အစားအစာ႐ွားပါးျပတ္လပ္မႈကိုျဖစ္ေစမဲ့ က်ိဳင္းေကာင္အုပ္ႀကီးကိုႏိႈမ္နွင္းဖို႔ ဘဲတပ္သား 1သိန္းေစလႊတ္ေပးခဲ့တဲ့ တ႐ုတ္ျပည္ (႐ုပ္သံ)

အားလံုးသိၾကတဲ့အတိုင္းပါပဲ အာ႐ွေတာင္ဘက္ပိုင္းနဲ႔ အာဖရိကရဲ႕ အေ႐ွ႕ပိုင္း နဲ႔ အေ႐ွ႕အလယ္ပိုင္းေဒသတို႔ဟာ က်ိဳင္းေကာင္းအုပ္စုေတြရဲ႕ ေကာက္ပဲသီးႏွံေတြဖ်က္ဆီးစားေသာက္မႈေတြေၾကာင့္ ယခုအခ်ိန္မွာဆိုရင္ အစားအေသာက္ေတြျပတ္လပ္႐ွားပါးမႈေတြနဲ႔ၾကံဳေတြ႔ေနရပါၿပီ ။ အခုအခ်ိန္မွာေတာ့ ပါကစၥတန္ႏိုင္ငံအထိကို က်ိဳင္းေကာင္အုပ္စုေတြက ေရာက္႐ွိလာပါၿပီ ။ ကံေကာင္းစြာနဲ႔ပဲ ပါကစၥတန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေနခဲ့တဲ့အတြက္ တ႐ုတ္ႏိုင္ငံဘက္က က်ိဳင္းေကာင္ေတြကို ႏႈိမ္ႏွင္းေပးႏိုင္ဖို႔ ဘဲတပ္သားအေကာင္ေရ တစ္သိန္းခန္႔ေစလြတ္ေပးခဲ့ပါတယ္ ။

အဆိုပါ ဘဲတပ္သားေတြဟာ က်ိဳင္းေကာင္ကိုႏႈိမ္ႏွင္းရာမွာ ပိုးသတ္ေဆးေတြထက္ပိုၿပီး အက်ိဳးတက္ေရာက္မႈပို႐ွိေၾကာင္း ႏွင့္ ဘဲတစ္ေကာင္ဟာ တစ္ရက္ကို က်ိဳင္းေကာင္ 200 ခန္႔စားေသာက္ႏိုင္ေၾကာင္းလည္း သုေတသနပညာ႐ွင္မ်ားက ေျပာဆိုထားပါတယ္ ။ ထို႔အျပင္ က်ိဳင္းေကာင္ေတြကို ဘဲတပ္သားေတြက ဦးေဆာင္ၿပီးႏႈိမ္နင္းႏိုင္မည္ျဖစ္ေၾကာင္းလည္း အားလံုးက ယံုၾကည္ေနၾကပါတယ္ ။

ထို႔အျပင္ ပါကစၥတန္ႏိုင္ငံရဲ႕ အဓိကစိုက္ပ်ိဳးေျမေဒသေတြဟာလည္း အခါရာသီမဟုတ္မိုးရြာသြန္းျခင္းေတြနဲ႔ ၾကံဳေတြ႔ေနရတဲ့အျပင္ ၊ မ်ိဳးေစ့ေတြ ေလ်ာ့နဲ႔မႈ နဲ႔ က်ိဳင္းေကာင္ေတြက ဖ်က္ဆီးမယ့္ေကာက္ပဲသီးႏွံေတြနဲ႔ ခ်ိန္ဆလိုက္မယ္ဆိုရင္ ၎တို႔တိုင္းျပည္ရဲ႕ စီးပြားေရးမွာ အေတာ္ေလးကိုအက်ပ္အတည္းနဲ႔ ရင္ဆိုင္ရႏိုင္ဖြယ္႐ွိေနပါတယ္ ။ ဒါေၾကာင့္ ဘဲတပ္သားေတြက အေကာင္းဆံုး က်ိဳင္းေကာင္အုပ္စုျကီးကို ႏႈိမ္ႏွင္းႏိုင္မယ္လို႔ ေမ်ွာ္လင့္ရမွာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အားလုံးသိကြတဲ့အတိုင်းပါပဲ အာရှတောင်ဘက်ပိုင်းနဲ့ အာဖရိကရဲ့ အရှေ့ပိုင်း နဲ့ အရှေ့အလယ်ပိုင်းဒေသတို့ဟာ ကျိုင်းကောင်းအုပ်စုတွေရဲ့ ကောက်ပဲသီးနှံတွေဖျက်ဆီးစားသောက်မှုတွေကြောင့် ယခုအချိန်မှာဆိုရင် အစားအသောက်တွေပြတ်လပ်ရှားပါးမှုတွေနဲ့ကြုံတွေ့နေရပါပြီ ။ အခုအချိန်မှာတော့ ပါကစ္စတန်နိုင်ငံအထိကို ကျိုင်းကောင်အုပ်စုတွေက ရောက်ရှိလာပါပြီ ။ ကံကောင်းစွာနဲ့ပဲ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေခဲ့တဲ့အတွက် တရုတ်နိုင်ငံဘက်က ကျိုင်းကောင်တွေကို နှိုမ်နှင်းပေးနိုင်ဖို့ ဘဲတပ်သားအကောင်ရေ တစ်သိန်းခန့်စေလွတ်ပေးခဲ့ပါတယ် ။

အဆိုပါ ဘဲတပ်သားတွေဟာ ကျိုင်းကောင်ကိုနှိုမ်နှင်းရာမှာ ပိုးသတ်ဆေးတွေထက်ပိုပြီး အကျိုးတက်ရောက်မှုပိုရှိကြောင်း နှင့် ဘဲတစ်ကောင်ဟာ တစ်ရက်ကို ကျိုင်းကောင် 200 ခန့်စားသောက်နိုင်ကြောင်းလည်း သုတေသနပညာရှင်များက ပြောဆိုထားပါတယ် ။ ထို့အပြင် ကျိုင်းကောင်တွေကို ဘဲတပ်သားတွေက ဦးဆောင်ပြီးနှိုမ်နင်းနိုင်မည်ဖြစ်ကြောင်းလည်း အားလုံးက ယုံကြည်နေကြပါတယ် ။

ထို့အပြင် ပါကစ္စတန်နိုင်ငံရဲ့ အဓိကစိုက်ပျိုးမြေဒေသတွေဟာလည်း အခါရာသီမဟုတ်မိုးရွာသွန်းခြင်းတွေနဲ့ ကြုံတွေ့နေရတဲ့အပြင် ၊ မျိုးစေ့တွေ လျော့နဲ့မှု နဲ့ ကျိုင်းကောင်တွေက ဖျက်ဆီးမယ့်ကောက်ပဲသီးနှံတွေနဲ့ ချိန်ဆလိုက်မယ်ဆိုရင် ၎င်းတို့တိုင်းပြည်ရဲ့ စီးပွားရေးမှာ အတော်လေးကိုအကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိနေပါတယ် ။ ဒါကြောင့် ဘဲတပ်သားတွေက အကောင်းဆုံး ကျိုင်းကောင်အုပ်စုကြီးကို နှိုမ်နှင်းနိုင်မယ်လို့ မျှော်လင့်ရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment