ကေလးေတြ ဂိမ္းေဆာ့တာရပ္ၿပီး စာေလ့လာၾကဖို႔ ပညာျပခဲ့တဲ့မိဘေတြရဲ႕လုပ္ရပ္

အျမဲဆန္းသစ္ေနတဲ့ နည္းပညာေတြေၾကာင့္ ဂိမ္းေတြဟာလည္း ေဆာ့လိုမ႐ိုးႏိုင္ေလာက္ေအာင္ အသစ္အဆန္းေတြထြက္ေနၿပီး ကေလးေတြေရာ ၊ လူႀကီးေတြကိုပါ ဆြဲေဆာင္လာႏိုင္ၾကပါတယ္ ။ ဒါ့ေၾကာင့္ ကေလးငယ္ေတြက စာမေလ့လာေတာ့ဘဲ ဂိမ္းေဆာ့ဖို႔ကိုသာ အာရံုမ်ားေနၾကတာကို မၾကာခဏၾကံဳဖူးၾကမွာပါ ။ ထို႔အျပင္ ပလပ္ေခါင္းေတြဟာလည္း ပံုသ႑ာန္မ်ိဳးစံု႐ွိၾကသလို လူအမ်ားစုကေတာ့ type-A နဲ႔ type-B အမ်ိဳးအစားပလပ္ေခါင္းေတြကို အသံုးျပဳေလ့႐ွိၾကပါတယ္ ။

ဒီတစ္ေခါက္မွာလည္း ဂ်ပန္ႏိုင္ငံက မိဘေတြဟာ ၎တို႔ရဲ႕သားသမီးကို ဂိမ္းေဆာ့တာေလ်ာ့နည္းေအာင္လို႔ ယခုနည္းလမ္းနဲ႔ပညာျပခဲ့ပါတယ္ ။ အဲတာကေတာ့ type-A နဲ႔ type-B အမ်ိဳးအစား ပလပ္ေခါင္းရဲ႕ ထိပ္နားမွာ႐ွိတဲ့ အေပါက္ေလးမွာ ေသာ့ခေလာက္ေလးနဲ႔ ေသာ့ခတ္ထားတာပါပဲ ။ အဆိုပါ ပလပ္ေခါင္းမွာ႐ွိတဲ့အေပါက္ေလးဟာ ပလပ္ေပါက္ထိုးထားစဥ္ အလြယ္တကူထြက္မက်ေအာင္ ရည္ရြယ္ၿပီးျပဳလုပ္ထားေသာအေပါက္ျဖစ္ပါတယ္ ။ သို႔ေပမယ့္လည္း ယခုလိုနည္းလမ္းမ်ိဳး ထပ္အသံုးျပဳလို႔ရေသးတာကို ဒီဂ်ပန္ႏိုင္ငံက မိဘေတြက သက္ေသျပလိုက္တာပါပဲ ။

ထို႔ေၾကာင့္ ကေလးငယ္ေတြဟာ ပလပ္ေခါင္းကိုေသာ့ခတ္ထားလိုက္လို႔ ပလပ္ေပါက္မွာထိုးထည့္လို႔မရတဲ့အဆံုး ၊ မိဘေတြဆီက ခြင့္ျပဳခ်က္မရတဲ့အဆံုး ဂိမ္းမေဆာ့ႏိုင္တဲ့အတြက္ စာကိုသာေလ့လာေနရေၾကာင္း စတဲ့အက်ိဳးေက်းဇူးမ်ိဳးရခဲ့ေၾကာင္း မိဘေတြက ေထာက္ျပခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အမြဲဆန်းသစ်နေတဲ့ နည်းပညာတွေကြောင့် ဂိမ်းတွေဟာလည်း ဆော့လိုမရိုးနိုင်လောက်အောင် အသစ်အဆန်းတွေထွက်နေပြီး ကလေးတွေရော ၊ လူကြီးတွေကိုပါ ဆွဲဆောင်လာနိုင်ကြပါတယ် ။ ဒါ့ကြောင့် ကလေးငယ်တွေက စာမလေ့လာတော့ဘဲ ဂိမ်းဆော့ဖို့ကိုသာ အာရုံများနေကြတာကို မကြာခဏကြုံဖူးကြမှာပါ ။ ထို့အပြင် ပလပ်ခေါင်းတွေဟာလည်း ပုံသဏ္ဍာန်မျိုးစုံရှိကြသလို လူအများစုကတော့ type-A နဲ့ type-B အမျိုးအစားပလပ်ခေါင်းတွေကို အသုံးပြုလေ့ရှိကြပါတယ် ။

ဒီတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံက မိဘတွေဟာ ၎င်းတို့ရဲ့သားသမီးကို ဂိမ်းဆော့တာလျော့နည်းအောင်လို့ ယခုနည်းလမ်းနဲ့ပညာပြခဲ့ပါတယ် ။ အဲတာကတော့ type-A နဲ့ type-B အမျိုးအစား ပလပ်ခေါင်းရဲ့ ထိပ်နားမှာရှိတဲ့ အပေါက်လေးမှာ သော့ခလောက်လေးနဲ့ သော့ခတ်ထားတာပါပဲ ။ အဆိုပါ ပလပ်ခေါင်းမှာရှိတဲ့အပေါက်လေးဟာ ပလပ်ပေါက်ထိုးထားစဉ် အလွယ်တကူထွက်မကျအောင် ရည်ရွယ်ပြီးပြုလုပ်ထားသောအပေါက်ဖြစ်ပါတယ် ။ သို့ပေမယ့်လည်း ယခုလိုနည်းလမ်းမျိုး ထပ်အသုံးပြုလို့ရသေးတာကို ဒီဂျပန်နိုင်ငံက မိဘတွေက သက်သေပြလိုက်တာပါပဲ ။

ထို့ကြောင့် ကလေးငယ်တွေဟာ ပလပ်ခေါင်းကိုသော့ခတ်ထားလိုက်လို့ ပလပ်ပေါက်မှာထိုးထည့်လို့မရတဲ့အဆုံး ၊ မိဘတွေဆီက ခွင့်ပြုချက်မရတဲ့အဆုံး ဂိမ်းမဆော့နိုင်တဲ့အတွက် စာကိုသာလေ့လာနေရကြောင်း စတဲ့အကျိုးကျေးဇူးမျိုးရခဲ့ကြောင်း မိဘတွေက ထောက်ပြခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment