ရဲအရာ႐ွိတစ္ဦးရဲ႕ အိမ္ေ႐ွ႕သို႔အေရာက္သြားျပီး အက္ဆစ္နဲ႔ပက္ကာ ရန္႐ွာခဲ့တဲ့အမ်ိဳးသား

အိမ္ဆိုတဲ့အရာက လူတိုင္းအတြက္ လံုျခံဳစိတ္ခ်ရၿပီး ေအးေအးေဆးေဆး အနားယူလို႔ရတဲ့ ေနရာမ်ိဳးပါပဲ ။ သို႔ေပမဲ့လည္း ေခတ္ကာလအရ စိတ္ဓာတ္ညံ့ဖ်င္းယုတ္မာသူေတြ ေပါမ်ားလြန္းတဲ့အတြက္ ကိုယ့္ရဲ႕ေနအိမ္ဆိုတာေတာင္ လံုျခံဳစိတ္ခ်မႈမ႐ွိေတာ့ပါဘူး ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kuantan ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 51 ႏွစ္အရြယ္ ဝါရင့္ရဲအရာ႐ွိတစ္ဦးဟာ သူ၏ေနအိမ္အေ႐ွ႕မွာတင္ပဲ သူစိမ္းအမ်ိဳးသားတစ္ေယာက္ရဲ႕ အက္ဆစ္နဲ႔ပက္ေလာင္းျခင္းမ်ိဳး ခံခဲ့ရပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ဟာ ရဲအရာ႐ွိက သူ၏ေနအိမ္မွာ မိသားစုနဲ႔အတူ အနားယူေနစဥ္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။ ရဲအရာ႐ွိရဲ႕ ဝမ္းဗိုက္ ၊ မ်က္ႏွာ ႏွင့္ ပုခံုးတို႔မွာ အက္ဆစ္ေၾကာင့္ ေလာင္ကြၽမ္းသြားသည့္ ဒဏ္ရာမ်ား အမ်ားအျပားရ႐ွိခဲ့ပါတယ္ ။

ရဲအရာ႐ွိရဲ႕ ဇနီးျဖစ္သူ ေျပာျပခ်က္အရ သူစိမ္းတစ္ေယာက္က အိမ္အျပင္ဖက္တံခါးကေန သူမရဲ႕ခင္ပြန္းကို လွမ္းေခၚၿပီး အိမ္အျပင္ ထြက္လာေစခဲ့တာပါ ။ သူစိမ္းအမ်ိဳးသားဟာ ဆိုင္ကယ္ႏွင့္ အိမ္ေ႐ွ႕သို႔ေရာက္႐ွိလာခဲ့တာျဖစ္ၿပီး မ်က္ႏွာကို mask ျဖင့္ ဖံုးအုပ္ထားကာ အပူခံေစတဲ့ဝတ္စံုကိုလည္း ဝတ္ဆင္ထားခဲ့သူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ လက္ထဲမွာလည္း အစားအစာ လက္ေဆာင္ထုပ္ကို ကိုင္ေဆာင္ထားၿပီး ၊ ခင္ပြန္းျဖစ္သူ အိမ္အျပင္ဖက္သို႔ ထြက္လာခဲ့ခ်ိန္မွာေတာ့ အဆိုပါ အစားအစာ လက္ေဆာင္ထုပ္ကို အတင္းေပးခဲ့ပါေတာ့တယ္ ။

ခင္ပြန္းျဖစ္သူမွာလည္း အဆိုပါ လက္ေဆာင္ကို လက္ခံသင့္ ၊ မသင့္ ခ်ီတံုခ်တံုျဖစ္ေနၿပီးေနာက္ အိမ္ထဲသို႔ျပန္ၿပီး ဝင္ေရာက္လာဖို႔လုပ္ေနခ်ိန္မွာမွ အဆိုပါသူစိမ္းအမ်ိဳးသားက ခင္ပြန္းျဖစ္သူကို အက္ဆစ္နဲ႔ေလာင္းပက္ခဲ့တာျဖစ္ေၾကာင္း ဇနီးျဖစ္သူက ထြက္ဆိုခဲ့ပါတယ္ ။ အဆိုပါ သူစိမ္းအမ်ိဳးသားဟာ ၎တို႔၏ေနအိမ္အေ႐ွ႕သို႔ လာေရာက္ပတ္ၾကည့္ေနသည္မွာ ပထမဆံုးအႀကိမ္မဟုတ္ေၾကာင္း ႏွင့္ အရင္အခ်ိန္ေတြကလည္း ေရာက္လာခဲ့ေပမဲ့ ၎တို႔မိသားစုမ်ားက ေနအိမ္မွာ မ႐ွိေနခဲ့၍ ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ယခုခ်ိန္မွာေတာ့ အဆိုပါသူစိမ္းအမ်ိဳးသားကို ဖမ္းဆီးႏိုင္ဖို႔ ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိမ်ဆိုတဲ့အရာက လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး အေးအေးဆေးဆေး အနားယူလို့ရတဲ့ နေရာမျိုးပါပဲ ။ သို့ပေမဲ့လည်း ခေတ်ကာလအရ စိတ်ဓာတ်ညံ့ဖျင်းယုတ်မာသူတွေ ပေါများလွန်းတဲ့အတွက် ကိုယ့်ရဲ့နေအိမ်ဆိုတာတောင် လုံခြုံစိတ်ချမှုမရှိတော့ပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuantan မြို့မှာနေထိုင်တဲ့ အသက် 51 နှစ်အရွယ် ဝါရင့်ရဲအရာရှိတစ်ဦးဟာ သူ၏နေအိမ်အရှေ့မှာတင်ပဲ သူစိမ်းအမျိုးသားတစ်ယောက်ရဲ့ အက်ဆစ်နဲ့ပက်လောင်းခြင်းမျိုး ခံခဲ့ရပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ ရဲအရာရှိက သူ၏နေအိမ်မှာ မိသားစုနဲ့အတူ အနားယူနေစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ ရဲအရာရှိရဲ့ ဝမ်းဗိုက် ၊ မျက်နှာ နှင့် ပုခုံးတို့မှာ အက်ဆစ်ကြောင့် လောင်ကျွမ်းသွားသည့် ဒဏ်ရာများ အများအပြားရရှိခဲ့ပါတယ် ။

ရဲအရာရှိရဲ့ ဇနီးဖြစ်သူ ပြောပြချက်အရ သူစိမ်းတစ်ယောက်က အိမ်အပြင်ဖက်တံခါးကနေ သူမရဲ့ခင်ပွန်းကို လှမ်းခေါ်ပြီး အိမ်အပြင် ထွက်လာစေခဲ့တာပါ ။ သူစိမ်းအမျိုးသားဟာ ဆိုင်ကယ်နှင့် အိမ်ရှေ့သို့ရောက်ရှိလာခဲ့တာဖြစ်ပြီး မျက်နှာကို mask ဖြင့် ဖုံးအုပ်ထားကာ အပူခံစေတဲ့ဝတ်စုံကိုလည်း ဝတ်ဆင်ထားခဲ့သူဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် လက်ထဲမှာလည်း အစားအစာ လက်ဆောင်ထုပ်ကို ကိုင်ဆောင်ထားပြီး ၊ ခင်ပွန်းဖြစ်သူ အိမ်အပြင်ဖက်သို့ ထွက်လာခဲ့ချိန်မှာတော့ အဆိုပါ အစားအစာ လက်ဆောင်ထုပ်ကို အတင်းပေးခဲ့ပါတော့တယ် ။

ခင်ပွန်းဖြစ်သူမှာလည်း အဆိုပါ လက်ဆောင်ကို လက်ခံသင့် ၊ မသင့် ချီတုံချတုံဖြစ်နေပြီးနောက် အိမ်ထဲသို့ပြန်ပြီး ဝင်ရောက်လာဖို့လုပ်နေချိန်မှာမှ အဆိုပါသူစိမ်းအမျိုးသားက ခင်ပွန်းဖြစ်သူကို အက်ဆစ်နဲ့လောင်းပက်ခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူက ထွက်ဆိုခဲ့ပါတယ် ။ အဆိုပါ သူစိမ်းအမျိုးသားဟာ ၎င်းတို့၏နေအိမ်အရှေ့သို့ လာရောက်ပတ်ကြည့်နေသည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း နှင့် အရင်အချိန်တွေကလည်း ရောက်လာခဲ့ပေမဲ့ ၎င်းတို့မိသားစုများက နေအိမ်မှာ မရှိနေခဲ့၍ ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် ယခုချိန်မှာတော့ အဆိုပါသူစိမ်းအမျိုးသားကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment