အိပ်နေတာကိုသာ Live လွင့်ပြခဲ့ပေမဲ့ ကြည့်ရှုသူအများအပြားရရှိခဲ့ပြီး နာမည်ကြီးခဲ့တဲ့ အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Internet မှာက လူတွေရဲ့ထူးခြားတဲ့ လူနေမှုပုံစံတွေကို မျိုးစုံဖော်ပြထားတဲ့နေရာလို့ပြောရမှာပါပဲ ။ ဥပမာ သင်က သူစိမ်းတစ်ယောက်အိပ်နေတာကို ကြည့်ရတာကြိုက်နှစ်သက်သူဆိုရင်တော့ Johorean AC Hami အမည်ရှိတဲ့ အမျိုးသားရဲ့ Facebook စာမျက်နှာကို follow လိုက်ထားသင့်ပါတယ် ။ ဘာလို့လည်းဆိုတော့ အဆိုပါအမျိုးသားဟာ သူရဲ့အိပ်နေတဲ့ပုံစံကိုသာ Live လွင့်ပြခဲ့ပေမဲ့လည်း လူအများက ကြိုက်နှစ်သက်ခဲ့ကြပြီး ကြည့်ရှုသူပေါင်း 60,000 အထိရှိနေခဲ့လို့ပါပဲ ။ ထို့အပြင် ” အနားယူရမဲ့နေ့တွေဆိုရင် ၊ ဘာလုပ်မလဲဆိုပြီး စဉ်းစားကြလိမ့်မယ် ၊ ဒါပေမဲ့ ပထမဆုံးတော့ အိပ်ယာထဲမှာ သက်သောင့်သက်သာ အနားယူဖို့ပါပဲ ” ဆိုတဲ့ caption လေးကိုပါ ရေးထားပါသေးတယ် ။

ဒါ့အပြင် အိပ်ပျော်စေမယ့်နည်းလမ်း 3မျိုးကိုလည်း ဝေမျှထားပါသေးတယ် ။ ပထမအချက်ကတော့ ပါးစပ်ကနေ အသက်ရှုပြီး နှာခေါင်းကနေ အသက်ရှုထုတ်တာကို 3ကြိမ်ခန့်ပြုလုပ်ပါ ။ ဒုတိယအချက်ကတော့ ကိုယ့်ရဲ့စိတ်ကိုရှင်းရှင်းလင်းလင်းထားပြီး အမြောက်အလီတွေကို တတ်နိုင်သလောက်ပြုလုပ်နေပါ အိပ်မောကျသွားပါလိမ့်မယ် ၊ တတိယအချက်ကတော့ အိပ်ချင်နေပြီ ဆိုပြီးတော့သာ တွေးထားလိုက်ပါ ဆိုပြီး သူ၏ အိပ်မောကျစေမဲ့နည်းလမ်းကိုပါ ဝေမျှခဲ့ပါသေးတယ် ။

အဆိုပါအမျိုးသားရဲ့ Live ကို လူအများအပြား ကြည့်ရှုခဲ့ကြပြီး မထင်ထားလောက်တဲ့မျိုးစုံသော comment မျိုးကိုလည်း ပေးခဲ့ကြပါသေးတယ် ။ ထိုအမျိုးသားကတော့ သူ့ရဲ့ live ကိုကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ် ဆိုပြီးတော့သာ အကြောင်းပြန်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment