ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူပေါင်း 1595 ဦးအထိ ထိုးတက်ခဲ့ပြီး ၊ သေဆုံးသူပေါင်း 13ဦး ရှိနေပြီဖြစ်တဲ့ တောင်ကိုးရီးယားနိုင်ငံ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တောင်ကိုးရီးယားနိုင်ငံဟာ ယခုအချိန်မှာတော့ တရုတ်နိုင်ငံကလွဲပြီး အခြားနိုင်ငံတွေထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါတယ် ။ ယခုချိန်မှာ ကူးစက်ခံရသူပေါင်း 1595 ဦးရှိနေပြီဖြစ်ပြီး ၊ သေဆုံးသူပေါင်းလည်း 13ဦး အထိရှိနေပြီဖြစ်ပါတယ် ။ ရက်ပိုင်းအနည်းငယ်အတွင်း February 27 ရက်အထိ ကူးစက်ခံရသူပေါင်း 334 ဦးအထိ တိုးလာခဲ့တာဖြစ်ပါတယ် ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်မားသွားခဲ့ရတဲ့အကြောင်းကတော့ တာဝန်ရှိသူတွေဟာ ပြည်သူပေါင်း 210000 ကျော်ကို နေရာတစ်နေရာထဲမှာစုဝေးပြီး ဆေးစစ်ချက်တွေပြုလုပ်ခဲ့လို့ဖြစ်ကြောင်း သိရှိရပါတယ် ။

ကူးစက်ခံရသူပေါင်း တစ်ဝက်ကျော်ခန့်ကတော့ တောင်ကိုးရီးယားနိုင်ငံ Daegu မြို့မှဖြစ်ပြီး ၊ ကျန် 334 ဦးမှာတော့ Gyeongsang ပြည်နယ်ရဲ့ မြောက်ဖက်ပိုင်းမှ နေထိုင်သူများဖြစ်ကြောင်း သိရှိရပါတယ် ။

တောင်ကိုးရီးယားနိုင်ငံရဲ့ အခြားမြို့ကြီးများမှာတော့ ကူးစက်ခံရသူပေါင်း အနည်ငယ်ခန့်ရှိပြီး ၊ Seoul မြို့မှာတော့ ကူးစက်ခံရသူပေါင်း 6ဦး ခန့်သာရှိကြောင်း သိရှိရပါတယ် ။ လက်ရှိအခြေအနေမှာတော့ တောင်ကိုးရီးယားနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအဆင့်ဟာ အနီရောင်အဆင့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment