ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီလို႔ေတြးထင္ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေတာင္ကိုးရီးယားအမ်ိဳးသမီး

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈဟာ ယခုအခ်ိန္မွာ ႏိုင္ငံအေတာ္မ်ားမ်ားပ်ံ့ႏွံ႔လာေနလ်က္႐ွိၿပီး ၊ အထူးသျဖင့္ ကိုးရီးယားႏိုင္ငံမွာပါ အနီေရာင္အဆင့္အထိသတ္မွတ္ခံထားရၿပီး ေရာဂါကူးစက္မႈအျဖစ္မ်ားေနလ်က္႐ွိပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ အင္ဒိုနီး႐ွားႏိုင္ငံမွာ ေနထိုင္ေနလ်က္႐ွိတဲ့ ေတာင္းကိုးရီးယားအမ်ိဳးသမီးတစ္ေယာက္ဟာ သူမကိုယ္သူမ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရၿပီလို႔ေတြးထင္ၿပီး ၊ လံုးဝသက္သာမေပ်ာက္ကင္းႏိုင္ေတာ့ဘူးလို႔ ေတြးထင္မိခဲ့ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ သူမဟာ အသက္ 57 ႏွစ္အရြယ္ JEH အမည္႐ွိတဲ့ အမ်ိဳးသမီးျဖစ္ၿပီး ၿပီးခဲ့တဲ့ Feb 23 ရက္ေန႔က ဟိုတယ္ခန္းထဲမွာဆြဲႀကိဳးခ်လ်က္သားနဲ႔ ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။ သူမရဲ႕ ႐ုပ္အေလာင္းကို စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံထားရမႈ႐ွိမေနဘဲ ၊ အႏုတ္လကၡဏာသာ ျပလ်က္႐ွိေနပါတယ္ ။

JEH ဟာ အင္ဒိုနီး႐ွားႏိုင္ငံ Klaten မွာ႐ွိတဲ့ ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ကိုင္ေနလ်က္႐ွိၿပီး ၊ သူမ မေသဆံုးခင္အခ်ိန္က သူမဟာ တ႐ုတ္ႏိုင္ငံ ႏွင့္ ကိုးရီးယားႏိုင္ငံသို႔ အလည္သြားေရာက္ခဲ့ၿပီးေနာက္ Feb 16 ရက္ေန႔ကမွ အင္ဒိုနီး႐ွားႏိုင္ငံသို႔ ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ သူမဟာ လည္ေခ်ာင္းနာေနတယ္ဆိုၿပီးေတာ့လည္း ညည္းညဴ ေနခဲ့ပါေသးတယ္ ။

သူမကိုေတာ့ ဟိုတယ္ဝန္ထမ္းမ်ားက အခန္းထဲကေန တေနကုန္ထြက္မလာလို႔ စိတ္သကာၤမကင္းျဖစ္ၿပီး သူမရဲ႕အခန္းဆီသို႔ အႀကိမ္ေပါင္းမ်ားစြာသြားေရာက္ေခၚေပမဲ့လည္း အေၾကာင္းျပန္ျခင္းမ႐ွိေတာ့ဘဲ အခန္းတံခါးေသာ့ခတ္ထားခဲ့တဲ့အတြက္ အခန္းေသာ့ဖ်က္ၿပီး ဝင္ေရာက္စစ္ေဆးခဲ့ခ်ိန္မွာမွ သူမကိုႀကိဳးဆြဲခ်ၿပီး အဆံုးစီရင္သြားခဲ့မွန္း ေတြ႔႐ွိခဲ့ၾကတာျဖစ္ပါတယ္ ။ သူမရဲ႕ ႐ုပ္အေလာင္းကိုေတာ့ မီးသျဂႋဳဟ္ခဲ့ၿပီး ၊ အ႐ိုးျပာအိုးကိုေတာ့ သူမရဲ႕ေဆြးမ်ိဳး႐ွိရာ ေတာင္ကိုးရီးယားႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ယခုအချိန်မှာ နိုင်ငံအတော်များများပျံ့နှံ့လာနေလျက်ရှိပြီး ၊ အထူးသဖြင့် ကိုးရီးယားနိုင်ငံမှာပါ အနီရောင်အဆင့်အထိသတ်မှတ်ခံထားရပြီး ရောဂါကူးစက်မှုအဖြစ်များနေလျက်ရှိပါတယ် ။ ကံဆိုးစွာနဲ့ပဲ အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်နေလျက်ရှိတဲ့ တောင်းကိုးရီးယားအမျိုးသမီးတစ်ယောက်ဟာ သူမကိုယ်သူမ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီလို့တွေးထင်ပြီး ၊ လုံးဝသက်သာမပျောက်ကင်းနိုင်တော့ဘူးလို့ တွေးထင်မိခဲ့ပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ သူမဟာ အသက် 57 နှစ်အရွယ် JEH အမည်ရှိတဲ့ အမျိုးသမီးဖြစ်ပြီး ပြီးခဲ့တဲ့ Feb 23 ရက်နေ့က ဟိုတယ်ခန်းထဲမှာဆွဲကြိုးချလျက်သားနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သူမရဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့ချိန်မှာတော့ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရမှုရှိမနေဘဲ ၊ အနုတ်လက္ခဏာသာ ပြလျက်ရှိနေပါတယ် ။

JEH ဟာ အင်ဒိုနီးရှားနိုင်ငံ Klaten မှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေလျက်ရှိပြီး ၊ သူမ မသေဆုံးခင်အချိန်က သူမဟာ တရုတ်နိုင်ငံ နှင့် ကိုးရီးယားနိုင်ငံသို့ အလည်သွားရောက်ခဲ့ပြီးနောက် Feb 16 ရက်နေ့ကမှ အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သူမဟာ လည်ချောင်းနာနေတယ်ဆိုပြီးတော့လည်း ညည်းညူ နေခဲ့ပါသေးတယ် ။

သူမကိုတော့ ဟိုတယ်ဝန်ထမ်းများက အခန်းထဲကနေ တနေကုန်ထွက်မလာလို့ စိတ်သကာၤမကင်းဖြစ်ပြီး သူမရဲ့အခန်းဆီသို့ အကြိမ်ပေါင်းများစွာသွားရောက်ခေါ်ပေမဲ့လည်း အကြောင်းပြန်ခြင်းမရှိတော့ဘဲ အခန်းတံခါးသော့ခတ်ထားခဲ့တဲ့အတွက် အခန်းသော့ဖျက်ပြီး ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာမှ သူမကိုကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့မှန်း တွေ့ရှိခဲ့ကြတာဖြစ်ပါတယ် ။ သူမရဲ့ ရုပ်အလောင်းကိုတော့ မီးသင်္ဂြိုဟ်ခဲ့ပြီး ၊ အရိုးပြာအိုးကိုတော့ သူမရဲ့ဆွေးမျိုးရှိရာ တောင်ကိုးရီးယားနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment