27 နှစ်အရွယ်မိန်းကလေးကို ကိုယ်ဝန်ရစေခဲ့လို့ လက်ထပ်လိုက်ရတဲ့ 103နှစ်အရွယ် အဘိုးအို(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက်အရွယ်ဆိုတာ အချို့သောသူတွေအတွက်ကတော့ ကိန်းဂဏန်းတစ်ခုလိုပါပဲ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံက Anna Nicole Smith အမည်ရှိတဲ့ အသက် 103 နှစ်အရွယ်အဘိုးအိုဟာ မထင်မှတ်ဘဲ မိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး ကိုယ်ဝန်ရအောင် လုပ်ဆောင်ခဲ့မိပါတယ် ။ အဆိုပါမိန်းကလေးက သူမရဲ့ရည်စားဟောင်းက သူမအပေါ်လိမ်ညာလှည့်စားနေခဲ့တာကိုရိပ်မိပြီးနောက် အသည်းကွဲနေခဲ့တဲ့အချိန်မှာ အဘိုး Anna နဲ့ ရင်းနှီးသွားခဲ့တာပါ ။ သူမကိုနှစ်သိမ့်ပေးခဲ့ရင်း နဲ့ သူမဟာ အဘိုး Anna ရဲ့ဘဝအတွေ့အကြုံတွေ ၊ ဗဟုသုတတွေကို လေးစားသွားခဲ့ပြီး အဘိုး Anna ကိုဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် မြင်လာခဲ့ပါတော့တယ် ။ သူမတို့ဟာ အတော်လေး ရင်းနှီးသွားခဲ့ပြီးနောက် မကြာခင်မှာပဲ အဘိုး Anna ရဲ့ကိုယ်ဝန်ဆောင်နေခဲ့ရတာကို သူမသတိထားမိခဲ့ပါတော့တယ် ။

သေချာတာကတော့ အသက် 103 နှစ်အရွယ် အဘိုးအိုက မမွေးသေးတဲ့ကလေးတစ်ယောက်ရဲ့ ဖခင်ဆိုတာပါပဲ ။ အဘိုး Anna ဟာ သူ့ရဲ့ဇနီးငယ်ငယ်ချောချောလေးကို ငယ်ရွယ်စဉ်အခါကတည်းက တွေ့မြင်နေခဲ့ရတာပါ ။ မိသားစုတွေကလည်း အတော်လေးရင်းနှီးကြပြီး နေအိမ်မှာပွဲလုပ်တဲ့အချိန်တိုင်း အဘိုးအိုကို သူမတို့မိသားစုက အမြဲဖိတ်ကြားလေ့ရှိပါတယ် ။

မိန်းကလေးဟာ အိမ်ထောင်ကျဖူးသူဖြစ်ပြီး အရင်အိမ်ထောင်တုန်းကတော့ ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်ရအောင် သူမကိုအမြဲရိုက်နှက်နှိပ်စက်လေ့ရှိပါတယ် ။ ယခုအိမ်ထောင်နဲ့တော့ သူမအတော်လေးကို အဆင်ပြေပျော်ရွှင်နေရပြီး ၊ လူအများစုကတော့ အသက် 103 နှစ်အရွယ်အဘိုးအိုက ဘယ်လိုလုပ်ပြီး မိန်းမငယ်လေးကို ကိုယ်ဝန်ရစေတာလဲဆိုပြီး အတော်လေးကို သိချင်နေကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment