သဝန်တိုလို့ဆိုပြီး မွေးစားအစ်ကိုရဲ့ တူနဲ့ထုသတ်ခြင်းကို ခံခဲ့ရတဲ့ 18နှစ်အရွယ် မိန်းကလေး



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့အသက် 18 နှစ်အရွယ်မိန်းကလေးကို သဝန်တိုလို့ဆိုပြီး သူမရဲ့မွေးစားအစ်ကိုဖြစ်သူက နေအိမ်တွင်းမှာပဲ ပြီးခဲ့တဲ့ February 22 ရက်နေ့က တူနဲ့ထုပြီးရိုက်သတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ သူမရဲ့မိခင်ဖြစ်သူဟာ မနက် 7:30 အချိန်မှာ သူမကိုအိပ်ယာမှ နှိုးထဖို့သွားခဲ့ရင်းနဲ့ သမီးဖြစ်သူကိုသေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါ အသက် 24 နှစ်အရွယ် မွေးစားအစ်ကိုဖြစ်သူကို စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ သူမဟာတစ်စုံတစ်ယောက်နဲ့တွဲခုတ်နေကြောင်း သံသယရှိနေခဲ့၍ သဝန်တိုပြီး တူနဲ့ထုသတ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

တရားခံဟာ ယခင်အချိန်က မည်သည့်ပြစ်မှုမျိုးမှ မကျူ းလွန်ခဲ့သူဖြစ်ကြောင်း သိရှိရပါတယ် ။ မွေးစားသားဖြစ်သူဟာ အဆိုပါနေအိမ်သို့ ကောင်မလေးရဲ့ဖခင်ဖြစ်သူ သေဆုံးသွားခဲ့တဲ့ 2012 ကတည်းက အတူလာရောက်နေထိုင်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့အပြင် အဆိုပါမိန်းကလေး နှင့် မွေးစားအစ်ကိုတို့မှာ ပြီးခဲ့တဲ့ 4နှစ်လုံးလုံး မည်သည့်အကြောင်းနှင့်မျှ ရန်ဖြစ်ခဲ့ကြခြင်းမျိုးလည်း လုံးဝမရှိခဲ့ကြောင်း သိရှိရပါတယ် ။ ယခုပြစ်မှုကိုတော့ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment