ကမ္းေျခမွာေသာင္တင္ေနခဲ့တဲ့ ဖားေလာင္း ခႏၶာကိုယ္ ၊ လင္းပိုင္ဦးေခါင္း ႏွင့္ မ်က္လံုးမပါ႐ွိတဲ့ ထူးဆန္းေရေနသတၱဝါတစ္မ်ိဳး

မကၠဆီကိုႏိုင္ငံမွာ႐ွိတဲ့ ကမ္းေျခတစ္ခုမွာဆိုရင္ ထးူဆန္းတဲ့ပံုစံမ်ိဳးနဲ႔ေရေနသတၱဝါတစ္ေကာင္ ေသာင္တင္ေနခဲ့တာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ အဆိုပါ သတၱဝါဟာ လင္းပိုင္ကဲ့သို႔ေသာ ဦးေခါင္းပံုစံမ်ိဳး႐ွိေနခဲ့တဲ့အျပင္ ၊ ဖားေလာင္းအၿမီးကဲ့သို႔ ခြၽန္ထြက္ေနတဲ့ အၿမီးပံုစံမ်ိဳးကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္ ။ သို႔ေပမဲ့လည္း အဆိုပါသတၱဝါဟာ ခြၽန္ထက္ေနေသာ သြားမ်ား ႏွင့္ မ်က္လံုးမ်ားမပါ႐ွိခဲ့တဲ့အတြက္ ပစိဖိတ္သမုဒၵရာရဲ႕ေအာက္ဖက္ေရနက္ပိုင္းျဖစ္တဲ့ အလင္းမ႐ွိတဲ့ေနရာ ႏွင့္ မ်က္လံုး႐ွိေနဖို႔မလိုအပ္တဲ့ေနရာမွ ေရေနသတၱဝါအမ်ိဳးအစားျဖစ္ႏိုင္ေၾကာင္း ေကာက္ခ်က္ခ်မႈမ်ား႐ွိေနလ်က္႐ွိပါတယ္ ။

အဆိုပါ သတၱဝါကိုေတာ့ မကၠဆီကိုႏိုင္ငံ ၊ Destiladeras ကမ္းေျခမွာ ေနထိုင္ၾကတဲ့ ေဒသခံမ်ားက ေတြ႔႐ွိခဲ့ၾကတာျဖစ္ၿပီး ၊ ယခုအခ်ိန္ထိ မည္သည့္သတၱဝါအမ်ိဳးအစားျဖစ္ေၾကာင္း အတည္မျပဳႏိုင္ေသးပါဘူး ။ အစပိုင္းမွာေတာ့ ေဒသခံေတြက ေသဆံုးေနတဲ့လင္းပိုင္တစ္ေကာင္လို႔ ေတြးထင္ခဲ့ၾကေပမဲ့လည္း အနီးကပ္လာေရာက္ၾကည့္႐ႈခဲ့ခ်ိန္မွာေတာ့ လံုးဝကိုကြဲျပားေနခဲ့ပါေတာ့တယ္ ။

အဆိုပါသတင္းကိုေတာ့ ေဒသခံ သတင္းမီးဒီယာေတြက ေဖာ္ျပထားျခင္းမ်ိဳးေတာ့မ႐ွိပါဘူး ။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာသူမ်ားဟာလည္း အတုအေယာင္လုပ္ဇာတ္သတၱဝါပံုစံမ်ိဳး ျဖစ္ႏိုင္ေၾကာင္း သံုးသပ္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း Puerto Vallarta ၿမိဳ႕မွာ႐ွိတဲ့ ပင္လယ္ဟာ ေရတပ္ပိုင္းတဲ့ဧရိယာျဖစ္ေပမဲ့ မီတာေထာင္ေပါင္းမ်ားစြာ နက္႐ႈိင္းလြန္းတဲ့အတြက္ အဆိုပါသတၱဝါမ်ား အသက္႐ွင္ေနထိုင္ရာ ေနရာျဖစ္ႏိုင္ေၾကာင္းလည္း သံုးသပ္ခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source:Metro

Unicode

မက္ကဆီကိုနိုင်ငံမှာရှိတဲ့ ကမ်းခြေတစ်ခုမှာဆိုရင် ထးူဆန်းတဲ့ပုံစံမျိုးနဲ့ရေနေသတ္တဝါတစ်ကောင် သောင်တင်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ အဆိုပါ သတ္တဝါဟာ လင်းပိုင်ကဲ့သို့သော ဦးခေါင်းပုံစံမျိုးရှိနေခဲ့တဲ့အပြင် ၊ ဖားလောင်းအမြီးကဲ့သို့ ချွန်ထွက်နေတဲ့ အမြီးပုံစံမျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။ သို့ပေမဲ့လည်း အဆိုပါသတ္တဝါဟာ ချွန်ထက်နေသော သွားများ နှင့် မျက်လုံးများမပါရှိခဲ့တဲ့အတွက် ပစိဖိတ်သမုဒ္ဒရာရဲ့အောက်ဖက်ရေနက်ပိုင်းဖြစ်တဲ့ အလင်းမရှိတဲ့နေရာ နှင့် မျက်လုံးရှိနေဖို့မလိုအပ်တဲ့နေရာမှ ရေနေသတ္တဝါအမျိုးအစားဖြစ်နိုင်ကြောင်း ကောက်ချက်ချမှုများရှိနေလျက်ရှိပါတယ် ။

အဆိုပါ သတ္တဝါကိုတော့ မက္ကဆီကိုနိုင်ငံ ၊ Destiladeras ကမ်းခြေမှာ နေထိုင်ကြတဲ့ ဒေသခံများက တွေ့ရှိခဲ့ကြတာဖြစ်ပြီး ၊ ယခုအချိန်ထိ မည်သည့်သတ္တဝါအမျိုးအစားဖြစ်ကြောင်း အတည်မပြုနိုင်သေးပါဘူး ။ အစပိုင်းမှာတော့ ဒေသခံတွေက သေဆုံးနေတဲ့လင်းပိုင်တစ်ကောင်လို့ တွေးထင်ခဲ့ကြပေမဲ့လည်း အနီးကပ်လာရောက်ကြည့်ရှုခဲ့ချိန်မှာတော့ လုံးဝကိုကွဲပြားနေခဲ့ပါတော့တယ် ။

အဆိုပါသတင်းကိုတော့ ဒေသခံ သတင်းမီးဒီယာတွေက ဖော်ပြထားခြင်းမျိုးတော့မရှိပါဘူး ။ ထို့ကြောင့် အချို့သောသူများဟာလည်း အတုအယောင်လုပ်ဇာတ်သတ္တဝါပုံစံမျိုး ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း Puerto Vallarta မြို့မှာရှိတဲ့ ပင်လယ်ဟာ ရေတပ်ပိုင်းတဲ့ဧရိယာဖြစ်ပေမဲ့ မီတာထောင်ပေါင်းများစွာ နက်ရှိုင်းလွန်းတဲ့အတွက် အဆိုပါသတ္တဝါများ အသက်ရှင်နေထိုင်ရာ နေရာဖြစ်နိုင်ကြောင်းလည်း သုံးသပ်ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment