1ႏွစ္အရြယ္ကေလးငယ္ကို တစ္ေနကုန္ကားထဲမွာေမ့ၿပီးထားခဲ့မိတဲ့ ဖခင္ရဲ႕ မ႐ႈမလွအျဖစ္

ကေလးငယ္ေလးေတြ နဲ႔ တိရစာၦန္ေလးေတြကို မၾကာခဏကားထဲမွာ ပိတ္ၿပီးထားခဲ့မိၾကတဲ့အျဖစ္ကို ၾကံဳဖူး ၊ ေတြ႔ဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kuantan ၿမိဳ႕မွာ ေနထိုင္တဲ့အမ်ိဳးသားဟာ ကားရဲ႕အေနာက္ဖက္ထိုင္ခံုမွာ ပါလာခဲ့တဲ့ 12 လသားအရြယ္ကေလးငယ္ကို ေမ့ၿပီး ကားပါကင္မွာ ကားထိုးရင္း ကားထဲမွာေမ့ၿပီးထားခဲ့မိပါတယ္ ။ ကေလးငယ္ဟာ ပူေလာင္လြန္းတဲ့ အပူဒဏ္နဲ႔ အသက္႐ႈက်ပ္လြန္းတဲ့အျဖစ္ေၾကာင့္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ ထို႔ေနာက္ ဖခင္ျဖစ္သူဟာ တစ္ေနကုန္အလုပ္လုပ္ၿပီး ကားဆီသို႔ျပန္လာခါမွ ကားအေနာက္ဖက္ခံုမွာ အသက္မဲ့ေနၿပီျဖစ္တဲ့ ကေလးငယ္ကို ေတြ႔႐ွိခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွ က်ယ္ေလာင္စြာငိုေႂကြးၿပီး ေအာ္ဟစ္ေနခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ ေဒသခံတစ္ဦးက အဆိုပါအမ်ိဳးသားနဲ႔ ကေလးငယ္ကို ဆိုင္ကယ္ျဖင့္ နီးစပ္ရာေဆးေပးခန္းသို႔ ပို႔ေဆာင္ေပးခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ ကေလးငယ္ဟာ ေသဆံုးသြားခဲ့ျပီျဖစ္ပါတယ္ ။ ဒါေၾကာင့္ မိဘတစ္ေယာက္အေနနဲ႔ သတိလြတ္ၿပီး ယခုလိုကေလးငယ္ကိုကားထဲခ်န္ထားခဲ့မိတဲ့အတြက္ ႀကီးစြာေသာေနာင္တ နဲ႔ သင္ခန္းစာမ်ိဳး ရ႐ွိေနေလာက္ၿပီဆိုတာ ခန္႔မွန္းၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်လေးတွေ နဲ့ တိရစ္ဆာန်လေးတွေကို မကြာခဏကားထဲမှာ ပိတ်ပြီးထားခဲ့မိကြတဲ့အဖြစ်ကို ကြုံဖူး ၊ တွေ့ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuantan မြို့မှာ နေထိုင်တဲ့အမျိုးသားဟာ ကားရဲ့အနောက်ဖက်ထိုင်ခုံမှာ ပါလာခဲ့တဲ့ 12 လသားအရွယ်ကလေးငယ်ကို မေ့ပြီး ကားပါကင်မှာ ကားထိုးရင်း ကားထဲမှာမေ့ပြီးထားခဲ့မိပါတယ် ။ ကလေးငယ်ဟာ ပူလောင်လွန်းတဲ့ အပူဒဏ်နဲ့ အသက်ရှုကျပ်လွန်းတဲ့အဖြစ်ကြောင့် အသက်သေဆုံးသွားခဲ့ရပါတယ် ။ ထို့နောက် ဖခင်ဖြစ်သူဟာ တစ်နေကုန်အလုပ်လုပ်ပြီး ကားဆီသို့ပြန်လာခါမှ ကားအနောက်ဖက်ခုံမှာ အသက်မဲ့နေပြီဖြစ်တဲ့ ကလေးငယ်ကို တွေ့ရှိခဲ့ပါတော့တယ် ။ ထိုအချိန်မှ ကျယ်လောင်စွာငိုကြွေးပြီး အော်ဟစ်နေခဲ့ပါတော့တယ် ။

ထို့နောက် ဒေသခံတစ်ဦးက အဆိုပါအမျိုးသားနဲ့ ကလေးငယ်ကို ဆိုင်ကယ်ဖြင့် နီးစပ်ရာဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ ကလေးငယ်ဟာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ် ။ ဒါကြောင့် မိဘတစ်ယောက်အနေနဲ့ သတိလွတ်ပြီး ယခုလိုကလေးငယ်ကိုကားထဲချန်ထားခဲ့မိတဲ့အတွက် ကြီးစွာသောနောင်တ နဲ့ သင်ခန်းစာမျိုး ရရှိနေလောက်ပြီဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment