မိခင္ရဲ႕အသုဘပြဲမွာ ႐ုတ္တရက္ေသဆံုးသြားခဲ့တဲ့ ဖခင္ေၾကာင့္ မိဘမဲ့ျဖစ္သြားခဲ့ရတဲ့ ေမာင္ႏွမ 6ေယာက္

ငယ္ရြယ္လြန္းၿပီး မိဘေတြကိုအျမဲအားကိုးေနရၿပီး ဘဝကိုရပ္တည္ေနရတဲ့ ကေလးငယ္တစ္ေယာက္အတြက္ မိဘကို ဆံုး႐ႈံးရတဲ့အျဖစ္က ဘဝတစ္ေလ်ွာက္ဆက္လက္႐ွင္သန္ဖို႔က အေတာ္ေလးကို ခက္ခဲလြန္းမွာပါ ။ ဒီတစ္ေခါက္မွာလည္း ဘဝအေၾကာင္းလံုးဝကို နားမလည္ေသးတဲ့ ေမာင္ႏွမ 6ေယာက္ဟာ တစ္ခ်ိန္တည္းမွာ မိဘႏွစ္ပါးလံုးကို ဆံုး႐ႈံးလိုက္ရလို႔ သူတို႔ရဲ႕အျဖစ္ဟာ အေတာ္ေလးကို ေၾကကြဲဖြယ္ေကာင္းလြန္းလွပါတယ္ ။ အင္ဒိုနီး႐ွားႏိုင္ငံ ၊ Kota Balikpapan ၿမိဳ႕မွာ ေနထိုင္တဲ့ Siti အမည္႐ွိတဲ့ ကေလး 6ေယာက္အေမဟာ သူမရဲ႕အငယ္ဆံုးသမီးေလးကိုေမြးၿပီး တစ္လအၾကာမွာေတာ့ ေသြးေပါင္အဆမတန္ ထိုးတက္ၿပီးေနာက္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။

ကေလးေတြရဲ႕ စိတ္ဒဏ္ရာဟာ ဒီမွာတင္မရပ္သြားပါဘူး ၊ ကေလးေတြရဲ႕ မိခင္႐ုပ္အေလာင္းကို ေဆးေၾကာသန္႔စင္တဲ့အခ်ိန္မွာပဲ ဖခင္ျဖစ္သူဟာ ေသြးတိုးေရာဂါေၾကာင့္ အသက္ေသဆံုးခဲ့ရျပန္ပါတယ္ ။ ကေလးေတြကိုေတာ့ Siti ရဲ႕ မိဘႏွစ္ပါးက ေစာင့္ေ႐ွာက္ထားလ်က္႐ွိပါတယ္ ။

Siti ရဲ႕မိခင္ျဖစ္သူ ေျပာျပခ်က္အရ က်န္မာေရးေဆးခန္းမွာ Siti ကိုေသြးေပါင္ခ်ိန္တုိင္းတုန္း သူမရဲ႕ေသြးေပါင္ဟာ ပံုမွန္အတိုင္းျဖစ္မေနခဲ့တာကိုေတြ႔႐ွိခဲ့ရၿပီးေနာက္ မၾကာခင္ February 25 ရက္ေန႔မွာေတာ့ Siti အသက္ေသဆံုးသြားခဲ့ပါတယ္ ။ ထို႔ေနာက္ Siti ရဲ႕ အသုဘပြဲမွာ သူမရဲ႕ခင္ပြန္းဟာ ပံုမွန္အတိုင္းျဖစ္မေနဘဲ ေသြးတိုးေနခဲ့လို႔ ေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း အသက္မကယ္ႏိုင္ခဲ့ေၾကာင္း Siti ရဲ႕ မိခင္ကေျပာျပခဲ့ပါတယ္ ။ ကေလးငယ္ေတြရဲ႕ အျဖစ္ကို အိမ္နီးခ်င္းရပ္ကြက္သားေတြက ၾကားသိၿပီးမၾကာခင္မွာပဲ လာေရာက္ၿပီးကူညီေဖးမခဲ့ၾကတဲ့အျပင္ ကေလးငယ္ေတြရဲ႕ ဘဝတစ္ေလ်ွာက္အတြက္လည္း အကုန္လံုးက ဝိုင္းၿပီးစိုးရိမ္ေပးေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ငယ်ရွယ်လွန်းပြီး မိဘတွေကိုအမြဲအားကိုးနေရပြီး ဘဝကိုရပ်တည်နေရတဲ့ ကလေးငယ်တစ်ယောက်အတွက် မိဘကို ဆုံးရှုံးရတဲ့အဖြစ်က ဘဝတစ်လျှောက်ဆက်လက်ရှင်သန်ဖို့က အတော်လေးကို ခက်ခဲလွန်းမှာပါ ။ ဒီတစ်ခေါက်မှာလည်း ဘဝအကြောင်းလုံးဝကို နားမလည်သေးတဲ့ မောင်နှမ 6ယောက်ဟာ တစ်ချိန်တည်းမှာ မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရလို့ သူတို့ရဲ့အဖြစ်ဟာ အတော်လေးကို ကြေကွဲဖွယ်ကောင်းလွန်းလှပါတယ် ။ အင်ဒိုနီးရှားနိုင်ငံ ၊ Kota Balikpapan မြို့မှာ နေထိုင်တဲ့ Siti အမည်ရှိတဲ့ ကလေး 6ယောက်အမေဟာ သူမရဲ့အငယ်ဆုံးသမီးလေးကိုမွေးပြီး တစ်လအကြာမှာတော့ သွေးပေါင်အဆမတန် ထိုးတက်ပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။

ကလေးတွေရဲ့ စိတ်ဒဏ်ရာဟာ ဒီမှာတင်မရပ်သွားပါဘူး ၊ ကလေးတွေရဲ့ မိခင်ရုပ်အလောင်းကို ဆေးကြောသန့်စင်တဲ့အချိန်မှာပဲ ဖခင်ဖြစ်သူဟာ သွေးတိုးရောဂါကြောင့် အသက်သေဆုံးခဲ့ရပြန်ပါတယ် ။ ကလေးတွေကိုတော့ Siti ရဲ့ မိဘနှစ်ပါးက စောင့်ရှောက်ထားလျက်ရှိပါတယ် ။

Siti ရဲ့မိခင်ဖြစ်သူ ပြောပြချက်အရ ကျန်မာရေးဆေးခန်းမှာ Siti ကိုသွေးပေါင်ချိန်တိုင်းတုန်း သူမရဲ့သွေးပေါင်ဟာ ပုံမှန်အတိုင်းဖြစ်မနေခဲ့တာကိုတွေ့ရှိခဲ့ရပြီးနောက် မကြာခင် February 25 ရက်နေ့မှာတော့ Siti အသက်သေဆုံးသွားခဲ့ပါတယ် ။ ထို့နောက် Siti ရဲ့ အသုဘပွဲမှာ သူမရဲ့ခင်ပွန်းဟာ ပုံမှန်အတိုင်းဖြစ်မနေဘဲ သွေးတိုးနေခဲ့လို့ ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း အသက်မကယ်နိုင်ခဲ့ကြောင်း Siti ရဲ့ မိခင်ကပြောပြခဲ့ပါတယ် ။ ကလေးငယ်တွေရဲ့ အဖြစ်ကို အိမ်နီးချင်းရပ်ကွက်သားတွေက ကြားသိပြီးမကြာခင်မှာပဲ လာရောက်ပြီးကူညီဖေးမခဲ့ကြတဲ့အပြင် ကလေးငယ်တွေရဲ့ ဘဝတစ်လျှောက်အတွက်လည်း အကုန်လုံးက ဝိုင်းပြီးစိုးရိမ်ပေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment