ကုန်တင်ကား တက်ကြိတ်ပစ်တော့မဲ့အဖြစ်ကနေ အသက်ဘေး လွတ်မြောက်ခဲ့တဲ့ ဆိုင်ကယ်သမား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယာဉ်ကြော ရှုတ်ထွေးလွန်းတဲ့နေရာတွေမှာ မကြာခဏယာဉ်တိုက်မှုတွေဖြစ်ကြလေ့ရှိပြီး ၊ အထူးသမျှ ဆိုင်ကယ်သမားတွေဟာ ပိုပြီးအဖြစ်များပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ 22 စက္ကန့်သာကြာမြင့်တဲ့ video မှာဆိုရင်လည်း ကုန်တင်ကားအရှေ့မှာမောင်းနှင်နေခဲ့တဲ့ ဆိုင်ကယ်ဟာ ကားတက်ကြိတ်တော့မဲ့အဖြစ်ကနေ အသက်ရှင်လွတ်မြောက်လာခဲ့တာပါ ။ Video ထဲမှာတော့ ဆိုင်ကယ်ဟာ ကားရှေ့မှာ အချိန်မှန်စွာမောင်းနှင်နေခဲ့ပေမဲ့ ကုန်တင်ကားကိုမောင်းနှင်နေခဲ့တဲ့ ကားဆရာရဲ့ မျက်ကွယ်နေရာသို့ ရောက်ရှိသွားခဲ့တာဖြစ်လို့ ၊ ဆိုင်ကယ်ရှိနေမှန်းကို ကားဆရာက သတိမထားမိဘဲ ဆိုင်ကယ်ရဲ့အနောက်ဖက်ကို မတော်တဆပွတ်တိုက်မိခဲ့ပါတယ် ။

Video ထဲမှာတော့ ကားဟာ ဆိုင်ကယ်ကိုတိုက်ခဲ့ပစ်မှန်းရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ ။ ဒါမှမဟုတ် ဆိုင်ကယ်သမားက သူ၏ကားကို လမ်းမပေးလို့ တိုက်ပစ်ခဲ့တာလားတော့ မသိရပါဘူး ။ သို့ပေမဲ့လည်း ကားတိုက်ခံလိုက်ရတာနဲ့ချက်ချင်း ဆိုင်ကယ်သမားဟာ ဘေးဖက်သို့ အရှိန်ထိန်းပြီး ရှောင်ထွက်နိုင်ခဲ့လို့ ကားတက်ကြိတ်မဲ့အဖြစ်ကနေ ကံကောင်းစွာလွတ်မြောက်သွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကားသမားမှာတော့ ဆိုင်ကယ်သမားရဲ့အဖြစ်ကို သတိမထားမိဟန်ဖြင့် ကားကိုဆက်ပြီးမောင်နင်ထွက်သွားခဲ့ပါတယ် ။

ဒါကြောင့် အဆိုပါလမ်းပုံစံမျိုးဟာ ဆိုင်ကယ်သမားများအတွက် အတော်လေးကို အန္တရာယ်များလွန်းတယ်လို့ ပြောရမှာပါ ။ ဒါကြောင့် ပိုပြီးဂရုစိုက်စွာမောင်းနှင်သင့်တဲ့အပြင် ကားသမားတွေရဲ့ မျက်ကွယ်ဖက်မှာ မောင်းနင်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment