စားေသာက္ဆိုင္က အမ်ိဳးသမီးသန္႔စင္ခန္းကို ဝင္ေရာက္အသံုးျပဳခဲ့လို႔ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရတဲ့ လိင္ေျပာင္းအမ်ိဳးသမီး

ကမာၻေပၚမွာ႐ွိတဲ့ အခ်ိဳ႕ေသာ အရပ္ေဒသ နဲ႔ လူတစ္ခ်ိဳ႕ေတြကေတာ့ LGBT ေတြရဲ႕အခြင့္အေရးကို လက္မခံႏိုင္ၾကေသးပါဘူး ။ ဒါေၾကာင့္မို႔ အခ်ိဳ႕ေသာ LGBT ေတြဟာ သူတို႔ရဲ႕တစ္ေန႔တာလုပ္ေဆာင္ခ်က္ျဖစ္တဲ့ အမ်ိဳးသံုးအိမ္သာကိုအသံုးျပဳႏိုင္ဖို႔ကေတာ့ အေတာ္ေလးကိုအခက္အခဲၾကံဳေနရလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Puerto Rico မွာ႐ွိတဲ့ လိင္ေျပာင္းအမ်ိဳးသမီးတစ္ေယာက္ဟာ စားေသာက္ဆိုင္တစ္ခုက အမ်ိဳးသမီးသံုးအိမ္သာကို အသံုးျပဳခဲ့လို႔ဆိုၿပီး ေသနတ္နဲ႔ပစ္သတ္ျခင္းခံခဲ့ရပါတယ္ ။ သူမဟာ အသတ္မခံရခင္အခ်ိန္မွာ သူစိမ္အမ်ိဳးသားႏွစ္ေယာက္ရဲ႕ ေနာက္ေယာင္ခံၿပီး လိုက္လံ႐ွာေဖြျခင္းကိုခံခဲ့ရေသးေၾကာင္း LGBT အတြက္လႈပ္႐ွားေဆာင္ရြက္ေပးသူ Pedro Julio Serrano က ရဲအရာ႐ွိေတြကိုတိုင္ၾကားထားခဲ့ၿပီး လက္႐ွိမွာေတာ့ သူမ အသတ္ခံရမႈအတြက္ ရဲအရာ႐ွိေတြက စစ္ေဆးေနလ်က္႐ွိပါတယ္ ။

ထို႔အျပင္ Video တစ္ခုမွာကေတာ့ အမ်ိဳးသားတစ္ဦးက သူမေနာက္လိုက္ၿပီးေတာ့ ” ငါတို႔သူ႔ကို ေသနတ္နဲ႔ပစ္သတ္ရေအာင္ ” က်ိန္းေသတယ္ ငါသြားၿပီးေတာ့ အဲ့ရဲ႕ ***** ကိုသြားပစ္သတ္မယ္ ” ဆိုၿပီး သူမေသဆံုးခဲ့ရတဲ့အျဖစ္ရဲ႕ သက္ေသ video ေတြပါ႐ွိေနခဲ့တာပါ ။

ထို႔အျပင္ သူမကိုသတ္ပစ္ခဲ့သူမွာ အေတာ္ေလးကို သေဘာထားေသးသိမ္သူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ သူမဟာ လိင္ေျပာင္အမ်ိဳးသမီးျဖစ္ေပမဲ့လည္း အမ်ားနည္းတူ အိမ္မက္ေတြ ၊ ဝါသနာေတြ ၊ ရည္မွန္းခ်က္ေတြ ႐ွိတဲ့လူတစ္ေယာက္ျဖစ္တဲ့အတြက္ သူမက LGBT တစ္ေယာက္ျဖစ္ရံုနဲ႔ အသက္ဆံုး႐ွံုးရတာဟာ လံုးဝလက္ခံႏိုင္စရာအေၾကာင္းမ႐ွိေၾကာင္း LGBT ဦးေဆာင္လႈပ္႐ွားသူမ်ားက ဖြင့္ဟေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာပေါ်မှာရှိတဲ့ အချို့သော အရပ်ဒေသ နဲ့ လူတစ်ချို့တွေကတော့ LGBT တွေရဲ့အခွင့်အရေးကို လက်မခံနိုင်ကြသေးပါဘူး ။ ဒါကြောင့်မို့ အချို့သော LGBT တွေဟာ သူတို့ရဲ့တစ်နေ့တာလုပ်ဆောင်ချက်ဖြစ်တဲ့ အမျိုးသုံးအိမ်သာကိုအသုံးပြုနိုင်ဖို့ကတော့ အတော်လေးကိုအခက်အခဲကြုံနေရလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း Puerto Rico မှာရှိတဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုက အမျိုးသမီးသုံးအိမ်သာကို အသုံးပြုခဲ့လို့ဆိုပြီး သေနတ်နဲ့ပစ်သတ်ခြင်းခံခဲ့ရပါတယ် ။ သူမဟာ အသတ်မခံရခင်အချိန်မှာ သူစိမ်အမျိုးသားနှစ်ယောက်ရဲ့ နောက်ယောင်ခံပြီး လိုက်လံရှာဖွေခြင်းကိုခံခဲ့ရသေးကြောင်း LGBT အတွက်လှုပ်ရှားဆောင်ရွက်ပေးသူ Pedro Julio Serrano က ရဲအရာရှိတွေကိုတိုင်ကြားထားခဲ့ပြီး လက်ရှိမှာတော့ သူမ အသတ်ခံရမှုအတွက် ရဲအရာရှိတွေက စစ်ဆေးနေလျက်ရှိပါတယ် ။

ထို့အပြင် Video တစ်ခုမှာကတော့ အမျိုးသားတစ်ဦးက သူမနောက်လိုက်ပြီးတော့ ” ငါတို့သူ့ကို သေနတ်နဲ့ပစ်သတ်ရအောင် ” ကျိန်းသေတယ် ငါသွားပြီးတော့ အဲ့ရဲ့ ***** ကိုသွားပစ်သတ်မယ် ” ဆိုပြီး သူမသေဆုံးခဲ့ရတဲ့အဖြစ်ရဲ့ သက်သေ video တွေပါရှိနေခဲ့တာပါ ။

ထို့အပြင် သူမကိုသတ်ပစ်ခဲ့သူမှာ အတော်လေးကို သဘောထားသေးသိမ်သူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ သူမဟာ လိင်ပြောင်အမျိုးသမီးဖြစ်ပေမဲ့လည်း အများနည်းတူ အိမ်မက်တွေ ၊ ဝါသနာတွေ ၊ ရည်မှန်းချက်တွေ ရှိတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် သူမက LGBT တစ်ယောက်ဖြစ်ရုံနဲ့ အသက်ဆုံးရှုံးရတာဟာ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိကြောင်း LGBT ဦးဆောင်လှုပ်ရှားသူများက ဖွင့်ဟပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment