ရဲစခန္းမွာ လက္ခလယ္ေထာင္ၿပီး selfies ဆြဲခဲ့တဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး အဖမ္းခံရ

လူတိုင္းကေတာ့ ကိုယ့္ရဲ႕ဓာတ္ပံုေတြကိုအလွပဆံုး ၊ ဆြဲေဆာင္မႈအ႐ွိဆံုးျဖစ္ခ်င္ၾကမွာပါ ။ တစ္ခါတစ္ေလမွာေတာ့ တစ္ခ်ိဳ႕ေသာသူေတြဟာျဖစ္သင့္ျဖစ္ထိုက္တာထက္ ေတာ္ေတာ္ေလးပိုၿပီး လြန္ကဲသြားတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံ မွာေနထိုင္တဲ့ အသက္ 19ႏွစ္အရြယ္ေကာင္ေလးဟာ ရဲစခန္းထဲမွာ ညစ္ညမ္းနဲ႔လကၡဏာျဖစ္တဲ့ လက္ခလယ္ကိုေထာင္ၿပီး selfies ဆြဲခဲ့တဲ့အတြက္ အဖမ္းခံခဲ့ရပါတယ္ ။ျဖစ္စဥ္ကေတာ့ Mark Jhun Ejorcadas အမည္႐ွိတဲ့ေကာင္ေလးဟာ လုယက္မႈႏွင့္အဖမ္းခံခဲ့ရတဲ့အစ္ကိုျဖစ္သူကိုသြားေရာက္လည္ပတ္ခဲ့ခ်ိန္တုန္းက ဓာတ္ပံု႐ိုက္ခဲ့တာ ျဖစ္ပါတယ္ ။Mark ၏ေျပာျပခ်က္အရ အစ္ကိုျဖစ္သူကိုဖမ္းခ်ဳပ္ထားလို႔ ရဲအရာ႐ွိမ်ားကိုစိတ္ဆိုးေဒါသထြက္ျခင္းမ်ိဳးေၾကာင့္မဟုတ္ဘဲ သူ၏ social media အေကာင့္႐ွိ profile ဓာတ္ပံုကို ‘အမိုက္စားေလး’ ျဖစ္ခ်င္ခဲ့၍ဓာတ္ပံု႐ိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ Mark ဟာရဲအရာ႐ွိႏွစ္ေယာက္ကိုေနာက္ခံထားၿပီး ‘f*ck the police’ ဟုေအာ္ဟစ္ကာ လက္ခလယ္ေထာင္၍ selfie ဆြဲခဲ့ျခင္းျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ကံမေကာင္းစြာနဲ႔ပဲ ရဲအရာ႐ွိတစ္ေယာက္ကၾကားသြားခဲ့ၿပီး မေတာ္တေရာ္အျပဳအမႈမ်ားျဖင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေစမႈျဖင့္ အဆိုပါေနရာတြင္ပင္Markကို ဖမ္းဆီးခဲ့ပါတယ္ ။ညီအစ္ကိုႏွစ္ေယာက္လံုးေတာ့ ေထာင္ထဲမွာျပန္လည္ဆံုေတြ႔ႏိုင္ေခ်႐ွိေၾကာင္းလည္း ခန္႔မွန္းခဲ့ၾကပါတယ္ ။

အဆိုပါအျဖစ္အပ်က္ႏွင့္ပက္သက္ၿပီး Mark ဟာလည္းသင္ခန္းစာရ႐ွိသြားမည္ဟုယူဆၾကၿပီး လူအမ်ားစုဟာလည္း ကိုယ့္၏အျပဳအမႈႏွင့္ အေျပာအဆိုမ်ားဟာ ကိုယ့္ကိုျပန္လည္ဒုကၡေရာက္ေစတတ္ေၾကာင္းသင္ခန္းစာတစ္ခုဟု သတ္မွတ္ခဲ့ၾကၿပီး ၊ အျခားလူအနည္းစုကေတာ့ ၎ကိစၥေလးျဖင့္ Mark ကိုဖမ္းဆီးထိန္းသိမ္းျခင္းဟာ တရားလြန္လြန္းေၾကာင္း အမ်ိဳးမ်ိဳးသံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရဲစခန်းမှာ လက်ခလယ်ထောင်ပြီး selfies ဆွဲခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး အဖမ်းခံရ

လူတိုင်းကတော့ ကိုယ့်ရဲ့ဓာတ်ပုံတွေကိုအလှပဆုံး ၊ ဆွဲဆောင်မှုအရှိဆုံးဖြစ်ချင်ကြမှာပါ ။ တစ်ခါတစ်လေမှာတော့ တစ်ချို့သောသူတွေဟာဖြစ်သင့်ဖြစ်ထိုက်တာထက် တော်တော်လေးပိုပြီး လွန်ကဲသွားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ မှာနေထိုင်တဲ့ အသက် 19နှစ်အရွယ်ကောင်လေးဟာ ရဲစခန်းထဲမှာ ညစ်ညမ်းနဲ့လက္ခဏာဖြစ်တဲ့ လက်ခလယ်ကိုထောင်ပြီး selfies ဆွဲခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ် ။ဖြစ်စဉ်ကတော့ Mark Jhun Ejorcadas အမည်ရှိတဲ့ကောင်လေးဟာ လုယက်မှုနှင့်အဖမ်းခံခဲ့ရတဲ့အစ်ကိုဖြစ်သူကိုသွားရောက်လည်ပတ်ခဲ့ချိန်တုန်းက ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ် ။Mark ၏ပြောပြချက်အရ အစ်ကိုဖြစ်သူကိုဖမ်းချုပ်ထားလို့ ရဲအရာရှိများကိုစိတ်ဆိုးဒေါသထွက်ခြင်းမျိုးကြောင့်မဟုတ်ဘဲ သူ၏ social media အကောင့်ရှိ profile ဓာတ်ပုံကို ‘အမိုက်စားလေး’ ဖြစ်ချင်ခဲ့၍ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ထို့အပြင် Mark ဟာရဲအရာရှိနှစ်ယောက်ကိုနောက်ခံထားပြီး ‘f*ck the police’ ဟုအော်ဟစ်ကာ လက်ခလယ်ထောင်၍ selfie ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။ကံမကောင်းစွာနဲ့ပဲ ရဲအရာရှိတစ်ယောက်ကကြားသွားခဲ့ပြီး မတော်တရော်အပြုအမှုများဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေမှုဖြင့် အဆိုပါနေရာတွင်ပင်Markကို ဖမ်းဆီးခဲ့ပါတယ် ။ညီအစ်ကိုနှစ်ယောက်လုံးတော့ ထောင်ထဲမှာပြန်လည်ဆုံတွေ့နိုင်ချေရှိကြောင်းလည်း ခန့်မှန်းခဲ့ကြပါတယ် ။

အဆိုပါအဖြစ်အပျက်နှင့်ပက်သက်ပြီး Mark ဟာလည်းသင်ခန်းစာရရှိသွားမည်ဟုယူဆကြပြီး လူအများစုဟာလည်း ကိုယ့်၏အပြုအမှုနှင့် အပြောအဆိုများဟာ ကိုယ့်ကိုပြန်လည်ဒုက္ခရောက်စေတတ်ကြောင်းသင်ခန်းစာတစ်ခုဟု သတ်မှတ်ခဲ့ကြပြီး ၊ အခြားလူအနည်းစုကတော့ ၎င်းကိစ္စလေးဖြင့် Mark ကိုဖမ်းဆီးထိန်းသိမ်းခြင်းဟာ တရားလွန်လွန်းကြောင်း အမျိုးမျိုးသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ရဲစခန္းမွာ လက္ခလယ္ေထာင္ၿပီး selfies ဆြဲခဲ့တဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး အဖမ္းခံရ"

Leave a comment

Your email address will not be published.


*