ကိုယ့္ကိုေရစိုေအာင္ ေဆာ့လို႔ဆိုၿပီး 2ႏွစ္အရြယ္သမီးကို ေရနစ္သတ္ပစ္ခဲ့တဲ့မိခင္

Lin Li အမည္႐ွိတဲ့ အသက္ 28ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူမရဲ႕အသက္ 2ႏွစ္အရြယ္သမီးေလးက ကိုယ့္ကိုေရစိုေအာင္ လုပ္လို႔ဆိုၿပီး ေရနစ္သတ္ပစ္ခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ သူမဟာ Melody အမည္႐ွိတဲ့ သူမရဲ႕သမီးေလးကို ေရခ်ိဳးခန္းထဲသို႔ဆြဲေခၚသြားခဲ့ၿပီးေနာက္ သမီးေလးရဲ႕ေခါင္းကို ေရပံုးထဲနစ္ထည့္ပစ္ခဲ့ပါတယ္ ။ ထို႔အျပင္ သမီးျဖစ္သူ အသက္႐ွိေသးလားဆိုတာကိုေတာင္ မစစ္ေဆးဘဲ ေရခ်ိဳးခန္းထဲကေန ထြက္လာခဲ့ၿပီး ေနာက္မွ သမီးျဖစ္သူအသက္မ႐ွိေတာ့မွန္း သိခါမွ 911 ကို ဖုန္းဆက္ၿပီး အေၾကာင္းၾကားခဲ့ပါေတာ့တယ္ ။ အဆိုပါ အျဖစ္အပ်က္ျဖစ္ေနခ်ိန္မွာ Melody ရဲ႕ဖခင္ျဖစ္သူကေတာ့ အိပ္ေမာက်ေနခဲ့တာပါ ။

ရဲအရာ႐ွိေတြေရာက္လာခ်ိန္မွာေတာ့ သူမရဲ႕ခင္ပြန္းဟာ သမီးေလး အသက္ျပန္႐ႈလာေအာင္ႀကိဳးစားေနခဲ့ၿပီး ၊ သမီးေလးကို ေဆးရံုသို႔ေခၚေဆာင္သြားခဲ့ေပမဲ့လည္း သမီးေလးက အသက္မ႐ွိေတာ့ပါဘူး ။ ထို႔အျပင္ ေဆးစစ္ခ်က္မွာေတာ့ ကေလးငယ္ဟာ ေရနစ္ၿပီးေသဆံုးသြားခဲ့တာျဖစ္ေၾကာင္း ထြက္ေပၚလာခဲ့ပါေတာ့တယ္ ။ သူမရဲ႕ 2019 ခုႏွစ္က ထြက္ဆိုခ်က္မွာေတာ့ သမီးျဖစ္သူရဲ႕ေခါင္းကိုကိုင္ၿပီးေရနစ္သတ္ခဲ့ေၾကာင္း ျငင္းဆိုခဲ့ေပမဲ့လည္း 2016 ခုႏွစ္က သူမဝန္ခံထားခဲ့တဲ့ video ကေတာ့ ႐ွိေနတုန္းပါပဲ ။

သူမရဲ႕ျပစ္မႈအတြက္ အသနားခံခဲ့တာကေတာ့ ” မိခင္တစ္ေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ ၊ ကြၽန္မရဲ႕ကေလးေတြကို ေစာင့္ေ႐ွာက္ရမွာ ကြၽန္မတာဝန္ပါ ၊ ကြၽန္မရဲ႕သမီးေသဆံုးသြားခဲ့တဲ့အတြက္ ကြၽန္မအေတာ့္ကို ေနာင္တရပါတယ္ ၊ ကြၽန္မရဲ႕အမွားေၾကာင့္…သမီးေလးကို ဆံု႐ႈံးခဲ့ရလို႔ အေတာ္ေလးနာက်င္ခံစားရပါတယ္ ၊ ကြၽန္မကို ေထာင္ဒဏ္ ဘယ္ႏွစ္ႏွစ္ပဲခ်ခ်… ကြၽန္မလက္ခံပါ့မယ္ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။ သူမဟာ သားသမီးအေပၚ ထိခိုက္နာက်င္ေစခဲ့တဲ့ျပစ္မႈ 2ခု႐ွိခဲ့ၿပီး တစ္ခုမွာေတာ့ Melody မေသဆံုးခင္ ေ႐ွ႕တစ္ရက္က သူမရဲ႕ 4ႏွစ္အရြယ္သားေလးရဲ႕ ဦးေခါင္းကို ကိုင္ၿပီးေရနစ္ခဲ့ေသးလို႔ပါပဲ ။ ၿပီးခဲ့တဲ့ေန႔မွာပဲ သူမဟာ က်ဴ းလြန္ခဲ့တဲ့ ျပစ္မႈေတြအတြက္ ေထာင္ဒဏ္ 18 ႏွစ္ ခ်မွတ္ျခင္းခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Lin Li အမည်ရှိတဲ့ အသက် 28နှစ်အရွယ်အမျိုးသမီးဟာ သူမရဲ့အသက် 2နှစ်အရွယ်သမီးလေးက ကိုယ့်ကိုရေစိုအောင် လုပ်လို့ဆိုပြီး ရေနစ်သတ်ပစ်ခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ သူမဟာ Melody အမည်ရှိတဲ့ သူမရဲ့သမီးလေးကို ရေချိုးခန်းထဲသို့ဆွဲခေါ်သွားခဲ့ပြီးနောက် သမီးလေးရဲ့ခေါင်းကို ရေပုံးထဲနစ်ထည့်ပစ်ခဲ့ပါတယ် ။ ထို့အပြင် သမီးဖြစ်သူ အသက်ရှိသေးလားဆိုတာကိုတောင် မစစ်ဆေးဘဲ ရေချိုးခန်းထဲကနေ ထွက်လာခဲ့ပြီး နောက်မှ သမီးဖြစ်သူအသက်မရှိတော့မှန်း သိခါမှ 911 ကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတော့တယ် ။ အဆိုပါ အဖြစ်အပျက်ဖြစ်နေချိန်မှာ Melody ရဲ့ဖခင်ဖြစ်သူကတော့ အိပ်မောကျနေခဲ့တာပါ ။

ရဲအရာရှိတွေရောက်လာချိန်မှာတော့ သူမရဲ့ခင်ပွန်းဟာ သမီးလေး အသက်ပြန်ရှုလာအောင်ကြိုးစားနေခဲ့ပြီး ၊ သမီးလေးကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း သမီးလေးက အသက်မရှိတော့ပါဘူး ။ ထို့အပြင် ဆေးစစ်ချက်မှာတော့ ကလေးငယ်ဟာ ရေနစ်ပြီးသေဆုံးသွားခဲ့တာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပါတော့တယ် ။ သူမရဲ့ 2019 ခုနှစ်က ထွက်ဆိုချက်မှာတော့ သမီးဖြစ်သူရဲ့ခေါင်းကိုကိုင်ပြီးရေနစ်သတ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပေမဲ့လည်း 2016 ခုနှစ်က သူမဝန်ခံထားခဲ့တဲ့ video ကတော့ ရှိနေတုန်းပါပဲ ။

သူမရဲ့ပြစ်မှုအတွက် အသနားခံခဲ့တာကတော့ ” မိခင်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ၊ ကျွန်မရဲ့ကလေးတွေကို စောင့်ရှောက်ရမှာ ကျွန်မတာဝန်ပါ ၊ ကျွန်မရဲ့သမီးသေဆုံးသွားခဲ့တဲ့အတွက် ကျွန်မအတော့်ကို နောင်တရပါတယ် ၊ ကျွန်မရဲ့အမှားကြောင့်…သမီးလေးကို ဆုံရှုံးခဲ့ရလို့ အတော်လေးနာကျင်ခံစားရပါတယ် ၊ ကျွန်မကို ထောင်ဒဏ် ဘယ်နှစ်နှစ်ပဲချချ… ကျွန်မလက်ခံပါ့မယ် ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ သူမဟာ သားသမီးအပေါ် ထိခိုက်နာကျင်စေခဲ့တဲ့ပြစ်မှု 2ခုရှိခဲ့ပြီး တစ်ခုမှာတော့ Melody မသေဆုံးခင် ရှေ့တစ်ရက်က သူမရဲ့ 4နှစ်အရွယ်သားလေးရဲ့ ဦးခေါင်းကို ကိုင်ပြီးရေနစ်ခဲ့သေးလို့ပါပဲ ။ ပြီးခဲ့တဲ့နေ့မှာပဲ သူမဟာ ကျူ းလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် 18 နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment