အိမ္မွာတစ္ေယာက္တည္းေသာ့ခတ္ခံထားရလို႔ ျခံစည္း႐ိုးေက်ာ္ရင္ မ႐ႈမလွဒုကၡေရာက္ခဲ့တဲ့ အဘြားအို

ကိုယ့္အိမ္ရဲ႕ျခံစည္း႐ိုးကို သံေခ်ာင္းေတြ ၊ သံႀကိဳးေတြနဲ႔ ကာရံထားတာဟာ သူခိုးေတြ ၊ ဓားျပေတြရဲ႕ရန္ကေန ကာကြယ္ဖို႔ဆိုေပမယ့္လည္း တစ္ခါတစ္ရံမွာေတာ့ အခန္႔မသင့္ရင္ ကိုယ့္ဒုကၡကိုယ္႐ွာသလို႔ုျဖစ္ေနတတ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက အသက္ 72 ႏွစ္အရြယ္ အဘြားအိုဟာ သူမအိမ္ရဲ႕ ျခံစည္း႐ိုးကို ျပန္ေက်ာ္ရင္းနဲ႔ မၾကည့္ရက္ေလာက္ေအာင္ကို ဒုကၡေရာက္ခဲ့ရပါတယ္ ။

ျဖစ္စဥ္ကေတာ့ အဘြားအိုရဲ႕သားသမီးေတြက သူမကိုအိမ္ေသာ့မခ်န္ထားေပးဘဲ ျခံဝန္းကိုေသာ့ခတ္ၿပီးထြက္သြားခဲ့ၾကလို႔ သူမဟာ ျခံစည္း႐ိုးကိုေက်ာ္ခြၿပီး အိမ္အျပင္ဖက္ကိုထြက္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမရဲ႕ေျခေထာက္တစ္ဖက္ဟာ ျခံဝင္းအျပင္ဖက္သို႔ေရာက္သြားခဲ့ေပမဲ့လည္း က်န္တစ္ဖက္မွာေတာ့ ျခံစည္း႐ိုးရဲ႕ခြၽန္ထပ္ေနတဲ့ သံေခ်ာင္းေပၚတည့္တည့္စိုက္ဝင္သြားခဲ့လို႔ သူမဟာ ေအာက္ဖက္သို႔ဆင္းလို႔မရေတာ့ဘဲ အဆိုပါေနရာမွာ ကန္႔လန္႔ႀကီးခံေနခဲ့ပါေတာ့တယ္ ။

ကယ္ဆယ္ေရးအဖြဲ႔ေတြကေတာ့ မနက္ 10:31 အခ်ိန္ခန္႔က်မွ တိုင္ၾကားမႈကိုလက္ခံရ႐ွိခဲ့ၿပီး သူမရဲ႕ေပါင္မွာ စိုက္ဝင္ေနခဲ့တဲ့ သံခြၽန္ကိုျခံစည္း႐ိုးမွ ျဖတ္ထုတ္ပစ္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ေဆးအကူဝန္ထမ္းမ်ားမပါ႐ွိခဲ့ေသာေၾကာင့္ ဒဏ္ရာပိုျပင္းထန္မွာဆိုး၍ သူမရဲ႕ေပါင္မွာစိုက္ဝင္ေနတဲ့ သံခြၽန္ကိုေတာ့ မဖယ္ထုတ္ခဲ့ဘဲ သူမကိုေဆးရံုသို႔ ခ်က္ခ်င္းပို႔ေဆာင္ေပးခဲ့ၾကေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်အိမ်ရဲ့ခြံစည်းရိုးကို သံချောင်းတွေ ၊ သံကြိုးတွေနဲ့ ကာရံထားတာဟာ သူခိုးတွေ ၊ ဓားပြတွေရဲ့ရန်ကနေ ကာကွယ်ဖို့ဆိုပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ အခန့်မသင့်ရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို့ဖြစ်နေတတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အသက် 72 နှစ်အရွယ် အဘွားအိုဟာ သူမအိမ်ရဲ့ ခြံစည်းရိုးကို ပြန်ကျော်ရင်းနဲ့ မကြည့်ရက်လောက်အောင်ကို ဒုက္ခရောက်ခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ အဘွားအိုရဲ့သားသမီးတွေက သူမကိုအိမ်သော့မချန်ထားပေးဘဲ ခြံဝန်းကိုသော့ခတ်ပြီးထွက်သွားခဲ့ကြလို့ သူမဟာ ခြံစည်းရိုးကိုကျော်ခွပြီး အိမ်အပြင်ဖက်ကိုထွက်ဖို့ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ခြေထောက်တစ်ဖက်ဟာ ခြံဝင်းအပြင်ဖက်သို့ရောက်သွားခဲ့ပေမဲ့လည်း ကျန်တစ်ဖက်မှာတော့ ခြံစည်းရိုးရဲ့ချွန်ထပ်နေတဲ့ သံချောင်းပေါ်တည့်တည့်စိုက်ဝင်သွားခဲ့လို့ သူမဟာ အောက်ဖက်သို့ဆင်းလို့မရတော့ဘဲ အဆိုပါနေရာမှာ ကန့်လန့်ကြီးခံနေခဲ့ပါတော့တယ် ။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မနက် 10:31 အချိန်ခန့်ကျမှ တိုင်ကြားမှုကိုလက်ခံရရှိခဲ့ပြီး သူမရဲ့ပေါင်မှာ စိုက်ဝင်နေခဲ့တဲ့ သံချွန်ကိုခြံစည်းရိုးမှ ဖြတ်ထုတ်ပစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ဆေးအကူဝန်ထမ်းများမပါရှိခဲ့သောကြောင့် ဒဏ်ရာပိုပြင်းထန်မှာဆိုး၍ သူမရဲ့ပေါင်မှာစိုက်ဝင်နေတဲ့ သံချွန်ကိုတော့ မဖယ်ထုတ်ခဲ့ဘဲ သူမကိုဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္မွာတစ္ေယာက္တည္းေသာ့ခတ္ခံထားရလို႔ ျခံစည္း႐ိုးေက်ာ္ရင္ မ႐ႈမလွဒုကၡေရာက္ခဲ့တဲ့ အဘြားအို"

Leave a comment

Your email address will not be published.


*