ရဲအရာ႐ွိမ်ားကိုလွည့္စားဖို႔အတြက္ မူးယစ္ေဆးဝါးသံုးစြဲတဲ့ေနရာကို 6ႏွစ္အရြယ္ကေလးေခၚသြားခဲ့တဲ့ ပေထြး

ကေလးတစ္ေယာက္ဟာ သူရဲ႕အျပဳအမႈေတြနဲ႔ ကိုယ္က်င့္တရားေတြကို မိဘေတြဆီကေနေလ့လာသင္ယူၿပီး ႀကီးျပင္းလာခဲ့ၾကတာပါ ။ဒါေပမဲ့ ဒီတစ္ေခါက္မွာေတာ့ မေလး႐ွားႏိုင္ငံက 6ႏွစ္အရြယ္ကေလးငယ္ဟာ သူ႔ရဲ႕ပေထြးေနာက္လိုက္ၿပီး ခ်ံဳပုတ္ေတြထူထပ္တဲ့ေနရာမ်ားမွာ မူးယစ္ေဆးဝါးဝယ္ယူၿပီး ၊ သံုးစြဲျခင္းတို႔ကို ဓာတ္ပံုထဲတြင္ျမင္ေတြ႔ေနရေသာ လူတစ္စုနဲ႔အတူ ျပဳလုပ္ေနမယ္ဆိုတာကေတာ့ မေတြးဝံ့စရာပါပဲ ။၎အုပ္စုကိုေတာ့ မူးယစ္ေဆးဝါးေရာင္းခ်ေနမႈႏွင့္ သံုးစြဲမႈတို႔အတြက္ ရဲအရာ႐ွိမ်ားက မနက္ခင္း 8:30 အခ်ိန္တြင္ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ပါတယ္ ။အဆိုပါ 6ႏွစ္အရြယ္ေကာင္ေလးကိုေတာ့ အလုပ္လက္မဲ့ျဖစ္ေနတဲ့ပေထြးျဖစ္သူက ရဲအရာ႐ွိေတြကို လွည့္စားဖို႔အတြက္အျမဲေခၚေဆာင္လာခဲ့ျခင္းျဖစ္ၿပီး ၊ ကေလးငယ္ကိုအသံုးခ်ၿပီး ပေထြးျဖစ္သူကအဆိုပါေနရာတြင္ မူးယစ္ေဆးႏွင့္ ဘိန္ျဖဴမ်ားကိုသံုးစြဲေနခဲ့ျခင္းျဖစ္ပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ေျပာျပခ်က္အရ ၎အုပ္စုဟာ မူးယစ္ေဆးဝါးမ်ားႏွင့္ပက္သက္ၿပီး လြန္ခဲ့တဲ့3လ ကတည္းကနာမည္ဆိုးနဲ႔ေက်ာ္ၾကားေနခဲ့တာျဖစ္ပါတယ္ ။၎အုပ္စုကို ႐ုတ္တရက္ဝင္ေရာက္ဖမ္းဆီးခဲ့ခ်ိန္မွာေတာ့ အမ်ိဳးသား 11 ေယာက္ကို ဖမ္းဆီးႏိုင္ခဲ့ၿပီး ၊အဖြဲ႔ဝင္တစ္ဦးမွာေတာ့ ျမန္မာႏိုင္ငံသား ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။အသက္ 25 ႏွစ္မွ 50 ႏွစ္အရြယ္အတြင္း အမ်ိဳးသားမ်ားျဖစ္ၾကၿပီး မူးယစ္ေဆးဝါးျဖန္႔ျဖဴ းေရာင္းခ်ျခင္း ႏွင့္ သံုးစြဲေနမႈတို႔ေၾကာင့္ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္ ။

ရဲအရာ႐ွိမ်ားကေတာ့ စိတ္ႂကြေဆး 127g ႏွင့္ ဘိန္ျဖဴ 6.08 gကိုဖမ္းဆီးႏုိင္ခဲ့ၿပီး ျမန္မာေငြတန္ဖိုး 38သိန္းဝန္းက်င္ခန္႔႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ကေလးငယ္ကိုေတာ့ မိသားစုဝင္ထံသို႔ျပန္လည္ပို႔ေဆာင္ခဲ့ၿပီးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးတစ်ယောက်ဟာ သူရဲ့အပြုအမှုတွေနဲ့ ကိုယ်ကျင့်တရားတွေကို မိဘတွေဆီကနေလေ့လာသင်ယူပြီး ကြီးပြင်းလာခဲ့ကြတာပါ ။ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ မလေးရှားနိုင်ငံက 6နှစ်အရွယ်ကလေးငယ်ဟာ သူ့ရဲ့ပထွေးနောက်လိုက်ပြီး ချုံပုတ်တွေထူထပ်တဲ့နေရာများမှာ မူးယစ်ဆေးဝါးဝယ်ယူပြီး ၊ သုံးစွဲခြင်းတို့ကို ဓာတ်ပုံထဲတွင်မြင်တွေ့နေရသော လူတစ်စုနဲ့အတူ ပြုလုပ်နေမယ်ဆိုတာကတော့ မတွေးဝံ့စရာပါပဲ ။၎င်းအုပ်စုကိုတော့ မူးယစ်ဆေးဝါးရောင်းချနေမှုနှင့် သုံးစွဲမှုတို့အတွက် ရဲအရာရှိများက မနက်ခင်း 8:30 အချိန်တွင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ် ။အဆိုပါ 6နှစ်အရွယ်ကောင်လေးကိုတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ပထွေးဖြစ်သူက ရဲအရာရှိတွေကို လှည့်စားဖို့အတွက်အမြဲခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ၊ ကလေးငယ်ကိုအသုံးချပြီး ပထွေးဖြစ်သူကအဆိုပါနေရာတွင် မူးယစ်ဆေးနှင့် ဘိန်ဖြူများကိုသုံးစွဲနေခဲ့ခြင်းဖြစ်ပါတယ် ။

ရဲအရာရှိတွေရဲ့ပြောပြချက်အရ ၎င်းအုပ်စုဟာ မူးယစ်ဆေးဝါးများနှင့်ပက်သက်ပြီး လွန်ခဲ့တဲ့3လ ကတည်းကနာမည်ဆိုးနဲ့ကျော်ကြားနေခဲ့တာဖြစ်ပါတယ် ။၎င်းအုပ်စုကို ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာတော့ အမျိုးသား 11 ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၊အဖွဲ့ဝင်တစ်ဦးမှာတော့ မြန်မာနိုင်ငံသား ဖြစ်ကြောင်းသိရှိရပါတယ် ။အသက် 25 နှစ်မှ 50 နှစ်အရွယ်အတွင်း အမျိုးသားများဖြစ်ကြပြီး မူးယစ်ဆေးဝါးဖြန့်ဖြူ းရောင်းချခြင်း နှင့် သုံးစွဲနေမှုတို့ကြောင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ် ။

ရဲအရာရှိများကတော့ စိတ်ကြွဆေး 127g နှင့် ဘိန်ဖြူ 6.08 gကိုဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာငွေတန်ဖိုး 38သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရှိရပါတယ် ။ကလေးငယ်ကိုတော့ မိသားစုဝင်ထံသို့ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ရဲအရာ႐ွိမ်ားကိုလွည့္စားဖို႔အတြက္ မူးယစ္ေဆးဝါးသံုးစြဲတဲ့ေနရာကို 6ႏွစ္အရြယ္ကေလးေခၚသြားခဲ့တဲ့ ပေထြး"

Leave a comment

Your email address will not be published.


*