ကို႐ိုနာဗိုင္းရပ္စ္ ေပ်ာက္ကင္းသြားၿပီဆိုတာနဲ႔ ေတာ႐ိုင္းတိရစာၦန္ေတြရဲ့အသားေစ်းကိုျပန္ေရာင္းခ်ဖို႔စီစဥ္ေနလ်က္႐ွိတဲ့ တ႐ုတ္ေစ်းသည္မ်ား

အစားသရမ္းလြန္းတဲ့အတြက္ေၾကာင့္ ယခုလို ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရၿပီး လူအမ်ားအျပားေသဆံုးခဲ့ရတာဆိုေပမဲ့လည္း အခ်ိဳ႕ေသာသူေတြကေတာ့ အသိတရားရဖို႔ေနေနတာတာ ကို႐ိုနာဗိုင္းရပ္စ္သက္သာေပ်ာက္ကင္းၿပီဆိုတာနဲ႔ပဲ ပံုမွန္အတိုင္း ေတာ႐ိုင္းတိရစာၦန္မ်ိဳးစံုေတြရဲ႕ အသားကိုေရာင္းခ်ၿပီး ပံုမွန္အတိုင္းစီးပြားေရးလုပ္ေဆာင္သြားဖို႔စီစဥ္ေနလ်က္႐ွိၾကပါတယ္ ။ ထို႔အျပင္ ယခုအခ်ိန္မွာေတာ့ ေရာဂါကူးစက္ပ်ံႏွံေစခဲ့တဲ့ ေတာ႐ိုင္းတိရစာၦန္မ်ားေရာင္းခ်မႈကို တ႐ုတ္အစိုးရက ပိတ္ပင္တားျမစ္ခဲ့ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြက ဆက္လက္ေရာင္းခ်ေနၾကလို႔ အခ်ိဳ႕ေသာ ေရာင္းခ်သူ ၊ စားသံုးသူ ေပါင္း 700 ခန္႔ ယာယီဖမ္းဆီးထိန္းသိမ္းထားခဲ့ရေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Gong Jian အမည္႐ွိတဲ့ online ေပၚကေန ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕အသားကို ေရာင္းခ်ေနၾကတဲ့သူကလည္း ” လူေတြက ေတာ႐ိုင္အေကာင္ေတြရဲ႕အသားကို ဝယ္ရတာႀကိဳက္တယ္ ၊ သူတို႔စားဖို႔ ဒါမွမဟုတ္လက္ေဆာင္ေပးဖို႔ ဝယ္ၾကတယ္ ။ ဘာလို႔လည္းဆိုေတာ့ လက္ေဆာင္ေပးမယ္ဆိုရင္ ၾကည့္ေပ်ာ္႐ႈေပ်ာ္ျဖစ္ၿပီး ၊ မ်က္ႏွာရေစလို႔ပါပဲ ” ဆိုၿပီး ေျဖဆိုသြားခဲ့ပါတယ္ ။ ဒါေၾကာင့္မို႔ ယခုအခ်ိန္မွာေတာ့ မိေက်ာင္း ၊ သမင္ ၊ ေခြး ၊ ေမ်ာက္ နဲ႔ ဥေဒါင္း အစ႐ွိတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕အသားကို အေအးခန္းထဲမွာ သိုေလွာင္းထားလ်က္႐ွိၿပီး ျပန္လည္ေရာင္းခ်ခြင့္ရတာနဲ႔ ခ်က္ခ်င္းအဆင္သင့္႐ွိေနဖို႔ စီစဥ္ထားလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

ယခု ကူးစက္ပ်ံႏွံေနလ်က္႐ွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ အဆိုပါေတာ႐ိုင္းတိရစာၦန္ေတြေရာင္းခ်တဲ့ ဝူဟန္ေစ်းကေန စၿပီးပ်ံ့ႏွံ႔လာတာမ်ိဳးကို အဆိုပါအသားစိမ္းေရာင္းဝယ္ေဖာက္ကားသူမ်ားက သင္ခန္းစာမရ႐ွိေသးတဲ့အျပင္ ၊ လူေတြရဲ႕ က်န္းမာေရး ႏွင့္ အသက္အႏၱရာယ္ ထိခိုက္ခဲ့ပံုကိုလည္း ဂ႐ုမစိုက္တဲ့ပံုစံမ်ိဳးျဖင့္သာ လ်စ္လ်ဴ႐ႈထားပံုရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အစားသရမ်းလွန်းတဲ့အတွက်ကြောင့် ယခုလို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး လူအများအပြားသေဆုံးခဲ့ရတာဆိုပေမဲ့လည်း အချို့သောသူတွေကတော့ အသိတရားရဖို့နေနေတာတာ ကိုရိုနာဗိုင်းရပ်စ်သက်သာပျောက်ကင်းပြီဆိုတာနဲ့ပဲ ပုံမှန်အတိုင်း တောရိုင်းတိရစ္ဆာန်မျိုးစုံတွေရဲ့ အသားကိုရောင်းချပြီး ပုံမှန်အတိုင်းစီးပွားရေးလုပ်ဆောင်သွားဖို့စီစဉ်နေလျက်ရှိကြပါတယ် ။ ထို့အပြင် ယခုအချိန်မှာတော့ ရောဂါကူးစက်ပျံနှံစေခဲ့တဲ့ တောရိုင်းတိရစ္ဆာန်များရောင်းချမှုကို တရုတ်အစိုးရက ပိတ်ပင်တားမြစ်ခဲ့ပေမဲ့လည်း အချို့သောသူတွေက ဆက်လက်ရောင်းချနေကြလို့ အချို့သော ရောင်းချသူ ၊ စားသုံးသူ ပေါင်း 700 ခန့် ယာယီဖမ်းဆီးထိန်းသိမ်းထားခဲ့ရကြောင်းလည်း သိရှိရပါတယ် ။

Gong Jian အမည်ရှိတဲ့ online ပေါ်ကနေ တောရိုင်းတိရစ္ဆာန်တွေရဲ့အသားကို ရောင်းချနေကြတဲ့သူကလည်း ” လူတွေက တောရိုင်အကောင်တွေရဲ့အသားကို ဝယ်ရတာကြိုက်တယ် ၊ သူတို့စားဖို့ ဒါမှမဟုတ်လက်ဆောင်ပေးဖို့ ဝယ်ကြတယ် ။ ဘာလို့လည်းဆိုတော့ လက်ဆောင်ပေးမယ်ဆိုရင် ကြည့်ပျော်ရှုပျော်ဖြစ်ပြီး ၊ မျက်နှာရစေလို့ပါပဲ ” ဆိုပြီး ဖြေဆိုသွားခဲ့ပါတယ် ။ ဒါကြောင့်မို့ ယခုအချိန်မှာတော့ မိကျောင်း ၊ သမင် ၊ ခွေး ၊ မျောက် နဲ့ ဥဒေါင်း အစရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့အသားကို အအေးခန်းထဲမှာ သိုလှောင်းထားလျက်ရှိပြီး ပြန်လည်ရောင်းချခွင့်ရတာနဲ့ ချက်ချင်းအဆင်သင့်ရှိနေဖို့ စီစဉ်ထားလျက်ရှိကြောင်း သိရှိရပါတယ် ။

ယခု ကူးစက်ပျံနှံနေလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အဆိုပါတောရိုင်းတိရစ္ဆာန်တွေရောင်းချတဲ့ ဝူဟန်ဈေးကနေ စပြီးပျံ့နှံ့လာတာမျိုးကို အဆိုပါအသားစိမ်းရောင်းဝယ်ဖောက်ကားသူများက သင်ခန်းစာမရရှိသေးတဲ့အပြင် ၊ လူတွေရဲ့ ကျန်းမာရေး နှင့် အသက်အန္တရာယ် ထိခိုက်ခဲ့ပုံကိုလည်း ဂရုမစိုက်တဲ့ပုံစံမျိုးဖြင့်သာ လျစ်လျူရှုထားပုံရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment