skincare ကိုအသက္ငယ္ရြယ္တဲ့အခ်ိန္ကတည္းက ယခုထိ ဂ႐ုတစိုက္ေသခ်ာစြာ ျပဳလုပ္ခဲ့လိုျဖစ္ပါတယ္ ။

သူမဟာ သမီးေလးရဲ႕ဖခင္နဲ႔ လြန္ခဲ့တဲ့ 13 ႏွစ္ကတည္းက လမ္းခြဲခဲ့ၾကတယ္ဆိုေပမဲ့လည္း ယခုအခ်ိန္ထိအဆက္အသြယ္႐ွိေနကာ တစ္ခါတစ္ေလ မိသားစုလိုက္ခရီးအတူထြက္ေလ့႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။ လူအေတာ္မ်ားမ်ားကေတာ့ သူမကို ကေလးအေမလို႔ မယံုႏိုင္ၾကတဲ့အျပင္ ၊ သူမလို အလန္းစားမိခင္မ်ိဳးပိုင္ဆိုင္ထားတဲ့ သမီးျဖစ္သူကိုလည္း အေတာ္ေလးအားက်မိေၾကာင္း မ်ိဳးစံုး comment ေရးသားခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source:TheSun

Unicode

California မှာနေထိုင်လျက်ရှိတဲ့ အသက် 43 နှစ်အရွယ် Joleen Diaz အမည်ရှိတဲ့ ကျောင်းဆရာမနဲ့ သူမရဲ့သမီးဖြစ်သူ အသက် 19 နှစ်အရွယ် Meilani Parks တို့ဟာ သားအမိဆိုပေမဲ့လည်း အသက်တစ်ရွယ်တည်းလိုဖြစ်နေပြီး ၊ သူငယ်ချင်းတွေလို့ ထင်ရလောက်တဲ့အထိပါပဲ ။ Joleen ဟာ Single mum တစ်ယောက်ဖြစ်ပြီး သူမအသက် 12 နှစ်အရွယ်လောက်ကတည်းက သူမရဲ့အသားအရေကိုအတော်လေးဂရုစိုက်ခဲ့လို့ ယခုလိုနှပျိုနေရတာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Joleen က ” ကျွန်မအမြဲတမ်း ကျန်းမာအောင်နေတယ် ၊ active lifestyle မျိုးပေါ့ ၊ အရက်တွေလည်း မသောက်ဘူး ၊ နာနာနေနေ နေပါတယ် ၊ အစားအသောက်ကို ချင့်ချိန်ပြီးစားတယ် ပြီးတော့ ကျန်းမာတဲ့ diet မျိုး အမြဲလုပ်ပါတယ် ” ဆိုပြီး သူမရဲ့ လှပနှပျိုအောင် နေထိုင်တဲ့နည်းလမ်းကို ပြောပြခဲ့ပါတယ် ။

ထို့အပြင် သူမတို့ သားအမိနှစ်ယောက်လုံးက အမြဲအတူတူသွားလာလေ့ရှိပြီး shopping တွေတောင်အတူတူထွက်လေ့ရှိပါတယ် ။ ထို့အပြင် Joleen က သူမအသက်ငယ်သေးတဲ့အချိန်မှာ သမီးကိုရခဲ့တာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်မလို့ထင်ခံရတာက သိပ်ပြီးမဆန်းကြယ်ကြောင်း ပြောခဲ့ပါသေးတယ် ။ သူမဟာ အတိတ်အကြောင်းလည်းတွေးပြီး စိတ်ညစ်နေတာမျိုးမရှိသလို ၊ အနာဂတ်အတွက် တအားမျှော်လင့်ပြီး စိတ်ပင်ပန်းတာမျိုးမပြုလုပ်ခဲ့ကြောင်းနှင့် အဓိကကတော့ skincare ကိုအသက်ငယ်ရွယ်တဲ့အချိန်ကတည်းက ယခုထိ ဂရုတစိုက်သေချာစွာ ပြုလုပ်ခဲ့လိုဖြစ်ပါတယ် ။

သူမဟာ သမီးလေးရဲ့ဖခင်နဲ့ လွန်ခဲ့တဲ့ 13 နှစ်ကတည်းက လမ်းခွဲခဲ့ကြတယ်ဆိုပေမဲ့လည်း ယခုအချိန်ထိအဆက်အသွယ်ရှိနေကာ တစ်ခါတစ်လေ မိသားစုလိုက်ခရီးအတူထွက်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ လူအတော်များများကတော့ သူမကို ကလေးအမေလို့ မယုံနိုင်ကြတဲ့အပြင် ၊ သူမလို အလန်းစားမိခင်မျိုးပိုင်ဆိုင်ထားတဲ့ သမီးဖြစ်သူကိုလည်း အတော်လေးအားကျမိကြောင်း မျိုးစုံး comment ရေးသားခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment