ခရီးထြက္ဖို႔ အဝတ္အစားေတြမျပင္ဆင္ေပးလို႔ဆိုၿပီး မိခင္ကို ႐ိုက္ႏွက္ႏွိပ္စက္ခဲ့တဲ့ 17 ႏွစ္အရြယ္ သမီး

သမီးအရင္းတစ္ေယာက္က မိခင္ကိုဒီလိုပံုစံမ်ိဳးနဲ႔ ဆက္ဆံခဲ့တာကေတာ့ တကယ့္ကိုမယံုႏိုင္စရာပါပဲ ။ အင္ဒိုနီး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 17ႏွစ္အရြယ္မိန္းကေလးဟာ သူမရဲ႕မိခင္ျဖစ္သူက သူမအတြက္ အဝတ္အစားေတြမျပင္မဆင္ေပးလို႔ဆိုၿပီး မိခင္ျဖစ္သူကို အႀကိမ္ေပါင္းမ်ားစြာ ႐ိုက္ႏွက္ကန္ေက်ာက္ပစ္ခဲ့ပါတယ္ ။ TH ဆိုၿပီး အမည္ရတဲ့သူမဟာ ၿပီးခဲ့တဲ့ February 26 ရက္ေန႔မွာပဲ သူမရဲ႕ေနအိမ္မွာ မိခင္ျဖစ္သူကို႐ိုက္ႏွက္ခဲ့တာပါ ။ ျဖစ္စဥ္ကေတာ့ TH ဟာ မိခင္ျဖစ္သူကို Kota Kupang ၿမိဳ႕သို႔ သြားဖို႔ဆိုၿပီး သူမအတြက္ အဝတ္အစားေတြ ထုပ္ပိုးျပင္ဆင္ခိုင္းခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း မိခင္ျဖစ္သူက ထမင္းခ်က္ျပဳတ္ေနေသးတဲ့အတြက္ စိတ္႐ွည္ၿပီးေစာင့္ေပးဖို႔ သူမကိုေျပာဆိုခဲ့ပါတယ္ ။ သူမမွာေတာ့ စိတ္မ႐ွည္ေတာ့တဲ့အဆံုး မိခင္ျဖစ္သူကို ဆူေငါက္ဆဲဆိုပစ္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ သားအမိအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ခဲ့ၾကၿပီးေနာက္ TH ဟာ မိခင္ျဖစ္သူကို႐ိုက္ႏွက္ပစ္ခဲ့ပါေတာ့တယ္ ။ သူမဟာ မိခင္၏ဦးေခါင္းကို 2ႀကိမ္႐ိုက္ႏွက္ခဲ့ၿပီး ၊ မိခင္ရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္း ႏွင့္ ဦးေခါင္းတို႔ကိုပါ အႀကိမ္ေပါင္းမ်ားစြာ ကန္ေက်ာက္ပစ္ခဲ့ပါေသးတယ္ ။

အဆိုပါ အျဖစ္အပ်က္ကို TH ရဲ႕ ညီမျဖစ္သူက ေတြ႔႐ွိသြားခဲ့ၿပီးေနာက္ အိမ္နီးနားခ်င္းထံသို႔အေျပးအလႊား သြားေရာက္အကူအညီေတာင္းခံခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို အိမ္နီးခ်င္းေတြကပါ သက္ေသ video ႐ိုက္ယူထားခဲ့ၾကၿပီး သူမကို ဝိုင္းဆြဲခဲ့ၾကၿပီး ရဲစခန္းသို႔တိုင္ၾကားခဲ့ၾကပါတယ္ ။ သူမရဲ႕ မိခင္ကို႐ိုက္ႏွက္ခဲ့တဲ့ video ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံသြားခဲ့ၿပီးေနာက္ ရဲအရာ႐ွိမ်ားကလည္း သူမကို ခ်က္ခ်င္းလာေရာက္ဖမ္းဆီးသြားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သမီးအရင်းတစ်ယောက်က မိခင်ကိုဒီလိုပုံစံမျိုးနဲ့ ဆက်ဆံခဲ့တာကတော့ တကယ့်ကိုမယုံနိုင်စရာပါပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 17နှစ်အရွယ်မိန်းကလေးဟာ သူမရဲ့မိခင်ဖြစ်သူက သူမအတွက် အဝတ်အစားတွေမပြင်မဆင်ပေးလို့ဆိုပြီး မိခင်ဖြစ်သူကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ကန်ကျောက်ပစ်ခဲ့ပါတယ် ။ TH ဆိုပြီး အမည်ရတဲ့သူမဟာ ပြီးခဲ့တဲ့ February 26 ရက်နေ့မှာပဲ သူမရဲ့နေအိမ်မှာ မိခင်ဖြစ်သူကိုရိုက်နှက်ခဲ့တာပါ ။ ဖြစ်စဉ်ကတော့ TH ဟာ မိခင်ဖြစ်သူကို Kota Kupang မြို့သို့ သွားဖို့ဆိုပြီး သူမအတွက် အဝတ်အစားတွေ ထုပ်ပိုးပြင်ဆင်ခိုင်းခဲ့ပါတယ် ။

သို့ပေမဲ့လည်း မိခင်ဖြစ်သူက ထမင်းချက်ပြုတ်နေသေးတဲ့အတွက် စိတ်ရှည်ပြီးစောင့်ပေးဖို့ သူမကိုပြောဆိုခဲ့ပါတယ် ။ သူမမှာတော့ စိတ်မရှည်တော့တဲ့အဆုံး မိခင်ဖြစ်သူကို ဆူငေါက်ဆဲဆိုပစ်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သားအမိအချင်းချင်း စကားများရန်ဖြစ်ခဲ့ကြပြီးနောက် TH ဟာ မိခင်ဖြစ်သူကိုရိုက်နှက်ပစ်ခဲ့ပါတော့တယ် ။ သူမဟာ မိခင်၏ဦးခေါင်းကို 2ကြိမ်ရိုက်နှက်ခဲ့ပြီး ၊ မိခင်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း နှင့် ဦးခေါင်းတို့ကိုပါ အကြိမ်ပေါင်းများစွာ ကန်ကျောက်ပစ်ခဲ့ပါသေးတယ် ။

အဆိုပါ အဖြစ်အပျက်ကို TH ရဲ့ ညီမဖြစ်သူက တွေ့ရှိသွားခဲ့ပြီးနောက် အိမ်နီးနားချင်းထံသို့အပြေးအလွှား သွားရောက်အကူအညီတောင်းခံခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို အိမ်နီးချင်းတွေကပါ သက်သေ video ရိုက်ယူထားခဲ့ကြပြီး သူမကို ဝိုင်းဆွဲခဲ့ကြပြီး ရဲစခန်းသို့တိုင်ကြားခဲ့ကြပါတယ် ။ သူမရဲ့ မိခင်ကိုရိုက်နှက်ခဲ့တဲ့ video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံသွားခဲ့ပြီးနောက် ရဲအရာရှိများကလည်း သူမကို ချက်ချင်းလာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment