သနားစရာ စာေလးတစ္ေစာင္နဲ႔ စြန္႔ပစ္ခံခဲ့ရတဲ့ ေခြးေလးရဲ႕အျဖစ္

မၾကာေသးခင္က မကၠဆီကိုႏိုင္ငံမွာ႐ွိတဲ့ တိရစာၦန္ေစာင့္ေ႐ွာက္ေရးေဂဟာမွာ စြန္႔ပစ္ခံခဲ့ရတဲ့ ေခြးေလးတစ္ေကာင္ရဲ႕အျဖစ္အပ်က္ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ ျဖစ္စဥ္ကေတာ့ အသက္ 12 ႏွစ္အရြယ္ Andres အမည္႐ွိတဲ့ ေကာင္ေလးဟာ ေခြးေလးကိုႏွိပ္စက္ညင္းပန္းလြန္းတဲ့ဖခင္ျဖစ္သူရဲ႕ ရန္ကေနေခြးေလး လြတ္ေျမာက္ေအာင္ ယခုလိုတိရစာၦန္ေစာင့္ေ႐ွာက္ေရးေဂဟာသို႔ လာေရာက္စြန္႔ပစ္ခဲ့တာျဖစ္ပါတယ္ ။ Andres နဲ႔ သူ၏မိခင္တို႔ဟာ ေခြးေလးကို စကၠဴ ဘူးထဲသို႔ထည့္ၿပီး စာေလးတစ္ေစာင္နဲ႔ တိရစာၦန္ေစာင့္ေ႐ွာက္ေရးေဂဟာေ႐ွ႕မွာ ထားရစ္ခဲ့ပါတယ္ ။ ဖခင္ျဖစ္သူဟာ ေခြးေလးကို႐ိုက္ႏွက္ႏွိပ္စက္ရံုတင္မက ေရာင္းပစ္ဖို႔ကိုပါ စီစဥ္ေနခဲ့၍ယခုလို တိရစာၦန္ေဂဟာသို႔ လာေရာက္ပို႔ေဆာင္ထားခဲ့တာပါ ။

Andres ေရးသားထားခဲ့တဲ့ စာေလးထဲမွာေတာ့ ေခြးေလးရဲ႕အၿမီးမွာ ထိခိုက္ဒဏ္ရာရ႐ွိခဲ့တဲ့အေၾကာင္း ပါပါဝင္ေနခဲ့ပါတယ္ ။ ” ကြၽန္ေတာ္နာမည္က Andres ပါ ၊ အသက္ 12 ႏွစ္အရြယ္႐ွိပါၿပီ ၊ ကြၽန္ေတာ့္အေမနဲ႔ ကြၽန္ေတာ္ ေခြးေလးကို ခင္ဗ်ားတို႔ဆီမွာ ထားခဲ့ဖို႔ဆံုးျဖတ္ခဲ့ပါတယ္ ။ အေဖက ေခြးေလးကို ေရာင္းပစ္ဖို႔စီစဥ္ခဲ့လို႔ အေဖမသိခင္ အခုလိုေဆာင္ရြက္ခဲ့ရတာပါ ။ အေဖက ေခြးကိုအျမဲ ကန္ၿပီး ႐ိုက္ႏွက္ပါတယ္ ၊ ကန္ေက်ာက္တာ ျပင္းထန္လြန္းလို႔ ေခြးေလးရဲ႕အၿမီးမွာ ဒဏ္ရာရ႐ွိခဲ့တာပါ ၊ ေခြးေလးကို ကူညီၿပီး ေစာင့္ေ႐ွာက္ေပးဖို႔ ေမ်ွာ္လင့္မိပါတယ္ ၊ သူ႔အ႐ုပ္ေလးလည္းပါပါတယ္ ၊ အဲတာမွ သူ ကြၽန္ေတာ့္ကို မေမ့မွာပါ ” ဆိုၿပီးေတာ့ ေရးသားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ တိရစာၦန္ေစာင့္ေ႐ွာက္ေရးေဂဟာက ေခြးေလးကို ေဆးကုသမႈမ်ားျပဳလုပ္ေပးခဲ့ၿပီး ၊ ေခြးေလးကို Rene ဆိုၿပီး နာမည္ေပးခဲ့ၾကပါတယ္ ။ ေခြးေလးကို ေမြးစားမဲ့စာရင္းထဲ ထည့္ပစ္ခဲ့ခ်ိန္မွာေတာ့ ေမြးစားခ်င္ေၾကာင္း ေပးပို႔လာခဲ့တဲ့ message ေပါင္း 300 ေက်ာ္အထိ ႐ွိခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ ေခြးေလးဟာ က်န္းမာေပ်ာ္ရႊင္ေနလ်က္႐ွိေနၿပီ ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က မက္ကဆီကိုနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ စွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေးတစ်ကောင်ရဲ့အဖြစ်အပျက်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ အသက် 12 နှစ်အရွယ် Andres အမည်ရှိတဲ့ ကောင်လေးဟာ ခွေးလေးကိုနှိပ်စက်ညင်းပန်းလွန်းတဲ့ဖခင်ဖြစ်သူရဲ့ ရန်ကနေခွေးလေး လွတ်မြောက်အောင် ယခုလိုတိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာသို့ လာရောက်စွန့်ပစ်ခဲ့တာဖြစ်ပါတယ် ။ Andres နဲ့ သူ၏မိခင်တို့ဟာ ခွေးလေးကို စက္ကူ ဘူးထဲသို့ထည့်ပြီး စာလေးတစ်စောင်နဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရှေ့မှာ ထားရစ်ခဲ့ပါတယ် ။ ဖခင်ဖြစ်သူဟာ ခွေးလေးကိုရိုက်နှက်နှိပ်စက်ရုံတင်မက ရောင်းပစ်ဖို့ကိုပါ စီစဉ်နေခဲ့၍ယခုလို တိရစ္ဆာန်ဂေဟာသို့ လာရောက်ပို့ဆောင်ထားခဲ့တာပါ ။

Andres ရေးသားထားခဲ့တဲ့ စာလေးထဲမှာတော့ ခွေးလေးရဲ့အမြီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း ပါပါဝင်နေခဲ့ပါတယ် ။ ” ကျွန်တော်နာမည်က Andres ပါ ၊ အသက် 12 နှစ်အရွယ်ရှိပါပြီ ၊ ကျွန်တော့်အမေနဲ့ ကျွန်တော် ခွေးလေးကို ခင်ဗျားတို့ဆီမှာ ထားခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အဖေက ခွေးလေးကို ရောင်းပစ်ဖို့စီစဉ်ခဲ့လို့ အဖေမသိခင် အခုလိုဆောင်ရွက်ခဲ့ရတာပါ ။ အဖေက ခွေးကိုအမြဲ ကန်ပြီး ရိုက်နှက်ပါတယ် ၊ ကန်ကျောက်တာ ပြင်းထန်လွန်းလို့ ခွေးလေးရဲ့အမြီးမှာ ဒဏ်ရာရရှိခဲ့တာပါ ၊ ခွေးလေးကို ကူညီပြီး စောင့်ရှောက်ပေးဖို့ မျှော်လင့်မိပါတယ် ၊ သူ့အရုပ်လေးလည်းပါပါတယ် ၊ အဲတာမှ သူ ကျွန်တော့်ကို မမေ့မှာပါ ” ဆိုပြီးတော့ ရေးသားခဲ့ပါတယ် ။

ထို့ကြောင့် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ခွေးလေးကို ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီး ၊ ခွေးလေးကို Rene ဆိုပြီး နာမည်ပေးခဲ့ကြပါတယ် ။ ခွေးလေးကို မွေးစားမဲ့စာရင်းထဲ ထည့်ပစ်ခဲ့ချိန်မှာတော့ မွေးစားချင်ကြောင်း ပေးပို့လာခဲ့တဲ့ message ပေါင်း 300 ကျော်အထိ ရှိခဲ့ပါတယ် ။ ယခုချိန်မှာတော့ ခွေးလေးဟာ ကျန်းမာပျော်ရွှင်နေလျက်ရှိနေပြီ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment