ေျမးျဖစ္သူ အရက္သမားက အျမဲ႐ိုက္ႏွက္ႏွိပ္စက္ေနခဲ့လို႔ ေနအိမ္ကေနထြက္ေျပးၿပီး လမ္းမေဘးအိပ္စက္ခဲ့ရတဲ့ အဘြားအို

မိခင္ ၊ အဘြား ဆိုတဲ့ သူေတြဟာ ကိုယ္ေတြမသိတတ္ေသးတဲ့ အခ်ိန္ကတည္းကစၿပီး ကိုယ့္ကိုအျမဲျပဳစုေစာင့္ေ႐ွာက္ခဲ့တဲ့သူေတြျဖစ္တဲ့အတြက္ သူတို႔အေပၚ ေလးစား ဂ႐ုဏာစိတ္ထားတတ္ရမွာ သဘာဝပါပဲေလ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြက ေက်းဇူးသိတတ္တဲ့စိတ္မ႐ွိတဲ့အျပင္ ရက္စက္ယုတ္မာတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္ social media ေပၚမွာ အေတာ္ေလးေရပန္းစာေနလ်က္႐ွိတဲ့ သတင္းတစ္ပုဒ္ဟာလည္း ဝမ္းနည္းေၾကကြဲဖြယ္ေကာင္းလြန္းလွပါတယ္ ။ ျဖစ္စဥ္ကေတာ့ ထိုင္းႏိုင္ငံက အဘြားအိုတစ္ေယာက္ဟာ မယံုႏိုင္ေလာက္တဲ့ ႏွိပ္စက္ညင္းပန္းမႈမ်ိဳးကို ခံခဲ့ရလို႔ လမ္းမႀကီးေဘးမွာ ဒူးတစ္ဖက္ ေထာင္လ်က္နဲ႔ ထိုင္ေနခဲ့တာပါ ။ သူမကို ေတြ႔႐ွိခဲ့ၾကခ်ိန္မွာေတာ့ အေတာ္ေလးကို ႐ိုက္ႏွက္ခံထားရပံုုျဖစ္ေနၿပီး မ်က္စိမွာလည္း ဖူးေယာင္ေနကာ ဒဏ္ရာေတြနဲ႔ လမ္းမႀကီးေဘးမွာ စြန္႔ပစ္ခံထားရပံုျဖစ္ေနပါတယ္ ။

ထို႔ေၾကာင့္ အဘြားအိုကို ေမးျမန္းခဲ့ၾကခ်ိန္မွာေတာ့ သူမရဲ႕ေျမးမွာ အရက္သမားျဖစ္ၿပီး ၊ အရက္မူးတဲ့ အခ်ိန္တိုင္းမွာ သူမကို႐ိုက္ႏွက္ေလ့႐ွိေၾကာင္း ႏွင့္ ေျမးျဖစ္သူႏွင့္ တစ္အိမ္ထဲ အတူတူေနထိုင္ေနလ်က္႐ွိတဲ့အတြက္ လြတ္ေျမာက္ႏိုင္ဖို႔ နည္းလမ္းမ႐ွိေတာ့တဲ့အဆံုး ေနအိမ္ကေန ထြက္ေျပးလာခဲ့ၿပီး လမ္းမႀကီးေဘးမွာ အိပ္စက္ခဲ့ရေၾကာင္း သူမရဲ႕အျဖစ္ကို ေျပာျပခဲ့ပါတယ္ ။

” ကြၽန္မက အဘြားအိုတစ္ေယာက္ပါ ၊ ကိုယ့္ကို ဘယ္လိုလုပ္ၿပီး ခုခံကာကြယ္ႏိုင္ပါ့မလဲ ၊ ကြၽန္မမွာ ခြန္အားေတြ မ႐ွိေတာ့ဘူးေလ ” ဆိုၿပီး ေၾကကြဲဖြယ္သူမရဲ႕အျဖစ္ကို ေျပာျပခဲ့ပါေသးတယ္ ။ ဓာတ္ပံုကို ၾကည့္လိုက္တာနဲ႔ သူမအေတာ္ေလးကို ႐ိုက္ႏွက္ ႏွိပ္စက္ခံထားရမွန္း သိသာလြန္းလွပါတယ္ ။ သူမရဲ႕ေျမးျဖစ္သူ လုပ္ရပ္ကိုေတာ့ ရဲတိုင္ၾကားခ်က္ ႐ွိ၊ မ႐ွိ ေသခ်ာ မသိရေသးပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင် ၊ အဘွား ဆိုတဲ့ သူတွေဟာ ကိုယ်တွေမသိတတ်သေးတဲ့ အချိန်ကတည်းကစပြီး ကိုယ့်ကိုအမြဲပြုစုစောင့်ရှောက်ခဲ့တဲ့သူတွေဖြစ်တဲ့အတွက် သူတို့အပေါ် လေးစား ဂရုဏာစိတ်ထားတတ်ရမှာ သဘာဝပါပဲလေ ။ သို့ပေမဲ့လည်း အချို့သောသူတွေက ကျေးဇူးသိတတ်တဲ့စိတ်မရှိတဲ့အပြင် ရက်စက်ယုတ်မာတတ်ကြပါတယ် ။ ဒီတစ်ခေါက် social media ပေါ်မှာ အတော်လေးရေပန်းစာနေလျက်ရှိတဲ့ သတင်းတစ်ပုဒ်ဟာလည်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းလှပါတယ် ။ ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံက အဘွားအိုတစ်ယောက်ဟာ မယုံနိုင်လောက်တဲ့ နှိပ်စက်ညင်းပန်းမှုမျိုးကို ခံခဲ့ရလို့ လမ်းမကြီးဘေးမှာ ဒူးတစ်ဖက် ထောင်လျက်နဲ့ ထိုင်နေခဲ့တာပါ ။ သူမကို တွေ့ရှိခဲ့ကြချိန်မှာတော့ အတော်လေးကို ရိုက်နှက်ခံထားရပုံဖြစ်နေပြီး မျက်စိမှာလည်း ဖူးယောင်နေကာ ဒဏ်ရာတွေနဲ့ လမ်းမကြီးဘေးမှာ စွန့်ပစ်ခံထားရပုံဖြစ်နေပါတယ် ။

ထို့ကြောင့် အဘွားအိုကို မေးမြန်းခဲ့ကြချိန်မှာတော့ သူမရဲ့မြေးမှာ အရက်သမားဖြစ်ပြီး ၊ အရက်မူးတဲ့ အချိန်တိုင်းမှာ သူမကိုရိုက်နှက်လေ့ရှိကြောင်း နှင့် မြေးဖြစ်သူနှင့် တစ်အိမ်ထဲ အတူတူနေထိုင်နေလျက်ရှိတဲ့အတွက် လွတ်မြောက်နိုင်ဖို့ နည်းလမ်းမရှိတော့တဲ့အဆုံး နေအိမ်ကနေ ထွက်ပြေးလာခဲ့ပြီး လမ်းမကြီးဘေးမှာ အိပ်စက်ခဲ့ရကြောင်း သူမရဲ့အဖြစ်ကို ပြောပြခဲ့ပါတယ် ။

” ကျွန်မက အဘွားအိုတစ်ယောက်ပါ ၊ ကိုယ့်ကို ဘယ်လိုလုပ်ပြီး ခုခံကာကွယ်နိုင်ပါ့မလဲ ၊ ကျွန်မမှာ ခွန်အားတွေ မရှိတော့ဘူးလေ ” ဆိုပြီး ကြေကွဲဖွယ်သူမရဲ့အဖြစ်ကို ပြောပြခဲ့ပါသေးတယ် ။ ဓာတ်ပုံကို ကြည့်လိုက်တာနဲ့ သူမအတော်လေးကို ရိုက်နှက် နှိပ်စက်ခံထားရမှန်း သိသာလွန်းလှပါတယ် ။ သူမရဲ့မြေးဖြစ်သူ လုပ်ရပ်ကိုတော့ ရဲတိုင်ကြားချက် ရှိ၊ မရှိ သေချာ မသိရသေးပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment