အမ်ိဳးသမီးဝတ္အတြင္းခံေတြကိုခိုးၿပီး ေခါင္းအံုးမွာဝတ္ထားခိုင္းခဲ့တဲ့ အမ်ိဳးသားဖမ္းဆီးခံရ

မေလး႐ွားႏိုင္ငံ ၊ Melaka ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 51 ႏွစ္အရြယ္အမ်ိဳးသားဟာ မိန္းမဝတ္အတြင္းခံေတြကိုအေျမာက္အမ်ားခိုးယူမႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ ခိုးယူမႈေတြကို ၿပီးခဲ့တဲ့ 2019 ခုႏွစ္ ႏိုဝင္ဘာလ ကတည္က စတင္ၿပီးခိုးယူခဲ့တာျဖစ္ၿပီး ၊ ခိုးယူခဲ့ေသာ အမ်ိဳးသမီးဝတ္အတြင္းခံေတြကို ေခါင္းအံုးမွာဝတ္ခိုင္းေစၿပီး sex doll အေနျဖင့္ အသံုးခ်ခဲ့ပါေသးတယ္ ။ အဆိုပါအမ်ိဳးသားရဲ႕ ခိုးယူမႈကို CCTV ကင္မရာကေန ဖမ္းယူမိခဲ့တာျဖစ္ၿပီး ၊ တိုင္ၾကားမႈကို ခိုးယူမႈျပဳလုပ္ခဲ့တဲ့အိမ္ရဲ႕ ပိုင္ရွင္အမ်ိဳးသမီးက တိုင္ၾကားခဲ့တာျဖစ္ေၾကာင္း ရဲအရာ႐ွိမ်ားက ေျပာဆိုခဲ့ပါတယ္ ။

ျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့ February 18 ရက္ေန႔က အိမ္႐ွင္အမ်ိဳးသမီးဟာ သူမရဲ႕အတြင္းခံ နဲ႔ သမီးျဖစ္သူရဲ႕အတြင္းခံေတြ ေပ်ာက္ဆံုးေနခဲ့လို႔ အဆိုပါေနရာက CCTV ကို စစ္ေဆးလိုက္ခ်ိန္မွာေတာ့ သူစိမ္းအမ်ိဳးသားတစ္ဦးဟာ သူမတို႔ရဲ႕ အိမ္ျခံစည္း႐ိုးေပၚကို ေက်ာ္ခြလာခဲ့ၿပီးေနာက္ အိမ္ဝန္းထဲမွာ လွန္းထားတဲ့အတြင္းခံဝတ္စံုေတြကို ခိုးယူၿပီး ထြက္ေျပးသြားခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ား စံုစမ္းစစ္ေဆးၿပီးေနာက္မွာေတာ့ တရားခံကို သူ၏ေနအိမ္အတြင္းမွာပဲ သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

တရားခံရဲ႕ေနအိမ္အတြင္းမွာေတာ့ အမ်ိဳးသမီးအတြင္ခံ အထည္ေပါင္း 40 ေက်ာ္ခန္႔ေတြ႔႐ွိခဲ့တဲ့အျပင္ ၊ ေခါင္းအံုမွာ အတြင္းခံေတြဝတ္ခိုင္းေစၿပီး sex doll အေနနဲ႔ အသံုးျပဳခဲ့တာကိုလည္း အံ့ၾသထိတ္လန္႔စြာ ေတြ႔ခဲ့ပါေသးတယ္ ။ စစ္ေဆးမႈအရ တရားခံအမ်ိဳးသားဟာ မူးယစ္ေဆးသံုးစြဲထားသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Melaka မြို့မှာနေထိုင်တဲ့ အသက် 51 နှစ်အရွယ်အမျိုးသားဟာ မိန်းမဝတ်အတွင်းခံတွေကိုအမြောက်အများခိုးယူမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ အဆိုပါအမျိုးသားဟာ ခိုးယူမှုတွေကို ပြီးခဲ့တဲ့ 2019 ခုနှစ် နိုဝင်ဘာလ ကတည်က စတင်ပြီးခိုးယူခဲ့တာဖြစ်ပြီး ၊ ခိုးယူခဲ့သော အမျိုးသမီးဝတ်အတွင်းခံတွေကို ခေါင်းအုံးမှာဝတ်ခိုင်းစေပြီး sex doll အနေဖြင့် အသုံးချခဲ့ပါသေးတယ် ။ အဆိုပါအမျိုးသားရဲ့ ခိုးယူမှုကို CCTV ကင်မရာကနေ ဖမ်းယူမိခဲ့တာဖြစ်ပြီး ၊ တိုင်ကြားမှုကို ခိုးယူမှုပြုလုပ်ခဲ့တဲ့အိမ်ရဲ့ ပိုင်ရှင်အမျိုးသမီးက တိုင်ကြားခဲ့တာဖြစ်ကြောင်း ရဲအရာရှိများက ပြောဆိုခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ February 18 ရက်နေ့က အိမ်ရှင်အမျိုးသမီးဟာ သူမရဲ့အတွင်းခံ နဲ့ သမီးဖြစ်သူရဲ့အတွင်းခံတွေ ပျောက်ဆုံးနေခဲ့လို့ အဆိုပါနေရာက CCTV ကို စစ်ဆေးလိုက်ချိန်မှာတော့ သူစိမ်းအမျိုးသားတစ်ဦးဟာ သူမတို့ရဲ့ အိမ်ခြံစည်းရိုးပေါ်ကို ကျော်ခွလာခဲ့ပြီးနောက် အိမ်ဝန်းထဲမှာ လှန်းထားတဲ့အတွင်းခံဝတ်စုံတွေကို ခိုးယူပြီး ထွက်ပြေးသွားခဲ့ပါတယ် ။ ရဲအရာရှိများ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ တရားခံကို သူ၏နေအိမ်အတွင်းမှာပဲ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ် ။

တရားခံရဲ့နေအိမ်အတွင်းမှာတော့ အမျိုးသမီးအတွင်ခံ အထည်ပေါင်း 40 ကျော်ခန့်တွေ့ရှိခဲ့တဲ့အပြင် ၊ ခေါင်းအုံမှာ အတွင်းခံတွေဝတ်ခိုင်းစေပြီး sex doll အနေနဲ့ အသုံးပြုခဲ့တာကိုလည်း အံ့သြထိတ်လန့်စွာ တွေ့ခဲ့ပါသေးတယ် ။ စစ်ဆေးမှုအရ တရားခံအမျိုးသားဟာ မူးယစ်ဆေးသုံးစွဲထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment