လမ္းေဘးေၾကာင္ေလးေတြကို အျမဲေကြၽးေမြးႏိုင္ဖို႔ အခ်ိန္ပိုင္းသန္႔႐ွင္းေရးသမား အလုပ္ဝင္လုပ္ေနခဲ့ရတဲ့ အမ်ိဳးသား

Mohammad Azhar Alias အမည္႐ွိတဲ့ အသက္ 43 ႏွစ္အရြယ္အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ 2005 ခုႏွစ္ကတည္းက ဇနီးျဖစ္သူနဲ႔အတူ ကိတ္မုန္႔ေရာင္းခ်တဲ့ ကိုယ္ပိုင္စီးပြားေရးေလး စတင္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ၾကာလာေတာ့ စီးပြားေရးဟာ အဆင္မေျပလာေတာ့ဘဲ အပိုဝင္ေငြရေအာင္ သန္႔႐ွင္းေရးသမားအျဖစ္ အခ်ိန္ပိုင္းဝင္ေရာက္ အလုပ္လုပ္ကိုင္ခဲ့ရပါတယ္ ။ အဆိုပါ အခ်ိန္ပိုင္းအလုပ္ကိုေတာ့ ၿပီးခဲ့တဲ့ ႏွစ္ June လ ကတည္းက စတင္ၿပီး ဝင္ေရာက္လုပ္ကိုင္ေနခဲ့တာပါ ။

” ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္စီးပြားေရးကေန ႐ွာလို႔ရလာတဲ့ပိုက္ဆံကို အသံုးစရိတ္ေတြအတြက္ နဲ႔ အိမ္မွာ ေမြးထားတဲ့ ေၾကာင္ 18ေကာင္အတြက္ အသံုးျပဳျပီး အခ်ိန္ပိုင္းအလုပ္လုပ္လို႔ ရတဲ့ပိုက္ဆံကိုေတာ့ လမ္းေဘးမွာ႐ွိေနတဲ့ ေၾကာင္ေလးေတြရဲ႕ အစားအေသာက္စရိတ္အတြက္ အသံုးျပဳပါတယ္ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

ထို႔အျပင္ Azhar ဟာ တစ္ရက္ကို 3.5 kg အေလးခ်ိန္႐ွိတဲ့ ေၾကာင္အစာမ်ားကို ေန႔စဥ္ဝယ္ယူေနရၿပီး ၊ ဖ်ားနာေနတယ္ဆိုရင္ေတာင္မွ လမ္းေဘးမွာ႐ွိတဲ့ ေၾကာင္ေလးေတြအတြက္ အစာ ႏွင့္ ေရမ်ား ေန႔စဥ္မပ်က္သြားေရာက္ပို႔ေဆာင္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Mohammad Azhar Alias အမည်ရှိတဲ့ အသက် 43 နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ 2005 ခုနှစ်ကတည်းက ဇနီးဖြစ်သူနဲ့အတူ ကိတ်မုန့်ရောင်းချတဲ့ ကိုယ်ပိုင်စီးပွားရေးလေး စတင်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကြာလာတော့ စီးပွားရေးဟာ အဆင်မပြေလာတော့ဘဲ အပိုဝင်ငွေရအောင် သန့်ရှင်းရေးသမားအဖြစ် အချိန်ပိုင်းဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ရပါတယ် ။ အဆိုပါ အချိန်ပိုင်းအလုပ်ကိုတော့ ပြီးခဲ့တဲ့ နှစ် June လ ကတည်းက စတင်ပြီး ဝင်ရောက်လုပ်ကိုင်နေခဲ့တာပါ ။

” ကျွန်တော့်ရဲ့ ကိုယ်ပိုင်စီးပွားရေးကနေ ရှာလို့ရလာတဲ့ပိုက်ဆံကို အသုံးစရိတ်တွေအတွက် နဲ့ အိမ်မှာ မွေးထားတဲ့ ကြောင် 18ကောင်အတွက် အသုံးပြုပြီး အချိန်ပိုင်းအလုပ်လုပ်လို့ ရတဲ့ပိုက်ဆံကိုတော့ လမ်းဘေးမှာရှိနေတဲ့ ကြောင်လေးတွေရဲ့ အစားအသောက်စရိတ်အတွက် အသုံးပြုပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

ထို့အပြင် Azhar ဟာ တစ်ရက်ကို 3.5 kg အလေးချိန်ရှိတဲ့ ကြောင်အစာများကို နေ့စဉ်ဝယ်ယူနေရပြီး ၊ ဖျားနာနေတယ်ဆိုရင်တောင်မှ လမ်းဘေးမှာရှိတဲ့ ကြောင်လေးတွေအတွက် အစာ နှင့် ရေများ နေ့စဉ်မပျက်သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment