ေက်ာက္တံုးႀကီးေတြၾကားထဲမွာ 4ရက္ေလာက္ညႇပ္မိေနတဲ့ အမ်ိဳးသားကို ကယ္ဆယ္ေရးသမားအေယာက္ေပါင္း 200က ကယ္တင္ခဲ့ရ

ကေမာၻဒီယားႏိုင္ငံသားတစ္ဦးဟာ ေျခတစ္လွမ္းေၾကာင့္ ကံဆိုးစြာနဲ႔ေတာႀကီးထဲမွာ႐ွိတဲ့ ေက်ာက္တံုးႀကီးေတြၾကားမွာညႇပ္မိေနခဲ့ပါတယ္ ။၎ညႇပ္မိေနတဲ့အမ်ိဳးသားကို4ရက္ခန္႔ၾကာၿပီးေနာက္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကယ္တင္ႏိုင္ခဲ့ပါတယ္ ။ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ Sum Bora အမည္႐ွိတဲ့ အသက္28ႏွစ္အရြယ္အမ်ိဳးသားဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လင္းႏို႔ေခ်းေတြကိုေကာက္ယူရင္းနဲ႔ Chaky ေတာင္ဂႏိုင္ႀကီးမွာ႐ွိတဲ့ ေက်ာက္တံုးေတြၾကားထဲကအေခါင္းေပါက္အေသးေလးထဲကို ျပဳတ္က်သြားခဲ့ပါတယ္ ။၎လင္းႏို႔ေခ်းေတြ ၊ ပင္လယ္ငွက္ေခ်းေတြကို ေျမျသဇာအျဖစ္အသံုးျပဳၾကေသာေၾကာင့္ ဆင္းရဲတဲ့စိုက္ပ်ိဳးေရးသမားမ်ားဟာ အပိုဝင္ေငြရ႐ွိရန္အတြက္ ေတာဂႏိုင္ထဲတြင္လိုက္လံေကာက္ယူျခင္းမ်ိဳးျပဳလုပ္ၾကပါတယ္ ။

Sum Bora ဟာ3ရက္ခန္႔ၾကာၿပီျဖစ္ေတာ္လည္း အိမ္မျပန္လာခဲ့တဲ့အတြက္ သူ၏မိသားစုဝင္မ်ားကစိုးရိမ္ပူပန္းၿပီး လိုက္လံ႐ွာေဖြခဲ့ပါတယ္ ။ အစ္ကိုျဖစ္သူက Sum Bora ကို႐ွာေဖြေတြ႔႐ွိသြားၿပီးေနာက္မွာေတာ့ အာဏာပိုင္မ်ားကိုတိုင္ၾကားခဲ့ပါတယ္ ။ကယ္ဆယ္ေရးသမားအေယာက္ေပါင္း 200ေလာက္ဟာ Sum Bora ကိုမလႈပ္ႏိုင္ေအာင္ဖိညႇပ္ထားတဲ့ေက်ာက္တံုးႀကီးကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ဖ်က္ဆီးၿပီး Sum Bora ကိုကယ္ထုတ္ႏိုင္ရန္အတြက္ 10နာရီခန္႔ အားသြန္းခြန္စိုက္ႀကိဳးစားခဲ့ၾကပါတယ္ ။

Sum Bora ဟာ ဗုဒၶဟူးေန႔ညေန 6နာရီေလာက္မွာ လြတ္ေျမာက္သြားခဲ့ၿပီး ၊ေတာ္ေတာ္ေလးကို အားနည္းေနခဲ့တဲ့အတြက္ ေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ၾကပါတယ္ ။၎ကယ္ဆယ္ေရးလုပ္ငန္းကို Rapid Rescue Company 711 မွဦးေဆာင္ခဲ့တာျဖစ္ၿပီး အဆိုပါအဖြဲ႔ဟာ ကေမာၻဒီးယားႏိုင္ငံ ၊ Sihanoukville ၿမိဳ႕က7ထပ္တိုက္ၿပိဳက်၍ လူ24ဦးေသဆံုးခဲ့တဲ့ကိစၥတြင္လ်ွင္ အေရးပါဆံုးအေနျဖင့္ ကူညီကယ္ဆယ္မႈမ်ားျပဳလုပ္ေပးခဲ့ၾကေသာအဖြဲ႔လည္းျဖစ္ပါတယ္ ။

ကေမာၻဒီးယားႏိုင္ငံဟာ ကမာၻ့အဆင္းရဲဆံုးႏိုင္ငံထဲတြင္ တစ္ခုအပါအဝင္ျဖစ္ၿပီး ၊ 15.2 million ႐ွိေသာျပည္သူထဲကမွ 35%ဟာ ဆင္းရဲေခါင္းပါးမႈဒဏ္ကိုခံစားေနရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောက်တုံးကြီးတွေကြားထဲမှာ 4ရက်လောက်ညှပ်မိနေတဲ့ အမျိုးသားကို ကယ်ဆယ်ရေးသမားအယောက်ပေါင်း 200က ကယ်တင်ခဲ့ရ

ကမ္ဘောဒီယားနိုင်ငံသားတစ်ဦးဟာ ခြေတစ်လှမ်းကြောင့် ကံဆိုးစွာနဲ့တောကြီးထဲမှာရှိတဲ့ ကျောက်တုံးကြီးတွေကြားမှာညှပ်မိနေခဲ့ပါတယ် ။၎င်းညှပ်မိနေတဲ့အမျိုးသားကို4ရက်ခန့်ကြာပြီးနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကယ်တင်နိုင်ခဲ့ပါတယ် ။ရဲအရာရှိတွေရဲ့ပြောကြားချက်အရ Sum Bora အမည်ရှိတဲ့ အသက်28နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လင်းနို့ချေးတွေကိုကောက်ယူရင်းနဲ့ Chaky တောင်ဂနိုင်ကြီးမှာရှိတဲ့ ကျောက်တုံးတွေကြားထဲကအခေါင်းပေါက်အသေးလေးထဲကို ပြုတ်ကျသွားခဲ့ပါတယ် ။၎င်းလင်းနို့ချေးတွေ ၊ ပင်လယ်ငှက်ချေးတွေကို မြေသြဇာအဖြစ်အသုံးပြုကြသောကြောင့် ဆင်းရဲတဲ့စိုက်ပျိုးရေးသမားများဟာ အပိုဝင်ငွေရရှိရန်အတွက် တောဂနိုင်ထဲတွင်လိုက်လံကောက်ယူခြင်းမျိုးပြုလုပ်ကြပါတယ် ။

Sum Bora ဟာ3ရက်ခန့်ကြာပြီဖြစ်တော်လည်း အိမ်မပြန်လာခဲ့တဲ့အတွက် သူ၏မိသားစုဝင်များကစိုးရိမ်ပူပန်းပြီး လိုက်လံရှာဖွေခဲ့ပါတယ် ။ အစ်ကိုဖြစ်သူက Sum Bora ကိုရှာဖွေတွေ့ရှိသွားပြီးနောက်မှာတော့ အာဏာပိုင်များကိုတိုင်ကြားခဲ့ပါတယ် ။ကယ်ဆယ်ရေးသမားအယောက်ပေါင်း 200လောက်ဟာ Sum Bora ကိုမလှုပ်နိုင်အောင်ဖိညှပ်ထားတဲ့ကျောက်တုံးကြီးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်ဖျက်ဆီးပြီး Sum Bora ကိုကယ်ထုတ်နိုင်ရန်အတွက် 10နာရီခန့် အားသွန်းခွန်စိုက်ကြိုးစားခဲ့ကြပါတယ် ။

Sum Bora ဟာ ဗုဒ္ဓဟူးနေ့ညနေ 6နာရီလောက်မှာ လွတ်မြောက်သွားခဲ့ပြီး ၊တော်တော်လေးကို အားနည်းနေခဲ့တဲ့အတွက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပါတယ် ။၎င်းကယ်ဆယ်ရေးလုပ်ငန်းကို Rapid Rescue Company 711 မှဦးဆောင်ခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံ ၊ Sihanoukville မြို့က7ထပ်တိုက်ပြိုကျ၍ လူ24ဦးသေဆုံးခဲ့တဲ့ကိစ္စတွင်လျှင် အရေးပါဆုံးအနေဖြင့် ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြသောအဖွဲ့လည်းဖြစ်ပါတယ် ။

ကမ္ဘောဒီးယားနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၊ 15.2 million ရှိသောပြည်သူထဲကမှ 35%ဟာ ဆင်းရဲခေါင်းပါးမှုဒဏ်ကိုခံစားနေရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ေက်ာက္တံုးႀကီးေတြၾကားထဲမွာ 4ရက္ေလာက္ညႇပ္မိေနတဲ့ အမ်ိဳးသားကို ကယ္ဆယ္ေရးသမားအေယာက္ေပါင္း 200က ကယ္တင္ခဲ့ရ"

Leave a comment

Your email address will not be published.


*