ချစ်ဖို့ကောင်းလွန်းတဲ့ မျက်နှာထားလေးကြောင့် အင်တာနက်ပေါ်မှာ အတော်လေးရေပန်းစားနေတဲ့ ခွေးပုလေး(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်တာနက်ပေါ်မှာ ချစ်ဖို့ကောင်းလွန်းတဲ့ တိရစ္ဆာန်လေးတွေ အမြောက်အများရှိပေမဲ့လည်း Dui အမည်ရှိတဲ့ ဗီယက်နမ်နိုင်ငံက ခွေးပုလေးရဲ့မျက်နှာထားလေးဟာလည်း ကိုယ့်ရဲ့တစ်နေ့တာလေးကို ရယ်မောပျော်ရွှင်စေမှာပါ ။ Dui ဟာ အသက် 2နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ မူးရင်ခွေးမျိုးနွယ်တွေဖြစ်တဲ့ Hmong နဲ့ Dingo ခွေးအမျိုးအစားတို့ ပေါင်းစပ်ထားတဲ့ ခွေးလေးဖြစ်ပါတယ် ။ Dui လေးကတော့ ဗီယက်နမ်နိုင်ငံ ၊ Hanoi မြို့မှာ သူချစ်ရတဲ့ သခင်ဖြစ်သူနဲ့ အတူနေထိုင်နေလျက်ရှိပါတယ် ။

Dui ရဲ့ သခင်ဖြစ်သူ ပြောပြချက်အရ ခွေးလေးကို ဗီယက်နမ်က တောင်တစ်ခုပေါ်ကနေ ကောက်ယူမွေးစားခဲ့တဲ့ဖြစ်ပြီး အစပိုင်းမှာတော့ ခွေးလေးကို မျီုးရိုးဗီဇပြသာနာရှိတယ်လို့ ထင်မိခဲ့ကြပါတယ် ။

Dui လေးဟာ အတော်လေးကို ပျော်ရွှင်တက်ကြွတဲ့ ခွေးတစ်ကောင်ဖြစ်တဲ့အပြင် ၊ အခြားသော အကောင်းကြီးတဲ့ခွေးလေးတွေနဲ့လည်း အတူဆော့ကစားလေ့ရှိပြီး လူတွေကို အတော်လေးခင်တတ်တဲ့ ခွေးလေးဖြစ်ကြောင်း သိရှိရပါတယ် ။ Dui အတွက် Fanpage ထောင်ပေပြီး 5ရက်အတွင်းမှာတင် followers 40k အထိရခဲ့ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment