ကြန္ဒိုအေဆာက္အအံုရဲ႕ ေရကူးကန္ထဲကို တံေတြးေထြးထည့္ၿပီး အျခားသူေတြ ေရာဂါကူးစက္ေအာင္ ၾကံစည္ခဲ့တဲ့ တ႐ုတ္ေက်ာင္းသူေလး (႐ုပ္သံ)

ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈမ႐ွိေအာင္ လူအမ်ားက ဝိုင္းဝန္ကာကြယ္ၿပီး ၊ ကုသမႈမ်ား ျပဳလုပ္ၾကေပမဲ့လည္း အခ်ိဳ႕ေသာ စိတ္ထားယုတ္မာလြန္းသူေတြကေတာ့ မိမိခံစားရေသာ ေရာဂါေဝဒနာေတြကို အျခားသူေတြပါ ကူးစက္ခံစားရေအာင္ ယုတ္မာတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕႐ွိ Cheras University မွာ ပညာသင္ၾကားေနလ်က္႐ွိတဲ့ တ႐ုတ္ေက်ာင္းသူမေလးတစ္ဦးဟာ အမ်ားသံုးကြန္ဒိုတိုက္ခန္းအေဆာက္အအံုမွာ႐ွိတဲ့ ေရကူးကန္ထဲကို တံေတြးေထြးထည့္ခဲ့တာကို မ်က္ျမင္သက္ေသေတြက video ႐ိုက္ယူႏိုင္ခဲ့ပါတယ္ ။

“ေကာင္မေလးက တ႐ုတ္ႏိုင္ငံကေရာက္လာတဲ့ ေက်ာင္းသူေလးပါ ၊ ၿပီးခဲ့တဲ့ February 25 ရက္ေန႔ ညေန 3:30 အခ်ိန္ေလာက္က ေကာင္မေလးက ကြန္ဒိုတိုက္ခန္းအနီးနားမွာ႐ွိတဲ့ ေရကူးကန္ထဲကို တံေတြးေထြးထည့္ခဲ့တာပါ ၊ သူမက ေရကူးကန္တစ္ေလ်ွာက္ လမ္းေလ်ွာက္ၿပီး ေရကူးကန္ထဲကို တံေတြးေထြးထည့္ေနခဲ့တာပါ ၊ လံုျခံဳေရးဝန္ထမ္းကို ျမင္ေတာ့မွ စတိုးဆိုင္ထဲကို ေျပးဝင္သြားခဲ့ၿပီး ေရတစ္ဗူးဝယ္ၿပီးေနာက္ ေရဗူးထဲတံေတြးေထြးထည့္ၿပီးေနာက္ ေရကန္ထဲကိုထပ္ၿပီး ေလာင္းခ်ခဲ့ပါတယ္ ” ဆိုၿပီး တိုက္ခန္းအတြင္းေနထိုင္သူတစ္ဦးက ေျဖၾကားခဲ့ပါတယ္ ။

Video ၾကည့္ရန္ ႐ုပ္ပံုကို ႏွိပ္ပါ

ေရကူးကန္တစ္ခုထဲတင္မကဘဲ ကေလးငယ္ေတြေဆာ့ကစားတဲ့ ေရကန္အေသးေလးထဲကိုပါ တံေတြးေထြးထည့္ခဲ့တာပါ ။ သူမရဲ႕လုပ္ရပ္ေတြကို ေတြ႔ျမင္ခဲ့တဲ့ လံုျခံဳေရးဝန္ထမ္းက သူမကိုေမာင္းထုတ္ခဲ့ပါတယ္ ။ မည္သည့္အေၾကာင္းကိစၥေၾကာင့္ သူမဟာ ေရကူးကန္ထဲကို တံေတြးေထြးထည့္ခဲ့မွန္း မသိရေပမဲ့လည္း သူမဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူျဖစ္ေနလ်ွင္ ေရာဂါကူးစက္ပ်ံ့ႏွံ႔ႏိုင္လို႔ လူအမ်ားက စိုးရိမ္ပူပန္လ်က္႐ွိေနခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် လူအများက ဝိုင်းဝန်ကာကွယ်ပြီး ၊ ကုသမှုများ ပြုလုပ်ကြပေမဲ့လည်း အချို့သော စိတ်ထားယုတ်မာလွန်းသူတွေကတော့ မိမိခံစားရသော ရောဂါဝေဒနာတွေကို အခြားသူတွေပါ ကူးစက်ခံစားရအောင် ယုတ်မာတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့ရှိ Cheras University မှာ ပညာသင်ကြားနေလျက်ရှိတဲ့ တရုတ်ကျောင်းသူမလေးတစ်ဦးဟာ အများသုံးကွန်ဒိုတိုက်ခန်းအဆောက်အအုံမှာရှိတဲ့ ရေကူးကန်ထဲကို တံတွေးထွေးထည့်ခဲ့တာကို မျက်မြင်သက်သေတွေက video ရိုက်ယူနိုင်ခဲ့ပါတယ် ။

“ကောင်မလေးက တရုတ်နိုင်ငံကရောက်လာတဲ့ ကျောင်းသူလေးပါ ၊ ပြီးခဲ့တဲ့ February 25 ရက်နေ့ ညနေ 3:30 အချိန်လောက်က ကောင်မလေးက ကွန်ဒိုတိုက်ခန်းအနီးနားမှာရှိတဲ့ ရေကူးကန်ထဲကို တံတွေးထွေးထည့်ခဲ့တာပါ ၊ သူမက ရေကူးကန်တစ်လျှောက် လမ်းလျှောက်ပြီး ရေကူးကန်ထဲကို တံတွေးထွေးထည့်နေခဲ့တာပါ ၊ လုံခြုံရေးဝန်ထမ်းကို မြင်တော့မှ စတိုးဆိုင်ထဲကို ပြေးဝင်သွားခဲ့ပြီး ရေတစ်ဗူးဝယ်ပြီးနောက် ရေဗူးထဲတံတွေးထွေးထည့်ပြီးနောက် ရေကန်ထဲကိုထပ်ပြီး လောင်းချခဲ့ပါတယ် ” ဆိုပြီး တိုက်ခန်းအတွင်းနေထိုင်သူတစ်ဦးက ဖြေကြားခဲ့ပါတယ် ။

ရေကူးကန်တစ်ခုထဲတင်မကဘဲ ကလေးငယ်တွေဆော့ကစားတဲ့ ရေကန်အသေးလေးထဲကိုပါ တံတွေးထွေးထည့်ခဲ့တာပါ ။ သူမရဲ့လုပ်ရပ်တွေကို တွေ့မြင်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းက သူမကိုမောင်းထုတ်ခဲ့ပါတယ် ။ မည်သည့်အကြောင်းကိစ္စကြောင့် သူမဟာ ရေကူးကန်ထဲကို တံတွေးထွေးထည့်ခဲ့မှန်း မသိရပေမဲ့လည်း သူမဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဖြစ်နေလျှင် ရောဂါကူးစက်ပျံ့နှံ့နိုင်လို့ လူအများက စိုးရိမ်ပူပန်လျက်ရှိနေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment