မိသားစုအတြက္ ေျခကုန္လက္ပန္းက်တဲ့အထိေရခဲေခ်ာင္းေရာင္းေနခဲ့လို႔ ဆိုင္ကယ္ေပၚမွာတင္ ေသဆံုးသြားခဲ့တဲ့ ဖခင္

ၳဖခင္ဆိုတာက ငါ့ရဲ႕မိသားစုဝင္ေတြ အဆင္ေျပစြာေနထိုင္ဖို႔အတြက္ ခက္ခဲစြာႀကိဳးစား႐ုန္းကန္ၿပီး အလုပ္လုပ္ေနခဲ့ၾကတဲ့အျပင္ ၊ သူတို႔ခံစားေနရတဲ့ ေဝဒနာေတြကို ထုတ္မျပပဲ မိသားစုဝင္ေတြအတြက္ ရဲရင့္ျခင္း နဲ႔ အျပံဳးပန္းေတြကို မ်က္ႏွာေပၚမွာ အျမဲဆင္ျမန္းထားသူလည္း ျဖစ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံ မွာေနထိုင္တဲ့ အသက္ 66ႏွစ္အရြယ္ ၊ Misyanto အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕ ေရခဲေခ်ာင္းေရာင္းေနတဲ့ဆိုင္ကယ္ေပၚမွာတင္ ေသဆံုးသြားခဲ့ပါတယ္ ။

ျဖစ္စဥ္ကေတာ့ Suwoco အမည္႐ွိတဲ့ ကားသမားတစ္ဦးဟာ လမ္းလည္မွာပိတ္ရပ္ေနခဲ့တဲ့ Misyanto ရဲ႕ဆိုင္ကယ္ေၾကာင့္ လမ္းျဖတ္မကူးႏိုင္ဘဲ ျဖစ္ေနခဲ့ရပါတယ္ ။ ထို႔အျပင္ Misyanto ရဲ႕ ဦးေခါင္းဟာ ဆိုင္ကယ္ရဲ႕လက္ကိုင္ေပၚကို မွီၿပီး ၊ ဆိုင္ကယ္ကို ရပ္ထားသလိုျဖစ္ေနခဲ့တဲ့အတြက္ ကားဟြန္းတီးကာအခ်က္ျပ ေနခဲ့ေပမဲ့ Misyanto က နဲနဲေလးေတာင္ မလႈပ္႐ွားလာခဲ့ပါဘူး ။ ထို႔ေၾကာင့္ ကားဆရာလည္း တစ္ခုခုျဖစ္ေနၿပီဆိုၿပီး စိတ္ထင္ကာ ဆိုင္ကယ္ဆီသို႔အနီးကပ္လာေရာက္ၾကည့္႐ႈေတာ့မွ အသက္မဲ့ေနၿပီျဖစ္တဲ့ Misyanto ကိုေတြ႔႐ွိခဲ့ပါေတာ့တယ္ ။ Misyanto ဟာ အလုပ္ေတြကို အလြန္အကြၽံျပဳလုပ္ၿပီး အားအင္ကုန္ခမ္းပင္ပန္းေနတာကို ဂ႐ုမစိုက္မိေတာ့ဘဲ ေရခဲေခ်ာင္းေတြသာ ဆက္တိုက္ေရာင္းေနခဲ့လို႔ ေသဆံုခဲ့ရတာျဖစ္ေၾကာင္း မိသားစုဝင္ေတြက သံုးသပ္ခဲ့ပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ စစ္ေဆးခ်က္အရ Misyanto ရဲ႕ ခႏၶာကိုယ္အျပင္ဖက္ဟာ အျခားထိခိုက္ဒဏ္ရာမ်ား ရ႐ွိျခင္းမ်ိဳး လံုးဝမေတြ႔႐ွိခဲ့ရေၾကာင္း အေျဖထုတ္ခဲ့ၾကပါတယ္ ။ မိသားစုဝင္ေတြကေတာ့ Misyanto ရဲ႕ ႐ုပ္အေလာင္းခြဲစိတ္မႈကို မျပဳလုပ္ခ်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ Misyanto ဟာ အျမဲ ေခါင္းကိုက္ျခင္း နဲ႔ အသက္႐ႈရခက္ခဲျခင္းတို႔ကို မိသားစုဝင္ထံ အျမဲညည္းညဴ ေလ့႐ွိၿပီး ၊ ေရခဲေခ်ာင္းကိုသာ အျမဲမပ်က္ေရာင္းခ်ေနခဲ့လို႔ ယခုလိုေသဆံုးခဲ့ရတာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

္ထဖခင်ဆိုတာက ငါ့ရဲ့မိသားစုဝင်တွေ အဆင်ပြေစွာနေထိုင်ဖို့အတွက် ခက်ခဲစွာကြိုးစားရုန်းကန်ပြီး အလုပ်လုပ်နေခဲ့ကြတဲ့အပြင် ၊ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို ထုတ်မပြပဲ မိသားစုဝင်တွေအတွက် ရဲရင့်ခြင်း နဲ့ အပြုံးပန်းတွေကို မျက်နှာပေါ်မှာ အမြဲဆင်မြန်းထားသူလည်း ဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ မှာနေထိုင်တဲ့ အသက် 66နှစ်အရွယ် ၊ Misyanto အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ ရေခဲချောင်းရောင်းနေတဲ့ဆိုင်ကယ်ပေါ်မှာတင် သေဆုံးသွားခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ Suwoco အမည်ရှိတဲ့ ကားသမားတစ်ဦးဟာ လမ်းလည်မှာပိတ်ရပ်နေခဲ့တဲ့ Misyanto ရဲ့ဆိုင်ကယ်ကြောင့် လမ်းဖြတ်မကူးနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ် ။ ထို့အပြင် Misyanto ရဲ့ ဦးခေါင်းဟာ ဆိုင်ကယ်ရဲ့လက်ကိုင်ပေါ်ကို မှီပြီး ၊ ဆိုင်ကယ်ကို ရပ်ထားသလိုဖြစ်နေခဲ့တဲ့အတွက် ကားဟွန်းတီးကာအချက်ပြ နေခဲ့ပေမဲ့ Misyanto က နဲနဲလေးတောင် မလှုပ်ရှားလာခဲ့ပါဘူး ။ ထို့ကြောင့် ကားဆရာလည်း တစ်ခုခုဖြစ်နေပြီဆိုပြီး စိတ်ထင်ကာ ဆိုင်ကယ်ဆီသို့အနီးကပ်လာရောက်ကြည့်ရှုတော့မှ အသက်မဲ့နေပြီဖြစ်တဲ့ Misyanto ကိုတွေ့ရှိခဲ့ပါတော့တယ် ။ Misyanto ဟာ အလုပ်တွေကို အလွန်အကျွံပြုလုပ်ပြီး အားအင်ကုန်ခမ်းပင်ပန်းနေတာကို ဂရုမစိုက်မိတော့ဘဲ ရေခဲချောင်းတွေသာ ဆက်တိုက်ရောင်းနေခဲ့လို့ သေဆုံခဲ့ရတာဖြစ်ကြောင်း မိသားစုဝင်တွေက သုံးသပ်ခဲ့ပါတယ် ။

ရဲအရာရှိတွေရဲ့ စစ်ဆေးချက်အရ Misyanto ရဲ့ ခန္ဓာကိုယ်အပြင်ဖက်ဟာ အခြားထိခိုက်ဒဏ်ရာများ ရရှိခြင်းမျိုး လုံးဝမတွေ့ရှိခဲ့ရကြောင်း အဖြေထုတ်ခဲ့ကြပါတယ် ။ မိသားစုဝင်တွေကတော့ Misyanto ရဲ့ ရုပ်အလောင်းခွဲစိတ်မှုကို မပြုလုပ်ချင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် Misyanto ဟာ အမြဲ ခေါင်းကိုက်ခြင်း နဲ့ အသက်ရှုရခက်ခဲခြင်းတို့ကို မိသားစုဝင်ထံ အမြဲညည်းညူ လေ့ရှိပြီး ၊ ရေခဲချောင်းကိုသာ အမြဲမပျက်ရောင်းချနေခဲ့လို့ ယခုလိုသေဆုံးခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment