ၿမိဳ႕ထဲမွာဗံုးတစ္လံုးေပါက္ကြဲတိုင္း သမီးေလးမေၾကာက္ေအာင္ ဂိမ္းေဆာ့ျပီးသမီးေလးကို ရယ္ေမာေစခဲ့တဲ့ဖခင္ရဲ႕ရင္နင့္ဖြယ္ (႐ုပ္သံ)

အႏၱရာယ္မ်ားလြန္းတဲ့ စစ္ပြဲေတြၾကားထဲမွယ အသက္႐ွင္႐ုန္းကန္ေနရတာဟာ အေတာ္ေလးကို ခက္ခဲၾကမ္းတမ္းလြန္းလွပါတယ္ ။ သို႔ေပမဲ့လည္း Abdullah အမည္႐ွိတဲ့အမ်ိဳးသားကေတာ့ သူ႔ရဲ႕ 4ႏွစ္အရြယ္သမီးေလးတို႔ရဲ႕ လုပ္ရပ္က အေကာင္းဆံုးဥပမာတစ္ခုလို႔ေျပာရမွာပါပဲေလ ။ ျဖစ္စဥ္ကေတာ့ ၎တို႔ေနထိုင္ရာ ဆီးရီးယားႏိုင္ငံ ၊ Idlib ၿမိဳ႕ထဲသို႔ ဗံုးေျမာက္မ်ားစြာ ေပါက္ကြဲၿပီး ဆူညံေနေပမဲ့လည္း Abdullah ဟာ သူ႔ရဲ႕သမီးေလး Selva မေၾကာက္ေအာင္ ဗံုးတစ္လံုးကြဲတိုင္း ရယ္ေမာၾကမယ္ဆိုတဲ့ ရယ္ေမာရမဲ့ကစားနည္းေလးနဲ႔ သမီးေလးကို ေခ်ာ့ခဲ့ပါတယ္ ။

အဆိုပါ Video ကိုေတာ့ Ali Mustafa အမည္နဲ႔ Twitter အေကာင့္ပိုင္႐ွင္က ေဝမ်ွခဲ့တာျဖစ္ၿပီး ” ဝမ္းနည္းဖို႔ေကာင္းလြန္းလွတဲ့ ကမာၻႀကီး ၊ 4ႏွစ္အရြယ္သမီးေလး Selva အာရံုေျပာင္းေအာင္ သူ႔ရဲ႕အေဖ Abduallah က ဂိမ္းေဆာ့ကစားနည္းေလးျပဳလုပ္ခဲ့တယ္ ၊ ဆီးရီးယားႏိုင္ငံ Idlib ၿမိဳ႕မွာ ဗံုးတစ္ေခါက္ေပါက္ကြဲတိုင္း သူတို႔ရယ္ေမာခဲ့ၾကတယ္ ၊ အဲ့ေတာ့မွ သမီးေလးလည္း လံုးဝကိုမေၾကာက္ေတာ့ပါဘူး ” ဆိုတဲ့စာေလးနဲ႔ပါ ေရးၿပီး video ကိုေဝမ်ွခဲ့တာပါ ။ Video ထဲမွာေတာ့ သမီးေလးနဲ႔ ဖခင္ျဖစ္သူတို႔ဟာ စကားေျပာေနၾကရင္း အေနာက္ဖက္ကေန ေပါက္ကြဲသံၾကားရတဲ့အခ်ိန္မွာေတာ့ စကၠန္႔အနည္းငယ္ရပ္တန္႔ခဲ့ၾကၿပီးေနာက္ ႏွစ္ေယာက္သာ အေတာ္ေလးကို ရယ္ေမာခဲ့ၾကပါတယ္ ။

သမီးေလးကေတာ့ ေၾကာက္လန္႔မႈေၾကာင့္ ရယ္ေမာခဲ့တာ့ျဖစ္ၿပီး သူမရဲ႕ေၾကာက္လန္႔မႈက ဘယ္အခ်ိန္မွာမဆို သူမရဲ႕မိသားစု ၊ ေနအိမ္ နဲ႔ သူမဘဝကို ဆံုး႐ႈံးသြားႏိုင္လို႔ပါပဲ ။ သားအဖ ႏွစ္ေယာက္လံုး ရယ္ေမာေနၾကေပမဲ့ ဖခင္ျဖစ္သူရဲ႕ စိတ္ထဲက စိုးရိမ္ေၾကာက္လန္႔မႈေတြကိုေတာ့ အထင္းသားႀကီးျမင္ေတြ႔ႏိုင္ပါတယ္ ။ စစ္ပြဲေတြၾကားထဲက သမီးေလးကိုထိန္းေက်ာင္းျပဳစုေနရတဲ့ ဖခင္ဘဝ နဲ႔ စစ္ပြဲေတြၾကားထဲ ႀကီးထြားလာမဲ့ ကေလးငယ္ရဲ႕အနာဂတ္ကေတာ့ မေတြးဝံ့ႏိုင္ေလာက္ေအာင္ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အန္တရာယ်များလွန်းတဲ့ စစ်ပွဲတွေကြားထဲမှယ အသက်ရှင်ရုန်းကန်နေရတာဟာ အတော်လေးကို ခက်ခဲကြမ်းတမ်းလွန်းလှပါတယ် ။ သို့ပေမဲ့လည်း Abdullah အမည်ရှိတဲ့အမျိုးသားကတော့ သူ့ရဲ့ 4နှစ်အရွယ်သမီးလေးတို့ရဲ့ လုပ်ရပ်က အကောင်းဆုံးဥပမာတစ်ခုလို့ပြောရမှာပါပဲလေ ။ ဖြစ်စဉ်ကတော့ ၎င်းတို့နေထိုင်ရာ ဆီးရီးယားနိုင်ငံ ၊ Idlib မြို့ထဲသို့ ဗုံးမြောက်များစွာ ပေါက်ကွဲပြီး ဆူညံနေပေမဲ့လည်း Abdullah ဟာ သူ့ရဲ့သမီးလေး Selva မကြောက်အောင် ဗုံးတစ်လုံးကွဲတိုင်း ရယ်မောကြမယ်ဆိုတဲ့ ရယ်မောရမဲ့ကစားနည်းလေးနဲ့ သမီးလေးကို ချော့ခဲ့ပါတယ် ။

အဆိုပါ Video ကိုတော့ Ali Mustafa အမည်နဲ့ Twitter အကောင့်ပိုင်ရှင်က ဝေမျှခဲ့တာဖြစ်ပြီး ” ဝမ်းနည်းဖို့ကောင်းလွန်းလှတဲ့ ကမ္ဘာကြီး ၊ 4နှစ်အရွယ်သမီးလေး Selva အာရုံပြောင်းအောင် သူ့ရဲ့အဖေ Abduallah က ဂိမ်းဆော့ကစားနည်းလေးပြုလုပ်ခဲ့တယ် ၊ ဆီးရီးယားနိုင်ငံ Idlib မြို့မှာ ဗုံးတစ်ခေါက်ပေါက်ကွဲတိုင်း သူတို့ရယ်မောခဲ့ကြတယ် ၊ အဲ့တော့မှ သမီးလေးလည်း လုံးဝကိုမကြောက်တော့ပါဘူး ” ဆိုတဲ့စာလေးနဲ့ပါ ရေးပြီး video ကိုဝေမျှခဲ့တာပါ ။ Video ထဲမှာတော့ သမီးလေးနဲ့ ဖခင်ဖြစ်သူတို့ဟာ စကားပြောနေကြရင်း အနောက်ဖက်ကနေ ပေါက်ကွဲသံကြားရတဲ့အချိန်မှာတော့ စက္ကန့်အနည်းငယ်ရပ်တန့်ခဲ့ကြပြီးနောက် နှစ်ယောက်သာ အတော်လေးကို ရယ်မောခဲ့ကြပါတယ် ။

သမီးလေးကတော့ ကြောက်လန့်မှုကြောင့် ရယ်မောခဲ့တာ့ဖြစ်ပြီး သူမရဲ့ကြောက်လန့်မှုက ဘယ်အချိန်မှာမဆို သူမရဲ့မိသားစု ၊ နေအိမ် နဲ့ သူမဘဝကို ဆုံးရှုံးသွားနိုင်လို့ပါပဲ ။ သားအဖ နှစ်ယောက်လုံး ရယ်မောနေကြပေမဲ့ ဖခင်ဖြစ်သူရဲ့ စိတ်ထဲက စိုးရိမ်ကြောက်လန့်မှုတွေကိုတော့ အထင်းသားကြီးမြင်တွေ့နိုင်ပါတယ် ။ စစ်ပွဲတွေကြားထဲက သမီးလေးကိုထိန်းကျောင်းပြုစုနေရတဲ့ ဖခင်ဘဝ နဲ့ စစ်ပွဲတွေကြားထဲ ကြီးထွားလာမဲ့ ကလေးငယ်ရဲ့အနာဂတ်ကတော့ မတွေးဝံ့နိုင်လောက်အောင်ပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment