စားေသာက္ဆိုင္အထဲထိဝင္ၿပီး အုပ္စုဖြဲ႔ကာခိုးယူမႈျပဳလုပ္ခဲ့ၾကတဲ့ သူေတြရဲ႕ (႐ုပ္သံ)

သူခိုးေတြ ၊ လုယက္သူေတြဟာ လူထူထပ္တဲ့ေနရာေတြမွာ အေတြ႔မ်ားေလ့႐ွိၾကၿပီး တစ္ခါတစ္ေလကိုယ္မသိလိုက္တဲ့အခ်ိန္ေတြမွာေတာင္ ကိုယ့္ဆီက လုယူခံလိုက္ရတာမ်ိဳး ျဖစ္တတ္ပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ video ထဲမွာေတာ့ ေန႔ခင္းေၾကာင္ေတာင္ စားေသာက္ဆိုင္အထဲထိဝင္ၿပီး ခိုးယူမႈျပဳလုပ္ခဲ့ၾကတာပါပဲ ။ Video ထဲမွာေတာ့ စံုတြဲတစ္တြဲဟာ ဆိုင္ထဲမွာေအးေအးေဆးေဆး ႏွစ္ေယာက္သားစကားေျပာၿပီး စားေသာက္ေနခဲ့ၾကတာပါ ။ ထိုအခ်ိန္မွာေတာ့ ေဘးဝိုင္းမွာ႐ွိေနတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ အမ်ိဳးသားနွစ္ေယာက္တို႔ဟာ ဝိုင္းဖြဲ႔ထိုင္ေနၿပီးေနာက္ ခဏအၾကာမွာေတာ့ ခိုးယူဖို႔စီစဥ္ခဲ့ၾကၿပီး ေနရာလဲထိုင္ခဲ့ၾကပါတယ္ ။

ထိုအခ်ိန္မွာေတာ့ တီ႐ွပ္အျဖဴ ေရာင္နဲ႔အမ်ိဳးသားဟာ စားေသာက္ေနတဲ့စံုတြဲအနီးထိုင္လိုက္ၿပီးေနာက္ အိတ္အျဖဴ ေရာင္ႏွင့္ သူ၏လက္ကိုကာထားၿပီး အဆိုပါစံုတြဲဆီမွ ပစၥည္းမ်ားခိုးယူေနခဲ့ပါေတာ့တယ္ ။ က်န္အျခားႏွစ္ေယာက္မွာလည္း အျခားသူေတြနဲ႔ စံုတြဲႏွစ္ေယာက္ရဲ႕ အေျခအေနကိုေစာင့္ၾကည့္ေပးေနၿပီး အုပ္စုဖြဲ႔ခိုးယူမႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္ ။

ထို႔အျပင္ မွာယူစားေသာက္မႈလံုးဝမ႐ွိဘဲ ခိုးယူၿပီးေနာက္မွာေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ စားပြဲဝိုင္းကေနမသိမသာေလး ထထြက္သြားခဲ့ၾကပါတယ္ ။ အဆိုပါ video ဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနေပမဲ့လည္း အဆိုပါသူခိုးအုပ္စုကိုေတာ့ ဖမ္းမိခဲ့လား ဆိုတဲ့တိက်တဲ့သတင္းေတာ့ ရ႐ွိခဲ့ျခင္းမ႐ွိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သူခိုးတွေ ၊ လုယက်သူတွေဟာ လူထူထပ်တဲ့နေရာတွေမှာ အတွေ့များလေ့ရှိကြပြီး တစ်ခါတစ်လေကိုယ်မသိလိုက်တဲ့အချိန်တွေမှာတောင် ကိုယ့်ဆီက လုယူခံလိုက်ရတာမျိုး ဖြစ်တတ်ပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video ထဲမှာတော့ နေ့ခင်းကြောင်တောင် စားသောက်ဆိုင်အထဲထိဝင်ပြီး ခိုးယူမှုပြုလုပ်ခဲ့ကြတာပါပဲ ။ Video ထဲမှာတော့ စုံတွဲတစ်တွဲဟာ ဆိုင်ထဲမှာအေးအေးဆေးဆေး နှစ်ယောက်သားစကားပြောပြီး စားသောက်နေခဲ့ကြတာပါ ။ ထိုအချိန်မှာတော့ ဘေးဝိုင်းမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်တို့ဟာ ဝိုင်းဖွဲ့ထိုင်နေပြီးနောက် ခဏအကြာမှာတော့ ခိုးယူဖို့စီစဉ်ခဲ့ကြပြီး နေရာလဲထိုင်ခဲ့ကြပါတယ် ။

ထိုအချိန်မှာတော့ တီရှပ်အဖြူ ရောင်နဲ့အမျိုးသားဟာ စားသောက်နေတဲ့စုံတွဲအနီးထိုင်လိုက်ပြီးနောက် အိတ်အဖြူ ရောင်နှင့် သူ၏လက်ကိုကာထားပြီး အဆိုပါစုံတွဲဆီမှ ပစ္စည်းများခိုးယူနေခဲ့ပါတော့တယ် ။ ကျန်အခြားနှစ်ယောက်မှာလည်း အခြားသူတွေနဲ့ စုံတွဲနှစ်ယောက်ရဲ့ အခြေအနေကိုစောင့်ကြည့်ပေးနေပြီး အုပ်စုဖွဲ့ခိုးယူမှုများ ပြုလုပ်ခဲ့ကြပါတယ် ။

ထို့အပြင် မှာယူစားသောက်မှုလုံးဝမရှိဘဲ ခိုးယူပြီးနောက်မှာတော့ တစ်ယောက်ပြီးတစ်ယောက် စားပွဲဝိုင်းကနေမသိမသာလေး ထထွက်သွားခဲ့ကြပါတယ် ။ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေပေမဲ့လည်း အဆိုပါသူခိုးအုပ်စုကိုတော့ ဖမ်းမိခဲ့လား ဆိုတဲ့တိကျတဲ့သတင်းတော့ ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment