ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရမွာေၾကာက္လို႔ ပိုက္ဆံေတြကို ဆပ္ျပာရည္နဲ႔ေလ်ွာ္ဖြတ္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ကမာၻအႏွံ႔ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔လာတာနဲ႔အမ်ွ ေရာဂါကူးစက္ပ်ံ့ႏွံ႔ေနလ်က္႐ွိတဲ့ႏိုင္ငံေတြမွာေနထိုင္တဲ့သူေတြဟာ သူတို႔ကိုေရာဂါမကူးစက္ေအာင္ ႀကိဳတင္ကာကြယ္မႈေတြလိုတာထက္ပိုေအာင္ လုပ္ေဆာင္လာေနလ်က္႐ွိပါတယ္ ။ အထူးသျဖင့္ လက္ကိုဆပ္ျပာနဲ႔အျမဲ ေဆးေၾကာျခင္း ၊လက္ကိုင္ဖုန္းေတြကို သန္႔႐ွင္ေအာင္ထားျခင္း နဲ႔ ဓာတ္ေလွကားအသံုးျပဳမႈကို တတ္ႏိုင္သမ်ွေလ်ာ့ၿပီး ၊ လက္ကိုင္တန္းေတြကို မကိုင္ျခင္း စတာေတြပဲ ျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသားကေတာ့ ဘယ္သူကမွမေတြးထင္မိထားတဲ့အရာျဖစ္တဲ့ သူ႔ရဲ႕ ပိုက္ဆံေတြကို ဆပ္ျပာရည္နဲ႔ေလ်ွာ္ဖြတ္ခဲ့တာပဲ ျဖစ္ပါတယ္ ။

Facebook စာမ်က္ႏွာတစ္ခုမွာ ေဖာ္ျပထားတဲ့ video မွာဆိုရင္ အဆိုပါအမ်ိဳးသားဟာ ပိုက္ဆံေပၚမွာ႐ွိေနတတ္တဲ့ ဗိုင္းရပ္စ္ပိုးေတြမ႐ွိေတာ့ေအာင္ စင္ကာပူေဒၚလာပိုက္ဆံေတြကို ေရပံုးထဲမွာထည့္ထားတဲ့ ဆပ္ျပာရည္ေတြနဲ႔ ပြတ္ေဆးေနခဲ့တာပါ ။

ပိုက္ဆံဆိုတဲ့အရာက မထင္ထားေလာက္ေအာင္ ေနရာအႏွံ႔သို႔ေရာက္႐ွိေနတဲ့အရာတစ္ခုျဖစ္တဲ့အျပင္ ၊ ေထာင္ေပါင္းမ်ားစြာေသာ လူေတြရဲ႕ ထိေတြ႔ကိုင္တြယ္မႈကို ခံထားရတဲ့အရာျဖစ္ပါတယ္ ။ ဒါေၾကာင့္ ပိုက္ဆံေပၚမွာလည္း ဘတ္တီးရီးယားေရာဂါမ်ိဳးစံု႐ွိေနႏိုင္ပါတယ္ ။ သို႔ေပမဲ့လည္း ေရာဂါကာကြယ္ေအာင္ မိမိလက္ကိုေသခ်ာေဆးေၾကာႏိုင္ရင္ရၿပီဆိုေပမဲ့လည္း ယခုလိုပိုက္ဆံကိုေလ်ွာ္ဖြတ္ပစ္တာမ်ိဳးက နဲနဲေတာ့လြန္းသြားတယ္လို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာအနှံ့ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာတာနဲ့အမျှ ရောဂါကူးစက်ပျံ့နှံ့နေလျက်ရှိတဲ့နိုင်ငံတွေမှာနေထိုင်တဲ့သူတွေဟာ သူတို့ကိုရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်မှုတွေလိုတာထက်ပိုအောင် လုပ်ဆောင်လာနေလျက်ရှိပါတယ် ။ အထူးသဖြင့် လက်ကိုဆပ်ပြာနဲ့အမြဲ ဆေးကြောခြင်း ၊လက်ကိုင်ဖုန်းတွေကို သန့်ရှင်အောင်ထားခြင်း နဲ့ ဓာတ်လှေကားအသုံးပြုမှုကို တတ်နိုင်သမျှလျော့ပြီး ၊ လက်ကိုင်တန်းတွေကို မကိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားကတော့ ဘယ်သူကမှမတွေးထင်မိထားတဲ့အရာဖြစ်တဲ့ သူ့ရဲ့ ပိုက်ဆံတွေကို ဆပ်ပြာရည်နဲ့လျှော်ဖွတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

Facebook စာမျက်နှာတစ်ခုမှာ ဖော်ပြထားတဲ့ video မှာဆိုရင် အဆိုပါအမျိုးသားဟာ ပိုက်ဆံပေါ်မှာရှိနေတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေမရှိတော့အောင် စင်ကာပူဒေါ်လာပိုက်ဆံတွေကို ရေပုံးထဲမှာထည့်ထားတဲ့ ဆပ်ပြာရည်တွေနဲ့ ပွတ်ဆေးနေခဲ့တာပါ ။

ပိုက်ဆံဆိုတဲ့အရာက မထင်ထားလောက်အောင် နေရာအနှံ့သို့ရောက်ရှိနေတဲ့အရာတစ်ခုဖြစ်တဲ့အပြင် ၊ ထောင်ပေါင်းများစွာသော လူတွေရဲ့ ထိတွေ့ကိုင်တွယ်မှုကို ခံထားရတဲ့အရာဖြစ်ပါတယ် ။ ဒါကြောင့် ပိုက်ဆံပေါ်မှာလည်း ဘတ်တီးရီးယားရောဂါမျိုးစုံရှိနေနိုင်ပါတယ် ။ သို့ပေမဲ့လည်း ရောဂါကာကွယ်အောင် မိမိလက်ကိုသေချာဆေးကြောနိုင်ရင်ရပြီဆိုပေမဲ့လည်း ယခုလိုပိုက်ဆံကိုလျှော်ဖွတ်ပစ်တာမျိုးက နဲနဲတော့လွန်းသွားတယ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment