လောဘကြီးပြီး မရေမတွက်နိုင်လောက်တဲ့ပစ္စည်းတွေ ဘောင်းဘီထဲထည့်ပြီးခိုးယူခဲ့လို့ ဒုက္ခရောက်ခဲ့ရတဲ့အမျိုးသမီး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ပါးသူထံက ခိုးယူဖို့သာအမြဲချောင်းမြောင်းနေကြသူတွေကတော့ အခွင့်ရေးရရင် ရသလို လောဘကြီးပြီး အမြဲခိုးယူလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ခိုးယူတဲ့အကြိမ်တိုင်းတော့ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူးလေ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ စတိုးဆိုင်တစ်ခုကနေ မရေမတွက်နိုင်လောက်တဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို ခိုးယူခဲ့လို့ နာမည်ပြောင်တွေပေးခံရလောက်တဲ့အထိ နာမည်ကြီးနေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့လုပ်ရပ်ကိုရိပ်မိပြီး ဖမ်းယူစစ်ဆေးခဲ့ချိန်မှာတော့ သူမရဲ့လုပ်ရပ်ကိုဝန်ခံခဲ့ပြီး သူမဘောင်းဘီထဲထိုးထည့်ထားတဲ့ ပစ္စည်းအမျိုးအစားပေါင်းများစွာကို supermarket လက်တွန်းလှည်းထဲ ငိုယိုပြီးပြန်ထည့်နေတာကို video ထဲမှာ တွေ့ရှိရမှာပါ ။

ပိုပြီးဆိုးဝါးတာကတော့ သူမရဲ့ဘောင်းဘီထဲမှာ အစားအစာယိုဘူးတွေအပြင် ၊ ခေါင်းလျှော်ရည်ဗူး ၊ ဆပ်ပြာရည်ဗူးကြီး ပေါင်းများစွာထွက်လာခဲ့လို့ပါပဲ ။ လောဘကြီးပြီး ပစ္စည်းပေါင်းများစွာ ဘောင်းဘီထဲထိုးထည့်ပြီး လမ်းမလျှောက်နိုင်လောက်အောင် ခိုးယူခဲ့လို့ ဆိုင်ဝန်ထမ်းတွေ ရိပ်မိပြီးဖမ်းမိခဲ့တာလည်းဖြစ်ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစာ လူအများစုက သူမကိုနာမည်ပြောင်မျိုးစုံပေခဲ့တဲ့အပြင် ၊ သူမလို ဘောင်းဘီမျိုးရှိရင်ဖြင့် ပလပ်စတစ်အိတ်တွေတောင်မလိုတော့ကြောင်း မျိုးစုံစနောက်ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment