ေျမးျဖစ္သူက စာေမးပြဲသြားမေျဖဘူးဆိုၿပီး အိပ္ေနခဲ့လို႔ ရဲေခၚခဲ့တဲ့အဘြား

အဆိုပါအျဖစ္အပ်က္ကို Thailand Police Story ဆိုေသာအေကာင့္တြင္ေဖာ္ျပထားခဲ့တာျဖစ္ၿပီး ထိုင္းႏိုင္ငံမွာေနထိုင္လ်က္႐ွိတဲ့ အဘြားတစ္ဦးဟာ သူမ၏ေခါင္းမာလြန္းလွတဲ့ ေျမးေလးကေက်ာင္းသို႔သြားၿပီး စာေမးပြဲေျဖဆိုဖို႔ကိုျငင္းပယ္ခဲ့တဲ့အတြက္ ရဲေခၚၿပီး အကူအညီေတာင္းခဲ့ပါတယ္ ။အဘြားျဖစ္သူဟာ တာဝန္က်ေနေသာရဲအရာ႐ွိကို သူမ၏ေျမးျဖစ္သူေက်ာင္းသြားရန္ နားခ်ေပးဖို႔အသနားခံခဲ့ပါတယ္ ။ရဲအရာ႐ွိအိမ္အတြင္းသို႔ဝင္ေရာက္သြားခ်ိန္မွာေတာ့ ေျမးျဖစ္သူဟာ ေတာ္ေတာ္ေလးအိပ္ေမာက်ေနခဲ့ပါတယ္ ။ရဲအရာ႐ွိဟာလည္း ႏွံးေခြေနတဲ့ေကာင္ေလးကို နားလည္ခံယူတတ္ေအာင္ေျပာဆိုခဲ့ၿပီး ၊ ပညာေရးဟာအေရးႀကီးေၾကာင္း အၾကံဥာဏ္အခ်ိဳ႕ေဝမ်ွေပးခဲ့ပါတယ္ ။စိတ္ဝင္စားစရာေကာင္းတဲ့ အားေပးလႈံ ့ေဆာ္စကားေတြေျပာဆိုၿပီးေနာက္ ေကာင္ေလးဟာ ရဲအရာ႐ွိႏွင့္ေက်ာင္းသို႔အတူတူသြားရန္ ဆံုးျဖတ္ခဲ့ပါတယ္ ။

၎ post ကိုျပန္လည္ေဝမ်ွသူမ်ားစြာ႐ွိခဲ့ၿပီး လူအမ်ားစုကေတာ့ အဘြား ႏွင့္ ရဲအရာ႐ွိတို႔၏လုပ္ရပ္ကို ခ်ီးက်ဴးကာ အသိအမွတ္ျပဳခဲ့ၾကပါတယ္ ။အခ်ိဳ႕ေသာသူမ်ားကလည္း ယခုကဲ့သို႔အရာရာတိုင္းကိုလုပ္ေဆာင္ေပးၾကေသာရဲမ်ား မ်ားမ်ားလိုအပ္ေၾကာင္း ၊ ရဲအရာ႐ွိကေက်ာင္းသို႔ပို႔ေဆာင္ေပးတယ္ဆိုတာ ေတြ႔ရေလ့မ႐ွိေၾကာင္း ရဲအရာ႐ွိကို ဂုဏ္ျပဳေပးၾကပါတယ္ ။ ေက်ာင္းတက္ၿပီး ပညာသင္ယူျခင္းဟာကိုယ့္ရဲ႕အနာဂတ္ ပန္းတိုင္မ်ားကိုျဖစ္ေျမာက္ေအာင္ျမင္ေစမည္ျဖစ္ေသာေၾကာင့္ အဘြား ႏွင့္ ရဲအရာ႐ွိတို႔၏လုပ္ရပ္ကို တစ္ေန႔ေန႔ေတာ့ ေျမးျဖစ္သူနားလည္လက္ခံလာႏိုင္မည္ဟု ေမ်ွာ္လင့္မိေၾကာင္းကိုလည္း မွတ္ခ်က္ေပး ေရးသားခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မြေးဖြစ်သူက စာမေးပွဲသွားမဖြေဘူးဆိုပြီး အိပ်နေခဲ့လို့ ရဲခေါ်ခဲ့တဲ့အဘွား

အဆိုပါအဖြစ်အပျက်ကို Thailand Police Story ဆိုသောအကောင့်တွင်ဖော်ပြထားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အဘွားတစ်ဦးဟာ သူမ၏ခေါင်းမာလွန်းလှတဲ့ မြေးလေးကကျောင်းသို့သွားပြီး စာမေးပွဲဖြေဆိုဖို့ကိုငြင်းပယ်ခဲ့တဲ့အတွက် ရဲခေါ်ပြီး အကူအညီတောင်းခဲ့ပါတယ် ။အဘွားဖြစ်သူဟာ တာဝန်ကျနေသောရဲအရာရှိကို သူမ၏မြေးဖြစ်သူကျောင်းသွားရန် နားချပေးဖို့အသနားခံခဲ့ပါတယ် ။ရဲအရာရှိအိမ်အတွင်းသို့ဝင်ရောက်သွားချိန်မှာတော့ မြေးဖြစ်သူဟာ တော်တော်လေးအိပ်မောကျနေခဲ့ပါတယ် ။ရဲအရာရှိဟာလည်း နှံးခွေနေတဲ့ကောင်လေးကို နားလည်ခံယူတတ်အောင်ပြောဆိုခဲ့ပြီး ၊ ပညာရေးဟာအရေးကြီးကြောင်း အကြံဉာဏ်အချို့ဝေမျှပေးခဲ့ပါတယ် ။စိတ်ဝင်စားစရာကောင်းတဲ့ အားပေးလှုံ့ဆော်စကားတွေပြောဆိုပြီးနောက် ကောင်လေးဟာ ရဲအရာရှိနှင့်ကျောင်းသို့အတူတူသွားရန် ဆုံးဖြတ်ခဲ့ပါတယ် ။

၎င်း post ကိုပြန်လည်ဝေမျှသူများစွာရှိခဲ့ပြီး လူအများစုကတော့ အဘွား နှင့် ရဲအရာရှိတို့၏လုပ်ရပ်ကို ချီးကျူးကာ အသိအမှတ်ပြုခဲ့ကြပါတယ် ။အချို့သောသူများကလည်း ယခုကဲ့သို့အရာရာတိုင်းကိုလုပ်ဆောင်ပေးကြသောရဲများ များများလိုအပ်ကြောင်း ၊ ရဲအရာရှိကကျောင်းသို့ပို့ဆောင်ပေးတယ်ဆိုတာ တွေ့ရလေ့မရှိကြောင်း ရဲအရာရှိကို ဂုဏ်ပြုပေးကြပါတယ် ။ ကျောင်းတက်ပြီး ပညာသင်ယူခြင်းဟာကိုယ့်ရဲ့အနာဂတ် ပန်းတိုင်များကိုဖြစ်မြောက်အောင်မြင်စေမည်ဖြစ်သောကြောင့် အဘွား နှင့် ရဲအရာရှိတို့၏လုပ်ရပ်ကို တစ်နေ့နေ့တော့ မြေးဖြစ်သူနားလည်လက်ခံလာနိုင်မည်ဟု မျှော်လင့်မိကြောင်းကိုလည်း မှတ်ချက်ပေး ရေးသားခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ေျမးျဖစ္သူက စာေမးပြဲသြားမေျဖဘူးဆိုၿပီး အိပ္ေနခဲ့လို႔ ရဲေခၚခဲ့တဲ့အဘြား"

Leave a comment

Your email address will not be published.


*