စည္းမဲ့ကမ္းမဲ့ယာဥ္ေမာင္းလို႔ ဆူဆဲခဲ့တဲ့ဆရာရဲ႕ေခါင္းကို အုတ္ခဲနဲ႔အႀကိမ္ႀကိမ္ထု႐ိုက္ၿပီးသတ္ပစ္ခဲ့တဲ့ ေက်ာင္းသား

ေက်ာင္းဆရာအလုပ္ဟာ တကယ့္ကိုခက္ခဲတဲ့အလုပ္လို႔ဆိုရမွာပါပဲ ။ ဘာလို႔ဆို အသက္မျပည့္ေသးတဲ့အရြယ္မ်ိဳးစံုေသာ ကေလးေတြကို အဘက္ဘက္ကျပည့္စံုေအာင္သင္ၾကားျပသေပးရတဲ့အျပင္ ၊ အဆိုးဝါးဆံုးကေတာ့ စည္းကမ္းလိုက္နာမႈမ႐ွိတဲ့ ေက်ာင္းသားေတြကို ထိန္းေက်ာင္းေပးၾကရတာပါပဲ ။ မၾကာေသးခင္ကမွ တ႐ုတ္ႏိုင္ငံက ေက်ာင္းဆရာတစ္ဦးဟာ 15ႏွစ္အရြယ္ေက်ာင္းသားေလးကို စည္းမဲ့ကမ္းမဲ့ယာဥ္ေမာင္းလို႔ဆိုၿပီးဆူဆဲမိရာမွ ေက်ာင္းသားေလးက ဆရာရဲ႕ေခါင္းတည့္တည့္ကို အုတ္ခဲႏွင့္ 9 ႀကိမ္ခန္႔႐ိုက္ႏွက္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ Huang Tao အမည္႐ွိတဲ့ေက်ာင္းဆရာဟာ Yan အမည္႐ွိတဲ့ေက်ာင္းသားကို ေက်ာင္းဝန္းထဲမွာ စည္းမဲ့ကမ္းမဲ့ယာဥ္ေမာင္းလို႔ ဆူဆဲရာ စိတ္ဆိုးေဒါသထြက္ခဲ့တဲ့ ေက်ာင္းသားက စာသင္ခန္းထဲဝင္ေရာက္သြားတဲ့ ဆရာရဲ႕အေနာက္ကိုလိုက္ၿပီးေနာက္ အုတ္ခဲနဲ႔ဆရာျဖစ္သူ၏ဦးေခါင္းကို အႀကိမ္ႀကိမ္ထု႐ိုက္ပစ္ခဲ့ပါေတာ့တယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ October လ ကတည္းကျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အဆိုပါအခ်ိန္ကတည္းက Mr.Tao ဟာ ကိုမာျဖစ္သြားခဲ့ၿပီး အခ်ိန္အေတာ္ၾကာ သတိလစ္ေမ့ေမ်ာေနခဲ့တာပါ ။ ထို႔ေနာက္ Mr.Tao ဟာ အခ်ိန္အေတာ္ၾကာ အာဟာရဓာတ္ကို လက္မခံႏိုင္ေတာ့တဲ့အဆံုး ဦးေခါင္း ႏွင့္ အဆုတ္ တို႔မွာလည္း ထိခိုက္ပ်က္ဆီးမႈမ်ား ပိုဆိုးရြားလာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ February 14 ရက္ေန႔ 2020 မွာေတာ့ Mr.Tao ဟာ ေသဆံုးသြားခဲ့ပါေတာ့တယ္ ။

Mr.Tao ရဲ႕ဇနီးျဖစ္သူမွာေတာ့ အသုဘသို႔ေရာက္႐ွိလာေသာ ေက်ာင္းသားမ်ား ၊မိဘမ်ားကို ေက်းဇူးတင္ေၾကာင္း social media ေပၚမွာေဝမ်ွခဲ့တဲ့အျပင္ ၊ Mr. Tao ဟာ ဆရာေကာင္းတစ္ေယာက္ ၊ ခင္ပြန္းေကာင္းတစ္ေယာက္ ႏွင့္ သားေကာင္းတစ္ေယာက္ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောင်းဆရာအလုပ်ဟာ တကယ့်ကိုခက်ခဲတဲ့အလုပ်လို့ဆိုရမှာပါပဲ ။ ဘာလို့ဆို အသက်မပြည့်သေးတဲ့အရွယ်မျိုးစုံသော ကလေးတွေကို အဘက်ဘက်ကပြည့်စုံအောင်သင်ကြားပြသပေးရတဲ့အပြင် ၊ အဆိုးဝါးဆုံးကတော့ စည်းကမ်းလိုက်နာမှုမရှိတဲ့ ကျောင်းသားတွေကို ထိန်းကျောင်းပေးကြရတာပါပဲ ။ မကြာသေးခင်ကမှ တရုတ်နိုင်ငံက ကျောင်းဆရာတစ်ဦးဟာ 15နှစ်အရွယ်ကျောင်းသားလေးကို စည်းမဲ့ကမ်းမဲ့ယာဉ်မောင်းလို့ဆိုပြီးဆူဆဲမိရာမှ ကျောင်းသားလေးက ဆရာရဲ့ခေါင်းတည့်တည့်ကို အုတ်ခဲနှင့် 9 ကြိမ်ခန့်ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ Huang Tao အမည်ရှိတဲ့ကျောင်းဆရာဟာ Yan အမည်ရှိတဲ့ကျောင်းသားကို ကျောင်းဝန်းထဲမှာ စည်းမဲ့ကမ်းမဲ့ယာဉ်မောင်းလို့ ဆူဆဲရာ စိတ်ဆိုးဒေါသထွက်ခဲ့တဲ့ ကျောင်းသားက စာသင်ခန်းထဲဝင်ရောက်သွားတဲ့ ဆရာရဲ့အနောက်ကိုလိုက်ပြီးနောက် အုတ်ခဲနဲ့ဆရာဖြစ်သူ၏ဦးခေါင်းကို အကြိမ်ကြိမ်ထုရိုက်ပစ်ခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ October လ ကတည်းကဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဆိုပါအချိန်ကတည်းက Mr.Tao ဟာ ကိုမာဖြစ်သွားခဲ့ပြီး အချိန်အတော်ကြာ သတိလစ်မေ့မျောနေခဲ့တာပါ ။ ထို့နောက် Mr.Tao ဟာ အချိန်အတော်ကြာ အာဟာရဓာတ်ကို လက်မခံနိုင်တော့တဲ့အဆုံး ဦးခေါင်း နှင့် အဆုတ် တို့မှာလည်း ထိခိုက်ပျက်ဆီးမှုများ ပိုဆိုးရွားလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ February 14 ရက်နေ့ 2020 မှာတော့ Mr.Tao ဟာ သေဆုံးသွားခဲ့ပါတော့တယ် ။

Mr.Tao ရဲ့ဇနီးဖြစ်သူမှာတော့ အသုဘသို့ရောက်ရှိလာသော ကျောင်းသားများ ၊မိဘများကို ကျေးဇူးတင်ကြောင်း social media ပေါ်မှာဝေမျှခဲ့တဲ့အပြင် ၊ Mr. Tao ဟာ ဆရာကောင်းတစ်ယောက် ၊ ခင်ပွန်းကောင်းတစ်ယောက် နှင့် သားကောင်းတစ်ယောက်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment