ခွေးတွေအုပ်စုဖွဲ့ပြီး ဝိုင်းကိုက်နေခဲ့တဲ့ ကလေး 3ယောက်ရဲ့ ခြေထောက်ကိုသာတွေ့ရှိခဲ့တဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ မလေးရှားနိုင်ငံ ၊ Kota Kinabalu မြို့မှာ မယုံနိုင်လောက်တဲ့အဖြစ်အပျက်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။အဲတာကတော့ ကလေးငယ် 3ယောက်ရဲ့ ခန္ဓာကိုယ်တွေလုံးဝမပါဘဲ ခြေထောက်တွေကိုသာ ယာဉ်တွေရပ်နားထားတဲ့ အလုပ်ရုံရဲ့အနောက်ဖက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါ ကလေးငယ်တွေရဲ့ခြေထောက်ဟာ အသက် 2နှစ်အရွယ် နှင့် 3နှစ်အရွယ် ကလေးငယ်လေးတွေရဲ့ ခြေထောက်များသာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါ ခြေထောက်လေးတွေဟာ မည်သည့်ကလေးငယ်ရဲ့ခြေထောက်ဖြစ်မှန်ကိုတော့ ရဲအရာရှိများက အတည်မပြုနိုင်သေးပါဘူး ။

အဆိုပါအဖြစ်အပျက်ကိုတော့ အလုပ်ရုံမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးမှ ခွေးများက ကလေးငယ်တွေရဲ့ခြေထောက်တွေကို ဝိုင်းကိုက်နေခဲ့မှန်းတွေ့ရှိခဲ့ပြီးနောက် ယခုလိုမျိုး တိုင်ကြားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့နောက်ရဲအရာရှိများက အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ပြီး စစ်ဆေးခဲ့ချိန်မှာတော့ ကလေးငယ်တွေရဲ့ခြေဖဝါမှာ ပျက်ရှဒဏ်ရာများကို မတွေ့ရှိခဲ့ရပဲ ခွေးကိုက်ခံထားရတဲ့ဒဏ်ရာများကိုသာ တွေ့ရှိခဲ့ရပါတယ် ။ ထို့အပြင် ကလေးငယ်တွေရဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို လုံးဝတွေ့ရှိခဲ့ရခြင်းမျိုးလည်း မရှိကြောင်း သိရှိရပါတယ် ။

စုံစမ်းစစ်ဆေးနေပေမဲ့ အမှုဟာအတော်လေးကိုလျှို့ဝှက်ဆန်းကြယ်နေခဲ့ပြီး ပျောက်ဆုံးနေခဲ့တဲ့ကလေးငယ်တွေလား ဒါမှမဟုတ် မြေမြုပ်ထားပြီးဖြစ်တဲ့ကလေးငယ်တွေရဲ့အလောင်းကလား ဆိုတာကိုတော့ သိရှိရခြင်းမျိုးမရှိသေးပါဘူး ။ ခွေးတွေဟာ မြေကြီးကိုတူးပြီးနောက် ကလေးငယ်ရဲ့အလောင်းမှ ခြေထောက်တွေကိုကိုက်ဆွဲလာပြီး ယခု အခင်းနေရာသို့ ယူဆောင်လာခဲ့တာဖြစ်နိုင်ကြောင်းလည်း ရဲအရာရှိများက သံသယရှိနေလျက် ရှိပါတယ် ။ သို့ပေမဲ့လည်း တာဝန်ရှိသူများက ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment