ရတနာဆိုင်ကို ဝင်ပြီးဓားပြတိုက်ခဲ့သူတွေကို လူအများကဝိုင်းပြီးဖမ်းဆီးပေးခဲ့ကြတဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

February 22 ရက်နေ့ ည 10 နာရီအချိန်ခန့်မှာ မလေးရှားနိုင်ငံ ၊ Bukit Tinggi မြို့မှာရှိတဲ့ Shopping Mall တစ်ခုထဲမှ ရတနာဆိုင်တစ်ဆိုင်ဟာ ဝင်ပြီးလုယက်တိုက်ခိုက်ခံရမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကိုတော့ Shopping Mall သို့လာရောက်လှည်ပတ်ခဲ့ကြတဲ့ ဈေးဝယ်များက video မှတ်တမ်းရိုက်ယူခဲ့ကြတာဖြစ်ပါတယ် ။ Video ထဲမှာတော့ အဆိုပါ ရတနာဆိုင်ရဲ့ Security ဝန်ထမ်းဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ ဓားပြနှ်းယောက်ကို သေနတ်နှင့်ချိန်ရွယ်နေခဲလတာပါ ။ သေချာတာကတော့ လူအများစုဝေးနေတဲ့နေရာဖြစ်တဲ့အတွက် လုံခြုံရေးဝန်ထမ်းမှာလည်း အလွယ်တကူသေနတ်နှင့် ပစ်ခတ်မှုမလုပ်နိုင်ခဲ့မှန်းသိသာလွန်းလှပါတယ် ။

Video ထဲမှာတော့ ဓားပြတစ်ဦးဟာ လူအများရဲ့ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့မှုကြောင့် ဒဏ်ရာအနည်းငယ်ရပြီး ရတနာဆိုင်မှာတင် လဲကျနေခဲ့ရတာပါ ။ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ ” ည 10:15 အချိန်ခန့်မှာ ပြည်သူတွေကနေ ဓားပြတိုက်ခံနေရတဲ့အကြောင်း တိုင်ကြားလာခဲ့ပါတယ် ။ အစောပိုင်းစစ်ဆေးမှုအရ ရတနာဆိုင်ရဲ့ဝန်ထမ်းတွေက ဆိုင်ကိုပိတ်သိမ်းဖို့လုပ်နေခဲ့ကြတဲ့အချိန်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးကျည်ကာအင်္ကျီဝတ်ဆင်ထားခဲ့တဲ့ အမျိုးသားနှစ်ယောက်ဟာ ဆိုင်အတွင်းဝင်ရောက်လာခဲ့ပြီး တူတွေနဲ့ ပစ္စည်းတွေထည့်ထားတဲ့ မှန်အိမ်တွေကို ထုခဲ့ကာ ရတနာပစ္စည်းများခိုးယူသွားခဲ့ကြပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း Shopping Mall သို့လာရောက်လှည်ပတ်တဲ့ ဈေးဝယ်တွေက ဝိုင်းပြီးဖမ်းဆီးပေးခဲ့ကြလို့ ဓားပြတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment