အိမ္သာသံုးစကၠဴ ေတြနဲ႔ Mask ျပဳလုပ္ၿပီး အျမတ္မ်ားေအာင္ ျပည္သူေတြကိုလွည့္စားေရာင္းခ်ခဲ့တဲ့ ကုမၸဏီ (႐ုပ္သံ)

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈ ျမင့္မားလာတာနဲ႔အမ်ွ လူေတြဟာ ေရာဂါကာကြယ္ဖို႔ mask ကိုအေလးထားၿပီး မ႐ွိမျဖစ္ပစၥည္းအေနနဲ႔ ဝယ္ယူလာၾကပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာစီးပြား႐ွင္မ်ားက ယခုလိုအခ်ိန္မွာ လူေတြကိုလွည့္စားၿပီး သူတို႔ရဲ႕ကိုယ္က်ိဳးအတြက္သာေတြးၿပီး စီးပြား႐ွာလာခဲ့ၾကပါတယ္ ။ အခ်ိဳ႕ေသာ ကုန္စံုဆိုင္ေတြက မတန္မဆေစ်းေတြနဲ႔ mask ကိုေစ်းတင္ၿပီး ေရာင္းခ်ေနၾကတဲ့အခ်ိန္မွာ ဗီယက္နမ္ႏိုင္ငံက ကုမၸဏီတစ္ခုကေတာ့ နည္းစနစ္အသစ္နဲ႔ mask ကို ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္ ။ Viet Han Company Ltd အမည္႐ွိတဲ့ အဆိုပါကုမၸဏီဟာ Hanoi ၿမိဳ႕မွာတည္႐ွိၿပီး လက္သုတ္ပဝါ နဲ႔ ပုံႏွိပ္စက္ ကုမၸဏီအျဖစ္မွတ္ပံုတင္ထားခဲ့တာျဖစ္ေပမဲ့လည္း ေနာက္ပိုင္းမွာ mask ကိုေျပာင္းလဲၿပီး ထုတ္လုပ္လာခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါကုမၸဏီသို႔ တာဝန္႐ွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ၎တို႔ျပဳလုပ္ခဲ့တဲ့ Mask မွာလိုအပ္တဲ့ antibacterial အလႊာ အစား အိမ္သာသံုးစကၠဴ ကိုအသံုးျပဳၿပီး mask ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္ ။

ဗီယက္နမ္ရဲ႕ သတင္းchannel တစ္ခုမွာ ေဖာ္ျပထားခဲ့တဲ့ video ထဲမွာဆိုရင္ mask ေတြဟာ ေရထဲထည့္လိုက္တာနဲ႔ အလြယ္တကူ ျပဲကာပ်က္ဆီးသြားခဲ့တဲ့အျပင္ ၊ ျပည္သူေတြကိုေရာင္းခ်ဖို႔ အဆိုပါ mask အတုေတြကို အခုေပါင္း 140,000 ခန္႔ အဆင္သင့္ျပဳလုပ္ထားခဲ့ၿပီး ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံႏွံမႈကို အခြင့္ေကာင္းယူၿပီး ယခုလိုပစၥည္းအတုမ်ားျပဳလုပ္ေရာင္းခ်ဖို႔ၾကံစည္ခဲ့တဲ့ ကုမၸဏီဟာလည္း ႀကီးေလးေသာျပစ္ဒဏ္မ်ိဳးခ်မွတ္ခံရဖို႔ ရင္ဆိုင္ေနရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်မားလာတာနဲ့အမျှ လူတွေဟာ ရောဂါကာကွယ်ဖို့ mask ကိုအလေးထားပြီး မရှိမဖြစ်ပစ္စည်းအနေနဲ့ ဝယ်ယူလာကြပါတယ် ။ သို့ပေမဲ့လည်း အချို့သောစီးပွားရှင်များက ယခုလိုအချိန်မှာ လူတွေကိုလှည့်စားပြီး သူတို့ရဲ့ကိုယ်ကျိုးအတွက်သာတွေးပြီး စီးပွားရှာလာခဲ့ကြပါတယ် ။ အချို့သော ကုန်စုံဆိုင်တွေက မတန်မဆဈေးတွေနဲ့ mask ကိုဈေးတင်ပြီး ရောင်းချနေကြတဲ့အချိန်မှာ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတစ်ခုကတော့ နည်းစနစ်အသစ်နဲ့ mask ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ် ။ Viet Han Company Ltd အမည်ရှိတဲ့ အဆိုပါကုမ္ပဏီဟာ Hanoi မြို့မှာတည်ရှိပြီး လက်သုတ်ပဝါ နဲ့ ပုံနှိပ်စက် ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားခဲ့တာဖြစ်ပေမဲ့လည်း နောက်ပိုင်းမှာ mask ကိုပြောင်းလဲပြီး ထုတ်လုပ်လာခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါကုမ္ပဏီသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ၎င်းတို့ပြုလုပ်ခဲ့တဲ့ Mask မှာလိုအပ်တဲ့ antibacterial အလွှာ အစား အိမ်သာသုံးစက္ကူ ကိုအသုံးပြုပြီး mask ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

ဗီယက်နမ်ရဲ့ သတင်းchannel တစ်ခုမှာ ဖော်ပြထားခဲ့တဲ့ video ထဲမှာဆိုရင် mask တွေဟာ ရေထဲထည့်လိုက်တာနဲ့ အလွယ်တကူ ပြဲကာပျက်ဆီးသွားခဲ့တဲ့အပြင် ၊ ပြည်သူတွေကိုရောင်းချဖို့ အဆိုပါ mask အတုတွေကို အခုပေါင်း 140,000 ခန့် အဆင်သင့်ပြုလုပ်ထားခဲ့ပြီး ဖြစ်ကြောင်းသိရှိရပါတယ် ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံမှုကို အခွင့်ကောင်းယူပြီး ယခုလိုပစ္စည်းအတုများပြုလုပ်ရောင်းချဖို့ကြံစည်ခဲ့တဲ့ ကုမ္ပဏီဟာလည်း ကြီးလေးသောပြစ်ဒဏ်မျိုးချမှတ်ခံရဖို့ ရင်ဆိုင်နေရလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment