ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်လူနာကို ပစ်သတ်ခဲ့ကြောင်း မြောက်ကိုးရီးယား အတည်ပြုခဲ့




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က မြောက်ကိုးရီးယားကအရာရှိတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ သီးသန့်ခွဲခြားနေထိုင်ခိုင်းခဲ့ပေမဲ့လည်း အများသုံးရေချိုခန်းကို အသုံးပြုခဲ့လို့ သေနတ်နဲ့ပစ်သတ်ခြင်းခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ၎င်းတို့ရဲ့မြောက်ကိုးရီးယားနိုင်ငံရဲ့ ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ်လူနာမှာတော့ မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်းရဲ့ အမိန့်အရ သေနတ်နဲ့ပစ်သတ်ခြင်းခံခဲ့ရပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ မည်သူမှမသိရှိနိုင်လောက်အောင် ဖုံးဖိထားခြင်းခံခဲ့ရတာပါ ။

သို့ပေမဲ့လည်း အဆိုပါသတင်းကိုတော့ Secret Beijing ဆိုတော့ လျှို့ဝှက်အဖွဲ့ကဖော်ထုတ်ခဲ့တာဖြစ်ပြီး လူနာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အပေါင်းလက္ခဏာပြတာနဲ့ချက်ချင်း အဆိုပါနေရာမှာတင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

ထို့အပြင် မြောက်ကိုးရီးယားနိုင်ငံဟာ ယခုအချိန်မှာတော့ တရုတ်နိုင်ငံနှင့် ကုန်ကူးသန်းဆက်သွယ်မှုကို ပိတ်ပစ်ခဲ့တဲ့အပြင် ၊ ယခုအချိန်ထိ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်လူနာ လုံးဝမရှိသေးကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment