ေသနတ္နဲ႔ၿခိမ္းေျခာက္ၿပီး ပိုက္ဆံေတာင္းရမ္းခဲ့လို႔ အဖမ္းခံခဲ့ရတဲ့ ကေလးငယ္

ၿမိဳ ့ၾကီးအေတာ္မ်ားမ်ားေတြမွာဆိုရင္ အသက္အရြယ္မ်ိဳးစံုေတာင္းရမ္းစားေသာက္ေနၾကသူေတြကို ေတြ႔ဖူးၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ မေလး႐ွားႏိုင္ငံ ၊ Lahad Datu ၿမိဳ႕မွာေနထိုင္တဲ့ ကေလးငယ္ရဲ႕ ပိုက္ဆံေတာင္းရမ္းပံုဟာ ၾကမ္းတမ္းလြန္းလို႔ ရဲအရာ႐ွိေတြရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါကေလးငယ္ဟာ ၿမိဳ႕ရဲ႕လမ္းမႀကီးတစ္ေနရာမွာ မီးပြိဳင့္မိေနခဲ့တဲ့ ကားတစ္စီးအနားသို႔သြားၿပီး ကားသမားကို အ႐ုပ္ေသနတ္ျဖင့္ၿခိမ္းေျခာက္ကာ ပိုက္ဆံေတာင္းရမ္းခဲ့တာပါ ။

ရဲအရာ႐ွိေတြဟာလည္း တိုင္ၾကားမႈလက္ခံရ႐ွိတာနဲ႔ခ်က္ခ်င္း အခင္းျဖစ္ပြားရာေနရာသို႔ေရာက္႐ွိသြားခဲ့ၾကၿပီးေနာက္ ကေလးငယ္ကို ဖမ္းဆီးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ကေလးငယ္တစ္ေယာက္ထဲတင္မဟုတ္ပါဘူး ။ အဆိုပါျပစ္မႈကဲ့သို႔ ဖမ္းဆီးထိန္းသိမ္းခံရသူေပါင္း 15 ေယာက္ခန္႔႐ွိေၾကာင္း ရဲအရာ႐ွိမ်ားက ထုတ္ျပန္ေၾကညာခဲ့ပါတယ္ ။ ထို႔အျပင္ ျပစ္မႈက်ဴ းလြန္သူမ်ားဟာ တရားဝင္ေနထိုင္တဲ့ သက္ေသခံကတ္ျပားေတြ မ႐ွိသူေတြျဖစ္ၾကပါတယ္ ။ ဖမ္းဆီးခံထားရတဲ့ 15 ေယာက္ထဲမွ 11 ေယာက္ဟာ ကေလးငယ္မ်ားျဖစ္ၾကၿပီး ၊ အသက္ 31ႏွစ္အရြယ္အမ်ိဳးသားမွာေတာ့ အသက္အႀကီးဆံုးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါကေလးငယ္ရဲ႕ ေဆာ့ကစားစရာေသနတ္ကိုေတာ့ မိခင္ျဖစ္သူကဝယ္ေပးထားခဲ့တာျဖစ္ၿပီး သူမရဲ႕ကေလးေတြ အတူတကြေဆာ့ကစားဖို႔ရည္ရြယ္ၿပီး ဝယ္ယူခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ လက္႐ွိမွာေတာ့ အဆိုပါအျဖစ္အပ်က္ကို ဆက္လက္ၿပီး စံုစမ္းစစ္ေဆးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မြို့ကြီးအတော်များများတွေမှာဆိုရင် အသက်အရွယ်မျိုးစုံတောင်းရမ်းစားသောက်နေကြသူတွေကို တွေ့ဖူးကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံ ၊ Lahad Datu မြို့မှာနေထိုင်တဲ့ ကလေးငယ်ရဲ့ ပိုက်ဆံတောင်းရမ်းပုံဟာ ကြမ်းတမ်းလွန်းလို့ ရဲအရာရှိတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါကလေးငယ်ဟာ မြို့ရဲ့လမ်းမကြီးတစ်နေရာမှာ မီးပွိုင့်မိနေခဲ့တဲ့ ကားတစ်စီးအနားသို့သွားပြီး ကားသမားကို အရုပ်သေနတ်ဖြင့်ခြိမ်းခြောက်ကာ ပိုက်ဆံတောင်းရမ်းခဲ့တာပါ ။

ရဲအရာရှိတွေဟာလည်း တိုင်ကြားမှုလက်ခံရရှိတာနဲ့ချက်ချင်း အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိသွားခဲ့ကြပြီးနောက် ကလေးငယ်ကို ဖမ်းဆီးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်တစ်ယောက်ထဲတင်မဟုတ်ပါဘူး ။ အဆိုပါပြစ်မှုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း 15 ယောက်ခန့်ရှိကြောင်း ရဲအရာရှိများက ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ ထို့အပြင် ပြစ်မှုကျူ းလွန်သူများဟာ တရားဝင်နေထိုင်တဲ့ သက်သေခံကတ်ပြားတွေ မရှိသူတွေဖြစ်ကြပါတယ် ။ ဖမ်းဆီးခံထားရတဲ့ 15 ယောက်ထဲမှ 11 ယောက်ဟာ ကလေးငယ်များဖြစ်ကြပြီး ၊ အသက် 31နှစ်အရွယ်အမျိုးသားမှာတော့ အသက်အကြီးဆုံးဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါကလေးငယ်ရဲ့ ဆော့ကစားစရာသေနတ်ကိုတော့ မိခင်ဖြစ်သူကဝယ်ပေးထားခဲ့တာဖြစ်ပြီး သူမရဲ့ကလေးတွေ အတူတကွဆော့ကစားဖို့ရည်ရွယ်ပြီး ဝယ်ယူခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ အဆိုပါအဖြစ်အပျက်ကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment