အသံုးျပဳၿပီးသား mask ေတြကိုစုေဆာင္းၿပီး ကုန္အမွတ္တံဆိပ္နဲ႔ ျပန္လည္ေရာင္းခ်ခဲ့ၾကတဲ့ (႐ုပ္သံ)

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈေၾကာင့္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ mask ဟာ လူသံုးအမ်ားဆံုးပစၥည္းျဖစ္ေနၿပီး ေရာင္းအားေကာင္းေနလ်က္႐ွိပါတယ္ ။ ဒါေၾကာင့္ အခ်ိဳ႕ေသာစီးပြားေရးသမားေတြဟာ အေ႐ွာင္ရရင္ရသလို အျခားသူေတြအတြက္မစဥ္းစားပဲ ၎တို႔၏စီးပြားေရးအက်ိဳးအျမတ္အတြက္ကိုသာ ဦးစားေပးလာခဲ့ၾကပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အင္ဒိုနီး႐ွားႏိုင္ငံက စက္ရံုတစ္ရံုရဲ႕လုပ္ရပ္ေၾကာင့္ ျပည္သူလူထုေတြကိုေၾကာက္စိတ္မႊန္းေစခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါစက္ရံုဟာ အသံုးျပဳၿပီးသား mask ေတြကိုျပည္လည္စုစည္းၿပီး ျပန္ၿပီးထုတ္လုပ္ေရာင္းခ်ခဲ့လို႔ပါပဲ ။

အဆိုပါ video ကိုေတာ့ ၿပီးခဲ့တဲ့ February 19 ရက္ေန႔က အမ်ိဳးသားတစ္ေယာက္ဟာ တိတ္တဆိတ္႐ိုက္ကူးခဲ့တာ့ဖစ္ၿပီး ၊ အသံုးျပဳၿပီးသား mask ေတြကို Mariana အမည္႐ွိတဲ့သူက ျပန္လည္ဝယ္ယူေပးေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ ပိုၿပီး အံ့ၾသေစတာကေတာ့ အဆိုပါ mask ေတြအေပၚ လူႏွစ္ေယာက္က တက္နင္းၿပီးလမ္းေလ်ွာက္သြားခဲ့လို႔ပါပဲ ။ ထို႔အျပင္ အဆိုပါ mask ေတြဟာ ေဆးရံုကဝန္ထမ္းေတြ အသံုးျပဳၿပီးသား mask မ်ားျဖစ္ၾကတဲ့အျပင္ အဆိုပါ mask ေတြကို Solida ကုန္တံဆိပ္အမည္နဲ႔ ျပန္လည္ေရာင္းခ်ခဲ့တာျဖစ္ေၾကာင္းလည္း video ႐ိုက္ကူးခဲ့တဲ့အမ်ိဳးသားက ေရးသားေျပာဆိုခဲ့ပါေသးတယ္ ။

အဆိုပါ video ဟာ ျပည္သူလူထုအေတာ္မ်ားမ်ားကို စိတ္တုန္လႈပ္ေခ်ာက္ခ်ားေစခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း February 21 ရက္ေန႔မွာေတာ့ Solida အမည္႐ွိ mask ကုမၸဏီမွ ၎တို႔ဟာ နည္းစနစ္တက်နဲ႔ mask ေတြကိုသာ ထုတ္လုပ္ေရာင္းခ်ေၾကာင္း video ႏွင့္တကြ သက္ေသျပခဲ့ပါတယ္ ။ အဆိုပါျဖစ္ရပ္ကိုေတာ့ ဆက္လက္ၿပီးစံုစမ္းစစ္ေဆးေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံအတော်များများမှာ mask ဟာ လူသုံးအများဆုံးပစ္စည်းဖြစ်နေပြီး ရောင်းအားကောင်းနေလျက်ရှိပါတယ် ။ ဒါကြောင့် အချို့သောစီးပွားရေးသမားတွေဟာ အရှောင်ရရင်ရသလို အခြားသူတွေအတွက်မစဉ်းစားပဲ ၎င်းတို့၏စီးပွားရေးအကျိုးအမြတ်အတွက်ကိုသာ ဦးစားပေးလာခဲ့ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အင်ဒိုနီးရှားနိုင်ငံက စက်ရုံတစ်ရုံရဲ့လုပ်ရပ်ကြောင့် ပြည်သူလူထုတွေကိုကြောက်စိတ်မွှန်းစေခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါစက်ရုံဟာ အသုံးပြုပြီးသား mask တွေကိုပြည်လည်စုစည်းပြီး ပြန်ပြီးထုတ်လုပ်ရောင်းချခဲ့လို့ပါပဲ ။

အဆိုပါ video ကိုတော့ ပြီးခဲ့တဲ့ February 19 ရက်နေ့က အမျိုးသားတစ်ယောက်ဟာ တိတ်တဆိတ်ရိုက်ကူးခဲ့တာ့ဖစ်ပြီး ၊ အသုံးပြုပြီးသား mask တွေကို Mariana အမည်ရှိတဲ့သူက ပြန်လည်ဝယ်ယူပေးနေလျက်ရှိကြောင်းသိရှိရပါတယ် ။ ပိုပြီး အံ့သြစေတာကတော့ အဆိုပါ mask တွေအပေါ် လူနှစ်ယောက်က တက်နင်းပြီးလမ်းလျှောက်သွားခဲ့လို့ပါပဲ ။ ထို့အပြင် အဆိုပါ mask တွေဟာ ဆေးရုံကဝန်ထမ်းတွေ အသုံးပြုပြီးသား mask များဖြစ်ကြတဲ့အပြင် အဆိုပါ mask တွေကို Solida ကုန်တံဆိပ်အမည်နဲ့ ပြန်လည်ရောင်းချခဲ့တာဖြစ်ကြောင်းလည်း video ရိုက်ကူးခဲ့တဲ့အမျိုးသားက ရေးသားပြောဆိုခဲ့ပါသေးတယ် ။

အဆိုပါ video ဟာ ပြည်သူလူထုအတော်များများကို စိတ်တုန်လှုပ်ချောက်ချားစေခဲ့ပါတယ် ။ သို့ပေမဲ့လည်း February 21 ရက်နေ့မှာတော့ Solida အမည်ရှိ mask ကုမ္ပဏီမှ ၎င်းတို့ဟာ နည်းစနစ်တကျနဲ့ mask တွေကိုသာ ထုတ်လုပ်ရောင်းချကြောင်း video နှင့်တကွ သက်သေပြခဲ့ပါတယ် ။ အဆိုပါဖြစ်ရပ်ကိုတော့ ဆက်လက်ပြီးစုံစမ်းစစ်ဆေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment