မီးေလာင္ေနတဲ့အိမ္ကေန တစ္မိသားစုလံုးကို ကယ္ထုတ္ႏိုင္ခဲ့ေပမဲ့ အဆံုးသတ္မလွခဲ့တဲ့ ၾကက္တူေရြးရဲ႕အျဖစ္

Barbara Klein အမည္႐ွိတဲ့အမ်ိဳးသမီးနဲ႔ သူမရဲ႕ခင္ပြန္းျဖစ္သူ Larry တို႔ဟာ အသက္ 6ႏွစ္အရြယ္ ေျမးမေလးနဲ႔အတူ ေနအိမ္မွာ အိပ္ေမာက်ေနစဥ္ ၎တို႔ရဲ႕မီးဖိုေခ်ာင္ကေနစၿပီး မီးေတာက္ႀကီးဟာ ဧည့္ခန္းအထိ တျဖည္းျဖည္းေလာင္ကြၽမ္းလာခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ၎တို႔မိသားစု ေမြးျမဴ ထားခဲ့တဲ့ အိမ္ေမြးၾကက္တူေရြးေလးဟာ ” fire ” ဆိုၿပိး ေအာ္ဟစ္ကာ တစ္မိသားစုလံုးကို ေခၚႏႈိးခဲ့ပါေတာ့တယ္ ။ ၾကက္တူေရြးေလးက တစ္ႀကိမ္တစ္ခါမ်ွ ” Fire ” ဆိုၿပီး ေအာ္ဟစ္ခဲ့တာမ်ိဳး မ႐ွိတဲ့သမ်ွ တစ္မိသားစုလံုးအိပ္ယာမွ လန္႔ၿပီးႏႈိးထခဲ့ၾကပါေတာ့တယ္ ။ သို႔ေပမဲ့လည္း ၾကက္တူေရြးေလး နဲ႔ အျခား အိမ္ေမြးေခြး 4ေကာင္လံုးမွာ အဆိုပါမီးေလာင္ကြၽမ္းမႈကေန မလြတ္ေျမာက္ႏိုင္ခဲ့လို႔ ေသဆံုးခဲ့ၾကရပါတယ္ ။

ၾကက္တူေရြးေလးရဲ႕ပိုင္႐ွင္ျဖစ္သူ Barbara အသက္ 63 ႏွစ္အရြယ္အမ်ိဳးသမီးရဲ႕ ေျပာဆိုခ်က္အရ ” ၾကက္တူေရြးေလး Louie က တကယ့္ကို သူရဲေကာင္းပါပဲ ၊ သူ႔ေၾကာင့္မဟုတ္ရင္ မီးေလာင္ေနေပမဲ့ ကြၽန္မတို္႔အကုန္အိပ္ေမာက်ေနၾကမွာပါ ၊ သူက ” Fire ” ဆိုၿပီး ထေအာ္ခဲ့တယ္ ၊ တစ္ခါမွ ေအာ္လိုမ်ိဳးလည္း မေအာ္ဖူးဘူး ၊ ကြၽန္မႏိုးလာေတာ့ မီးက ဧည့္ခန္းအထိေတာင္ ေတာ္ေတာ္ေလး ေလာင္ကြၽမ္းေနခဲ့ပါၿပီ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။

ထို႔အျပင္ ” ခင္ပြန္းက မီးဖိုေခ်ာင္ဆီကို ေျပးၿပီး မီးၿငိမ္းဖို႔ႀကိဳးစားခဲ့ပါတယ္ ၊ သို႔ေပမဲ့လည္း မမွီႏိုင္ေတာ့လို႔ ေနအိမ္ထဲက ေခြးေလးေတြကို ကယ္ထုတ္ဖို႔ႀကိဳးစားခဲ့ေပမဲ့ လံုးဝအဆင္မေျပခဲ့ပဲ ကြၽန္မကသူ႔ကို ထြက္လာခဲ့ေတာ့ ဆိုၿပီးေအာ္လိုက္ခ်ိန္မွ သူက ေလးဖက္ကုန္းၿပီး အိမ္အျပင္ထြက္လာဖို႔ႀကိဳးစားခဲ့ပါတယ္ ၊ ကြၽန္မလည္း သူ႔ကို မီးထဲကေန ျပန္ဆြဲထုတ္ခဲ့ရပါတယ္ ၊ အဲ့ေနာက္ ကြၽန္မတို႔ကားေပၚတက္ၿပီး အေဝးေျပးလမ္းမႀကီးေပၚ ေမာင္းႏွင္လာခဲ့ပါေတာ့တယ္ ” ဆိုၿပီး သူမရဲ႕အျဖစ္အပ်က္ကိုေျပာဆိုခဲ့ပါတယ္ ။

ယခုခ်ိန္မွာေတာ့ အဆိုပါမိသားစုကို ေဒသခံေတြက တတ္ႏိုင္သေလာက္ကူညီေပးလ်က္႐ွိေနပါတယ္ ။ ခင္ပြန္းျဖစ္သူကေတာ့ ေဆးရံုတက္ခဲ့ရေပမဲ့ ယခုခ်ိန္မွာေတာ့ က်န္းမာေရးအေျခအေန ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:Metro

Unicode

Barbara Klein အမည်ရှိတဲ့အမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Larry တို့ဟာ အသက် 6နှစ်အရွယ် မြေးမလေးနဲ့အတူ နေအိမ်မှာ အိပ်မောကျနေစဉ် ၎င်းတို့ရဲ့မီးဖိုချောင်ကနေစပြီး မီးတောက်ကြီးဟာ ဧည့်ခန်းအထိ တဖြည်းဖြည်းလောင်ကျွမ်းလာခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ၎င်းတို့မိသားစု မွေးမြူ ထားခဲ့တဲ့ အိမ်မွေးကြက်တူရွေးလေးဟာ ” fire ” ဆိုပြိး အော်ဟစ်ကာ တစ်မိသားစုလုံးကို ခေါ်နှိုးခဲ့ပါတော့တယ် ။ ကြက်တူရွေးလေးက တစ်ကြိမ်တစ်ခါမျှ ” Fire ” ဆိုပြီး အော်ဟစ်ခဲ့တာမျိုး မရှိတဲ့သမျှ တစ်မိသားစုလုံးအိပ်ယာမှ လန့်ပြီးနှိုးထခဲ့ကြပါတော့တယ် ။ သို့ပေမဲ့လည်း ကြက်တူရွေးလေး နဲ့ အခြား အိမ်မွေးခွေး 4ကောင်လုံးမှာ အဆိုပါမီးလောင်ကျွမ်းမှုကနေ မလွတ်မြောက်နိုင်ခဲ့လို့ သေဆုံးခဲ့ကြရပါတယ် ။

ကြက်တူရွေးလေးရဲ့ပိုင်ရှင်ဖြစ်သူ Barbara အသက် 63 နှစ်အရွယ်အမျိုးသမီးရဲ့ ပြောဆိုချက်အရ ” ကြက်တူရွေးလေး Louie က တကယ့်ကို သူရဲကောင်းပါပဲ ၊ သူ့ကြောင့်မဟုတ်ရင် မီးလောင်နေပေမဲ့ ကျွန်မတို့်အကုန်အိပ်မောကျနေကြမှာပါ ၊ သူက ” Fire ” ဆိုပြီး ထအော်ခဲ့တယ် ၊ တစ်ခါမှ အော်လိုမျိုးလည်း မအော်ဖူးဘူး ၊ ကျွန်မနိုးလာတော့ မီးက ဧည့်ခန်းအထိတောင် တော်တော်လေး လောင်ကျွမ်းနေခဲ့ပါပြီ ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။

ထို့အပြင် ” ခင်ပွန်းက မီးဖိုချောင်ဆီကို ပြေးပြီး မီးငြိမ်းဖို့ကြိုးစားခဲ့ပါတယ် ၊ သို့ပေမဲ့လည်း မမှီနိုင်တော့လို့ နေအိမ်ထဲက ခွေးလေးတွေကို ကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ လုံးဝအဆင်မပြေခဲ့ပဲ ကျွန်မကသူ့ကို ထွက်လာခဲ့တော့ ဆိုပြီးအော်လိုက်ချိန်မှ သူက လေးဖက်ကုန်းပြီး အိမ်အပြင်ထွက်လာဖို့ကြိုးစားခဲ့ပါတယ် ၊ ကျွန်မလည်း သူ့ကို မီးထဲကနေ ပြန်ဆွဲထုတ်ခဲ့ရပါတယ် ၊ အဲ့နောက် ကျွန်မတို့ကားပေါ်တက်ပြီး အဝေးပြေးလမ်းမကြီးပေါ် မောင်းနှင်လာခဲ့ပါတော့တယ် ” ဆိုပြီး သူမရဲ့အဖြစ်အပျက်ကိုပြောဆိုခဲ့ပါတယ် ။

ယခုချိန်မှာတော့ အဆိုပါမိသားစုကို ဒေသခံတွေက တတ်နိုင်သလောက်ကူညီပေးလျက်ရှိနေပါတယ် ။ ခင်ပွန်းဖြစ်သူကတော့ ဆေးရုံတက်ခဲ့ရပေမဲ့ ယခုချိန်မှာတော့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment