မည္သည့္ေဆးကုသမႈမွ မခံယူရဘဲ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈကေနေပ်ာက္ကင္းသြားခဲ့ရတဲ့ 17ရက္သားအရြယ္ကေလးငယ္ (႐ုပ္သံ)

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈဟာ လူႀကီး ၊ လူငယ္မေရြး ကူးစက္ခံေနရၿပီး ေမြးကင္းစကေလးငယ္ေတြေတာင္ ကူးစက္ခံေနရလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ေမြးကင္စ ကေလးငယ္ေလးဟာ မိခင္ျဖစ္သူဆီကေန ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ဟာ ေမြးဖြားၿပီးတာနဲ႔ခ်က္ခ်င္း ဝူဟန္ကေလးေဆးရံုသို႔ ခ်က္ခ်င္းပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္ ။ Xiao Xiao အမည္႐ွိတဲ့အဆိုပါကေလးငယ္ဟာ သူမရဲ႕အသက္႐ႈလမ္းေၾကာင္းကူးစက္ေရာဂါ ႏွင့္ ႏွလံုးမွာ႐ွိတဲ့ႂကြက္သားေတြ နာက်င္မႈ စသည္တို႔ကိုပါ ခံစားေနရလ်က္႐ွိေၾကာင္း ဆရာဝန္မ်ားက ေျပာဆိုခဲ့ပါတယ္ ။

ကေလးငယ္ရဲ႕အျခား ေရာဂါအေျခအေနကလည္း ျပင္းထန္တဲ့အတြက္ ဆရာဝန္မ်ားက ဗိုင္းရပ္စ္နဲ႔ပက္သက္တဲ့ ေဆးမ်ားတိုက္ေကြၽးျခင္းမ႐ွိေသးဘဲ သူမရဲ႕အေျခအေနကို ေစာင့္ၾကည့္ခဲ့ၾကပါတယ္ ။ ” ကေလးငယ္က အသက္႐ႈရတာလည္း အခက္အခဲမ႐ွိပါဘူး ၊ ေခ်ာင္းဆိုးတာလည္း မ႐ွိသလို ၊ အဖ်ားလည္း မ႐ွိပါဘူး ၊ သူမရဲ႕ ႏွလံုးႂကြက္သားနာက်င္ေနတဲ့အေျခအေနကိုသာ ကုသမႈေပးခဲ့ပါတယ္ ” ဆိုၿပီး ဆရာဝန္က ေျဖၾကားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ 21 ရက္ေန႔မွာေတာ့ 17 ရက္သားအရြယ္သာ ႐ွိေသးတဲ့ ကေလးငယ္ကို စစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ သူမဟာ ကို႐ိုနာဗိုင္းရပ္စ္ အႏႈတ္လကၡဏာျပေနခဲ့ၿပီးေနာက္ ၊ ဗိုင္းရပ္စ္ပိုး လံုးဝသက္သာေပ်ာက္ကင္းသြားခဲ့ပါတယ္ ။ ကေလးငယ္ကိုေတာ့ ေဆးရံုကဆင္းၿပီး အိမ္ျပန္ခြင့္ေပးလိုက္ပါၿပီ ၊ ” ကေလးမေလးက အခု ကို႐ိုနာဗိုင္းရပ္စ္ေကာ ၊ သူမရဲ႕ ႏွလံုးေရာဂါေကာ လံုးဝသက္သာေပ်ာက္ကင္းသြားပါၿပီ ၊ ေဆးရံုက သူ႔ကို ေစာင့္ေ႐ွာက္ေနတဲ့ အေတာအတြင္း ကေလးက အေတာ္ေလးႀကီးထြားလာၿပီး အေတာ္ေလးလည္း ဝၿဖိဳးလာခဲ့ပါတယ္ ” ဆိုၿပီး ဆရာဝန္က ထပ္ေလာင္းၿပီး ေျဖၾကားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ လူကြီး ၊ လူငယ်မရွေး ကူးစက်ခံနေရပြီး မွေးကင်းစကလေးငယ်တွေတောင် ကူးစက်ခံနေရလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မွေးကင်စ ကလေးငယ်လေးဟာ မိခင်ဖြစ်သူဆီကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ် ။ ထို့ကြောင့် ကလေးငယ်ဟာ မွေးဖွားပြီးတာနဲ့ချက်ချင်း ဝူဟန်ကလေးဆေးရုံသို့ ချက်ချင်းပို့ဆောင်ခြင်းခံခဲ့ရပါတယ် ။ Xiao Xiao အမည်ရှိတဲ့အဆိုပါကလေးငယ်ဟာ သူမရဲ့အသက်ရှုလမ်းကြောင်းကူးစက်ရောဂါ နှင့် နှလုံးမှာရှိတဲ့ကြွက်သားတွေ နာကျင်မှု စသည်တို့ကိုပါ ခံစားနေရလျက်ရှိကြောင်း ဆရာဝန်များက ပြောဆိုခဲ့ပါတယ် ။

ကလေးငယ်ရဲ့အခြား ရောဂါအခြေအနေကလည်း ပြင်းထန်တဲ့အတွက် ဆရာဝန်များက ဗိုင်းရပ်စ်နဲ့ပက်သက်တဲ့ ဆေးများတိုက်ကျွေးခြင်းမရှိသေးဘဲ သူမရဲ့အခြေအနေကို စောင့်ကြည့်ခဲ့ကြပါတယ် ။ ” ကလေးငယ်က အသက်ရှုရတာလည်း အခက်အခဲမရှိပါဘူး ၊ ချောင်းဆိုးတာလည်း မရှိသလို ၊ အဖျားလည်း မရှိပါဘူး ၊ သူမရဲ့ နှလုံးကြွက်သားနာကျင်နေတဲ့အခြေအနေကိုသာ ကုသမှုပေးခဲ့ပါတယ် ” ဆိုပြီး ဆရာဝန်က ဖြေကြားခဲ့ပါတယ် ။

သို့ပေမဲ့လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ 21 ရက်နေ့မှာတော့ 17 ရက်သားအရွယ်သာ ရှိသေးတဲ့ ကလေးငယ်ကို စစ်ဆေးကြည့်လိုက်ချိန်မှာတော့ သူမဟာ ကိုရိုနာဗိုင်းရပ်စ် အနှုတ်လက္ခဏာပြနေခဲ့ပြီးနောက် ၊ ဗိုင်းရပ်စ်ပိုး လုံးဝသက်သာပျောက်ကင်းသွားခဲ့ပါတယ် ။ ကလေးငယ်ကိုတော့ ဆေးရုံကဆင်းပြီး အိမ်ပြန်ခွင့်ပေးလိုက်ပါပြီ ၊ ” ကလေးမလေးက အခု ကိုရိုနာဗိုင်းရပ်စ်ကော ၊ သူမရဲ့ နှလုံးရောဂါကော လုံးဝသက်သာပျောက်ကင်းသွားပါပြီ ၊ ဆေးရုံက သူ့ကို စောင့်ရှောက်နေတဲ့ အတောအတွင်း ကလေးက အတော်လေးကြီးထွားလာပြီး အတော်လေးလည်း ဝဖြိုးလာခဲ့ပါတယ် ” ဆိုပြီး ဆရာဝန်က ထပ်လောင်းပြီး ဖြေကြားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment