ဦးေႏွာက္ခြဲစိတ္မႈျပဳလုပ္ေနတုန္း တေယာထိုးေနခဲ့တဲ့ အမိ်ဳးသမီး (႐ုပ္သံ)

ဦးေႏွာက္မွာ အသားပိုထြက္ေနလို႔ ခြဲစိတ္ကုသမႈခံယူေနရတဲ့ အသက္ 53ႏွစ္အရြယ္အမ်ိဳးသမီးဟာ ဦးေႏွာက္ခြဲစိတ္ကုသမႈျပဳလုပ္ေနတုန္း တေယာထိုးေနခဲ့ပါတယ္ ။ Dagmar Tumer အမည္႐ွိတဲ့သူမဟာ ကြၽမ္းက်င္ တေယာထိုးပညာ႐ွင္တစ္ဦးျဖစ္ၿပီး သူမဦးေႏွာက္ညာဖက္ျခမ္းဟာ အသားပိုထြက္ေနခဲ့တာပါ ။ အဆိုပါအသားပိုေပါက္ေနတဲ့ သူမရဲ႕ဦးေႏွာက္ဧရိယာဟာ သူမရဲ႕ဘယ္ဖက္လက္လႈပ္႐ွားမႈကို အဓိကလႈပ္ေဆာင္ေပးေနတဲ့အပိုင္းလည္းျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း Dagmar ကေတာ့ ” တေယာက ကြၽန္မရဲ႕ စိတ္အားထက္သန္မႈပါပဲ ၊ ကြၽန္မ အသက္ 10ႏွစ္အရြယ္ကတည္းက တေယာထိုးလာခဲ့တာပါ ၊ ကြၽန္မရဲ႕ တေယာထိုးႏိုင္တဲ့အရည္အခ်င္းေတြကို ဆံုး႐ႈံးလိုက္ရမယ္လို႔ ေတြးမိတိုင္း ကြၽန္မရင္ကြဲရေလာက္တဲ့အထိ ခံစားရပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

Dagmar ကို ခြဲစိတ္ကုသေပးတဲ့ ဆရာဝန္မွာေတာ့ သူမရဲ႕ဂီတစြမ္းရည္ေတြကို မပ်က္ဆီးေစလို၍ ယခုလိုခြဲစိတ္မႈျပဳလုပ္ေနစဥ္ တေယာထိုးေစခိုင္းခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ တေယာထိုးေနတဲ့လူနာကို ခြဲစိတ္ေပးခဲ့ရတာလည္း ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။ ခြဲစိတ္ကုသမႈမျပဳလုပ္ခင္ 2နာရီအလိုမွာ Dagmar တေယာထိုးရင္ သူမရဲ႕ဦးေႏွာက္ရဲ႕ ဘယ္ဖက္အပိုင္းက ပိုၿပီးလႈပ္႐ွားလည္း ဆိုတာကိုပါ အရင္စစ္ေဆးခဲ့တာပါ ။

သို႔ေပမဲ့လည္း ေအာင္ျမင္စြာနဲ႔ သူမရဲ႕ဦးေႏွာက္အတြင္းမွာ႐ွိေနတဲ့ အသာပိုရဲ႕ 90% ထက္ပိုၿပီး ေအာင္ျမင္စြာ ခြဲထုတ္ႏိုင္ခဲ့ပါတယ္ ။ ထို႔အျပင္ Dagmar ဟာ ခြဲစိတ္ကုသမႈခံယူၿပီး 3ရက္အၾကာမွာေတာ့ ေဆးရံုကေန ဆင္းႏိုင္ၿပီျဖစ္ေၾကာင္း ခန္႔မွန္းထားပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဦးနှောက်မှာ အသားပိုထွက်နေလို့ ခွဲစိတ်ကုသမှုခံယူနေရတဲ့ အသက် 53နှစ်အရွယ်အမျိုးသမီးဟာ ဦးနှောက်ခွဲစိတ်ကုသမှုပြုလုပ်နေတုန်း တယောထိုးနေခဲ့ပါတယ် ။ Dagmar Tumer အမည်ရှိတဲ့သူမဟာ ကျွမ်းကျင် တယောထိုးပညာရှင်တစ်ဦးဖြစ်ပြီး သူမဦးနှောက်ညာဖက်ခြမ်းဟာ အသားပိုထွက်နေခဲ့တာပါ ။ အဆိုပါအသားပိုပေါက်နေတဲ့ သူမရဲ့ဦးနှောက်ဧရိယာဟာ သူမရဲ့ဘယ်ဖက်လက်လှုပ်ရှားမှုကို အဓိကလှုပ်ဆောင်ပေးနေတဲ့အပိုင်းလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း Dagmar ကတော့ ” တယောက ကျွန်မရဲ့ စိတ်အားထက်သန်မှုပါပဲ ၊ ကျွန်မ အသက် 10နှစ်အရွယ်ကတည်းက တယောထိုးလာခဲ့တာပါ ၊ ကျွန်မရဲ့ တယောထိုးနိုင်တဲ့အရည်အချင်းတွေကို ဆုံးရှုံးလိုက်ရမယ်လို့ တွေးမိတိုင်း ကျွန်မရင်ကွဲရလောက်တဲ့အထိ ခံစားရပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

Dagmar ကို ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်မှာတော့ သူမရဲ့ဂီတစွမ်းရည်တွေကို မပျက်ဆီးစေလို၍ ယခုလိုခွဲစိတ်မှုပြုလုပ်နေစဉ် တယောထိုးစေခိုင်းခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် တယောထိုးနေတဲ့လူနာကို ခွဲစိတ်ပေးခဲ့ရတာလည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ ခွဲစိတ်ကုသမှုမပြုလုပ်ခင် 2နာရီအလိုမှာ Dagmar တယောထိုးရင် သူမရဲ့ဦးနှောက်ရဲ့ ဘယ်ဖက်အပိုင်းက ပိုပြီးလှုပ်ရှားလည်း ဆိုတာကိုပါ အရင်စစ်ဆေးခဲ့တာပါ ။

သို့ပေမဲ့လည်း အောင်မြင်စွာနဲ့ သူမရဲ့ဦးနှောက်အတွင်းမှာရှိနေတဲ့ အသာပိုရဲ့ 90% ထက်ပိုပြီး အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ပါတယ် ။ ထို့အပြင် Dagmar ဟာ ခွဲစိတ်ကုသမှုခံယူပြီး 3ရက်အကြာမှာတော့ ဆေးရုံကနေ ဆင်းနိုင်ပြီဖြစ်ကြောင်း ခန့်မှန်းထားပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment