ဝူဟန္ၿမိဳ႕ကေနျပန္ေရာက္မလာခဲ့တဲ့သခင္ေၾကာင့္ ေနအိမ္မွာရက္ေပါင္းမ်ားစြာ ပိတ္မိေနခဲ့တဲ့ ေခြးေလးရဲ႕အျဖစ္ (႐ုပ္သံ)

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈ တစ္ရက္ၿပီးတစ္ရက္ျမင့္မားလာၿပီး ၊ အိမ္ေမြးတိရစာၦန္ေတြဆီကေနလည္း ကူးစက္ႏိုင္ေၾကာင္း သိ႐ွိလာၿပီးေနာက္ လူေတြဟာ သူတို႔ရဲ႕အိမ္ေမြးတိရစာၦန္ေလးေတြကို စြန္႔ပစ္ခဲ့ၾကတာ႐ွိေပမဲ့လည္း တစ္ခ်ိဳ႕မွာေတာ့ မေမ်ွာ္လင့္ဘဲထားရစ္ခဲ့ရတာမ်ိဳးလည္း ႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာေတာ့ သနားက်င္နာစိတ္႐ွိလြန္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ အိမ္ထဲမွာပိတ္မိေနခဲ့တဲ့ အိမ္နီးခ်င္းေခြးတစ္ေကာင္ကို အခ်ိန္အေတာ္ၾကာ ကူညီကယ္တင္ေပးခဲ့ပါတယ္ ။ျဖစ္စဥ္ကေတာ့ Zai Zai အမည္႐ွိတဲ့ေခြးေလးဟာ အစားအစာ ၊ ေသာက္ေရ ေတြမ႐ွိပဲ အိမ္ထဲမွာ ပိတ္ေလွာင္ျခင္းခံထားခဲ့ရပါတယ္ ။ ထိုအခ်ိန္မွာ အိမ္နီးခ်င္းျဖစ္တဲ့ Xu အမည္႐ွိတဲ့ အမ်ိဳးသမီးေလးဟာ ေခြးေလးကိုေတြ႔ျမင္ခဲ့ေပမဲ့လည္း အစပိုင္းမွာေတာ့ သတိမထားမိခဲ့ပါဘူး ။ ေနာက္ 3ရက္အၾကာမွ Zai Zai ေလးကို ျပန္ေတြ႔ခဲ့ခ်ိန္မွာေတာ့ ေခြးေလးဟာ ပုတင္းေပါက္မွာ လဲေနခဲ့ၿပီး အေတာ္ေလးကို ဆာေလာင္ေနကာ ေနမေကာင္းျဖစ္ေနပံုကိုေတြ႔႐ွိခဲ့လို႔ ေခြေလးဟာ အိမ္မွာတစ္ေယာက္တည္က်န္ေနခဲ့မွန္း Xu က သိခဲ့ပါေတာ့တယ္ ။

ထို႔အျပင္ ေခြးေလးရဲ႕ပိုင္႐ွင္ဟာ ခရီးထြက္ရင္း တစ္ေနရာရာမွာ ပိတ္မိေနလို႔ အိမ္မျပန္ႏိုင္တာျဖစ္ႏိုင္ေၾကာင္း Xu ကေတြးထင္ခဲ့ၿပီးေနာက္ ေခြးေလး႐ွိရာ ပုတင္းေပါက္ဆီသို႔ အစားအစာ ႏွင့္ ေရမ်ားကို တုတ္ေခ်ာင္းေလးႏွင့္ တြဲခ်ည္ၿပီ သူမေန႔တိုင္း ေခြးေလးကို ေကြၽးေမြးေစာင့္ေ႐ွာက္ခဲ့ပါတယ္ ။ 6 ရက္အၾကာမွာမွ Xu ဟာ ေခြးေလးရဲ႕ပိုင္႐ွင္ အိမ္မျပန္လာႏိုင္တဲ့အေၾကာင္းအရင္းကို သိ႐ွိခဲ့ရပါတယ္ ။ ေခြးေလးရဲ႕ပိုင္႐ွင္ဟာ ဝူဟန္ၿမိဳ႕သို႔ သြားေရာက္ခဲ့ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈကိုကာကြယ္ဖို႔ ၿမိဳ႕အဝင္အထြက္ကို ပိတ္လိုက္ရင္းနဲ႔ေနာက္ဆံုး ဝူဟန္ၿမိဳ႕မွာ ပိတ္မိေနခဲ့ၿပီးေနာက္ ယခုလို အိမ္မျပန္လာႏိုင္ေတာ့တာျဖစ္ပါတယ္ ။

သို႔ေပမဲ့လည္း ေခြးေလးရဲ႕ပိုင္႐ွင္ဟာ လံုျခံဳေရးအဖြဲ႔မ်ားကိုဆက္သြယ္ၿပီး အိမ္တံခါးဖ်က္ပစ္ၿပီးေနာက္ ေခြးေလးကိုကယ္တင္ေပးဖို႔ အကူအညီေတာင္းဆိုခဲ့ပါတယ္ ။ ေခြးေလးဟာ ယခုအခ်ိန္မွာေတာ့ တိရစာၦန္ထိန္းသိမ္းေစာင့္ေ႐ွာက္ေပးတဲ့ ေဂဟာမွာ ေရာက္႐ွိေနၿပီး ေပ်ာ္ရႊင္ေနလ်က္႐ွိပါတယ္ ။ Xu မွာေတာ့ ေခြးေလးကို စိတ္မခ်လို႔ မၾကာခဏသြားေရာက္လွည္ပတ္ေလ့႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တစ်ရက်ပြီးတစ်ရက်မြင့်မားလာပြီး ၊ အိမ်မွေးတိရစ္ဆာန်တွေဆီကနေလည်း ကူးစက်နိုင်ကြောင်း သိရှိလာပြီးနောက် လူတွေဟာ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို စွန့်ပစ်ခဲ့ကြတာရှိပေမဲ့လည်း တစ်ချို့မှာတော့ မမျှော်လင့်ဘဲထားရစ်ခဲ့ရတာမျိုးလည်း ရှိပါတယ် ။ ဒီတစ်ခေါက်မှာတော့ သနားကျင်နာစိတ်ရှိလွန်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထဲမှာပိတ်မိနေခဲ့တဲ့ အိမ်နီးချင်းခွေးတစ်ကောင်ကို အချိန်အတော်ကြာ ကူညီကယ်တင်ပေးခဲ့ပါတယ် ။ဖြစ်စဉ်ကတော့ Zai Zai အမည်ရှိတဲ့ခွေးလေးဟာ အစားအစာ ၊ သောက်ရေ တွေမရှိပဲ အိမ်ထဲမှာ ပိတ်လှောင်ခြင်းခံထားခဲ့ရပါတယ် ။ ထိုအချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ Xu အမည်ရှိတဲ့ အမျိုးသမီးလေးဟာ ခွေးလေးကိုတွေ့မြင်ခဲ့ပေမဲ့လည်း အစပိုင်းမှာတော့ သတိမထားမိခဲ့ပါဘူး ။ နောက် 3ရက်အကြာမှ Zai Zai လေးကို ပြန်တွေ့ခဲ့ချိန်မှာတော့ ခွေးလေးဟာ ပုတင်းပေါက်မှာ လဲနေခဲ့ပြီး အတော်လေးကို ဆာလောင်နေကာ နေမကောင်းဖြစ်နေပုံကိုတွေ့ရှိခဲ့လို့ ခွေလေးဟာ အိမ်မှာတစ်ယောက်တည်ကျန်နေခဲ့မှန်း Xu က သိခဲ့ပါတော့တယ် ။

ထို့အပြင် ခွေးလေးရဲ့ပိုင်ရှင်ဟာ ခရီးထွက်ရင်း တစ်နေရာရာမှာ ပိတ်မိနေလို့ အိမ်မပြန်နိုင်တာဖြစ်နိုင်ကြောင်း Xu ကတွေးထင်ခဲ့ပြီးနောက် ခွေးလေးရှိရာ ပုတင်းပေါက်ဆီသို့ အစားအစာ နှင့် ရေများကို တုတ်ချောင်းလေးနှင့် တွဲချည်ပြီ သူမနေ့တိုင်း ခွေးလေးကို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ် ။ 6 ရက်အကြာမှာမှ Xu ဟာ ခွေးလေးရဲ့ပိုင်ရှင် အိမ်မပြန်လာနိုင်တဲ့အကြောင်းအရင်းကို သိရှိခဲ့ရပါတယ် ။ ခွေးလေးရဲ့ပိုင်ရှင်ဟာ ဝူဟန်မြို့သို့ သွားရောက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ဖို့ မြို့အဝင်အထွက်ကို ပိတ်လိုက်ရင်းနဲ့နောက်ဆုံး ဝူဟန်မြို့မှာ ပိတ်မိနေခဲ့ပြီးနောက် ယခုလို အိမ်မပြန်လာနိုင်တော့တာဖြစ်ပါတယ် ။

သို့ပေမဲ့လည်း ခွေးလေးရဲ့ပိုင်ရှင်ဟာ လုံခြုံရေးအဖွဲ့များကိုဆက်သွယ်ပြီး အိမ်တံခါးဖျက်ပစ်ပြီးနောက် ခွေးလေးကိုကယ်တင်ပေးဖို့ အကူအညီတောင်းဆိုခဲ့ပါတယ် ။ ခွေးလေးဟာ ယခုအချိန်မှာတော့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဂေဟာမှာ ရောက်ရှိနေပြီး ပျော်ရွှင်နေလျက်ရှိပါတယ် ။ Xu မှာတော့ ခွေးလေးကို စိတ်မချလို့ မကြာခဏသွားရောက်လှည်ပတ်လေ့ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment